Powered By Blogger

Saturday, October 31, 2015

ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ....




ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ....

တစ်ခါတစ်လေ ရီးစားဦးကို အတော်သတိရတယ်..
သတိရတဲ့ အချိန်မျိုးဆို လွမ်းစရာလဲကောင်းတယ်..
မကျေနပ်စရာလဲကောင်းတယ်...

လွမ်းစရာကောင်းတာကတော့  ဘာညာသာရကာလေးတွေအကြောင်းပေါ့ 
မကျေနပ်စရာကောင်းတာက ရီးစားဦးကို မဟုတ်ဘူး..
ရီးစားဦးဆိုတာ လွမ်းစရာပဲကောင်းရတာ..စိတ်နာစရာတွေရှိခဲ့ ရင်တောင် စိတ်မနာရက်ဖူး...ငိငိ
မကျေနပ်ဖူးဆိုတာက.ခေတ်ကို......

အဲ့ ခေတ်က ရီးစားဖြစ်ဖို့ ကလဲ ခက်သလို ရီးစားဖြစ်ပြန်တော့ လဲ ရီးစားနဲ့ ချိတ်ဆက်ရတာ သိပ်ခက်တယ်.
..ပြီးတော့ အမှတ်တရလေးပါဆိုပြီး ဓါတ်ပုံတစ်ပုံရဖို့ တို့  ရိုက်ဖို့ တို့ ဆိုတာလည်း ခက်မှခက်..

အများအားဖြင့်  စာပေစာယူ ရီးစားဘ၀လေးပေါ့ ...စာရွက်နဲ့ ဆို အိမ်က မိမှာမှာစိုးလို့  ဗလာစာအုပ်ထဲ အပြန်အလှန်ရေးရတာ...
စာအုပ်ချင်း ဖလှယ်ရတဲ့  ခေတ်ပေါ့ လေ...အဲ့ စာအုပ်လေးထဲလဲ ဖြတ်ညှပ်ကပ်တွေဆိုတာ တစ်ပုံကြီးပဲ....
အဲ့ စာအုပ်ကို ဖွက်ရတာကလဲ ရတနာသိုက်ကြီး ဖွက်ရသလိုပဲ အသည်းအသန်ကျလွန်းလှတယ်..မိသွားမှာ
စိုးတဲ့ စိတ်တပူပူက ရင်တခုန်ခုန်နဲ့  တစ်မျိုးတော့ လဲ အရသာရှိသား အဲ့ အရသာလေးကလဲ လွမ်းစရာ.....ငိငိ

ဓါတ်ပုံလေးတစ်ပုံ ရီးစားဦးဆီက တောင်းရတာ ကျားဖျင်ပြေးနှိုက်ရတာမှ လွယ်ဦးမယ်. ခက်ခဲချက်က..
ရီးစားဦးကလည်း ရှိဦးတောင် မူနေတာမျိုးထက် လူသိသွားမှာ အိမ်ကသိသွားမှာသေလုအောင်ကြောက်တော့  မပေးရဲ...

အငှိ အငှိ...
ခုတော့ ....လပြည့် ဝန်းကြီးသာ မော့ မော့ ကြည့် ပြီး ရီးစားဦးရဲ့  မျက်နှာတော်လေး စိတ်ကူးအာရုံထဲမှာပုံဖေါ်ကြည့် ရင်း .
တစ်ခါတစ်လေ လွမ်းကြည့် ရတယ်..

ရီးစားဦးနဲ့  ပြန်လည်းဆုံကြည့် ချင်တယ် ဆုံမှာလည်း ကြောက်စ်...
ခုနေများဆို...ဘယ်ကိုများရောက်နေပါလိမ့် ပေါ့ ..အရင်လိုပဲ လွတ်နေဆဲ လွမ်းနေမြဲလေလား..
တစ်ပြုံကြီးနဲ့  ခင်သန္တာသက်ချိုပြုံးကြီးများဖြစ်နေလေလျော့ မလားလို့ တွေးမိတဲ့ အခါ....အမငီး...လန့် စ်...ခ်ခ်...

ဒါပေပမယ့်  ရီးစားဦးဆိုတာ ရီးစားဦးပါပဲလေ..နော် မနှင်းဆီ......ငိငိ   :P =D

====================================

တစ်ခါကပေါ့  ..
သူက ကျနော့် ကို ကိုသီ လို့ ခေါ်တတ်ပြီး ကျနော်က သူ ကို နီ လို့ ခေါ်ခဲ့ တဲ့ သူလေးတစ်ယောက် ရှိခဲ့ တယ်...

ကျနော်က မဲမဲသဲသဲ ကလန်ကလားဆန်ပြီး သူလေးက အဖြုနွယ်ရွှေရောင်လင်း နဲ့  ညှက်သွယ်လေးဖြစ်နေလို့ ကျီးကန်း ဘဲဥချီလာသလိုလို စာကလေးကို အမြှောက်နဲ့ ပစ်တော့ မလိုလို ၀ိုင်းစတာခံရတယ်....ဒါပေမယ့်  အစခံနေရတာကိုပဲ အသိအမှတ် အပြုခံနေရသလိုလိုမျိုးမို့  ပျော်တာပေါ့ အမေရယ်ပေါ့ လေ...

ပုဏ္ဏမီသူ နဲ့ အနောက်ပိုင်းသား ဘာမှ မဆိုင်ဘူးလို့ ထင်ရတဲ့  အရပ်ကသူ နှစ်ဦး ရာသီတော်ထူးလို့ ရောက်ခဲ့ ရတဲ့  လှိုင်နယ်မြေကျောင်းတော်ရာ တစ်ကွေ့ မှာ နှစ်ယောက်သား ဆုံဆည်းခဲ့ ကြတဲ့  ကာလချိုလေးတွေက ဟောင်းမသွားခဲ့ တဲ့  လွမ်းစရာ့ အတိတ်ဟောင်း...တစ်ခါတုန်းက တက္ကသိုလ်မှာဆိုသလိုပါပဲလေ...

ရာသီ အခါမီ ပန်းသီတဲ့  သံယောဇဉ်ဖြစ် ရင်တွင်းက အမှတ်တရ မှတ်မှတ်ရရ ဖြစ်ခဲ့ ရတဲ့ အကြောင်းတွေထဲမှာ ..လ၀ါဆိုကုန်လို့  ပွဲတော်တွေ တန်းစီ ရှိလာရင်းက ရေကျော် သီတင်းကျွတ်မှာ ပထမဆုံး အပြင်လမ်းမှာဆုံကြရအောင်လို့  ချိန်းမိကြတဲ့  လပြည့် ညပေါ့ ....

ချစ်ခြင်းတရားရဲ့  သဘောတရားတွေက တစ်ခါတစ်လေ လွယ်ပါဘူး..ရင်ဆိုင်တွေ့ တော့ ဖင်ထိုင်မေ့ ..မရဲပဲ ကျွဲပြဲ စီးမိသူလေလား. သူ့ မျက်နှာလေး စိတ်ထားတော် အလိုမကျ မျက်ထားတော်သို လပြည်ဝန်း နဲ့ အပြိုင်း ၀င်းပနေတဲ့  သူ့ မျက်နှာတော် ရွှေအလင်းလေး အိုသွားမှာကို တွေးကြောက်မိလေသလား မပြောတတ်...

လပြည့် ညမှာ ပွဲဈေးတန်း ခဏခိုးတွေ့  သူ့ လက်ကလေး ဖမ်းဆုတ်ကြည့် ဖို့ တောင်  စွန့် စား အားထည့် ရတာ အာစေးတွေခြောက် ခြေဖျားတွေအေး...ဇောချွေးတွေ ပျံလာတာက .အမှတ်တရ ည  မှတ်မှတ်ရရ  ဘ၀တာ အလွမ်းဖြစ်ခဲ့ ရတဲ့ လပြည့် ည......

တစ်ခါကပေါ့  ..
သူက ကျနော့် ကို ကိုသီ လို့ ခေါ်တတ်ပြီး ကျနော်က သူ ကို နီ လို့ ခေါ်ခဲ့ တဲ့ သူလေးတစ်ယောက် ရှိခဲ့ တယ်...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..