'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, October 27, 2015
ဧတေနသစ္စ၀ဇ္ဇေန...
ဧတေနသစ္စ၀ဇ္ဇေန...
---
ကျနော့် ရဲ့ ဘ၀ခရီးတစ်လျှောက်မှာ အဓိက က အတွေးအခေါ်တွေက အရင်ဦးဆောင်ပြီး ဖြတ်သန်းလာခဲ့ တာများတယ်...နဂိုစိတ်အခံကိုက တစ်စုံတစ်ရာရဲ့ လောင်းရိပ်အောက်မှာ နေရမှာကို မကြိုက်သလို
တစ်ယောက်ယောက်ရဲ့  သစ္စာတော်ခံဘ၀ဖြစ်နေမှာကိုလည်း မကြိုက်တတ်ဘူး...ကိုယ်လုပ်သမျှ ကိုယ့် လွတ်လပ်တဲ စိတ်အခြေခံနဲ့ ပဲ လုပ်ချင်တယ် ပြီးတော့  ကိုယ့်  ပါးစပ်နဲ့ ကိုယ် ကိုယ့် အပြုအမူနဲ့ ကိုယ် ကိုယ့် ဘ၀ ချောင်ပိတ်နေမှာမျိုးကို မဖြစ်ချင်ဘူး..အဲ့ ဒီ့စိတ်ကနေ ဖြစ်လာတဲ့  ဘ၀ခရီးဖြတ်သန်းမှု့ စတိုင်က တစ်ခုခုလှုပ်ရှားတိုင်း ကိုယ့် ဘ၀ကိုယ် ကိုယ့် ဟာကိုယ် ပြန်ချည်နှောင်နေတာမျိုး ဖြစ်မဖြစ် ဖရီးဖြစ်မဖြစ် အရင်ချက်ကင်ဝင်တတ်တဲ့  အလေ့ ဖြစ်လာတယ်...အနှောင်အဖွဲ့ သဘောကို မကြိုက်တဲ့ ဖီလင်ပေါ့ 
စတိတ်ကျောင်းတုန်းကတောင် ကျောင်းကောင်းစီဖြစ်လာတုန်းက သစ္စာဓိဌာန်တွေ ဆိုတုန်းကတော့  အများလိုပဲ ပေါ်လစီသဘောမို့  အလေးအနက်မရှိပါဘူး ဟေးလားဝါးလားပေါ့  ..ဘ၀ထဲကိုရောက်လာတော့  တစ်ချို့ ကိစ္စတွေမှာ သစ္စာသဘောတွေက ဟေးလားဝါးလားလုပ်ဖို့  မလွယ်လှတော့ ဘူး..
လူသိရှင်ကြားဆိုမိတဲ့  သစ္စာကို သစ္စာပျက်မှု့ သဘောဟာဘ၀မကူးခင်ကို ကိုယ့် စိတ်ကိုကိုယ် မလုံစေဘူး...စိတ်မလုံသူရဲ့  စိတ်သတ္တိကလဲ စိတ်ခွန်အားကို လျော့ ကျစေတယ်...စိတ်ခွန်အားဆိုတာ လိုတာမရ ရတာမလိုလို့  ဖြစ်လာတတ်တဲ့  ထပေါက်ကွဲတတ်တဲ့  စိတ်ဒေါသနဲ့ မတူဘူး လောကီလောကုတ် သဘာဝဓမ္မ မှန်ကန်ခြင်းပေါ်မှာ တည်ဆောက်ထားတဲ့  စိတ်သတ္တိပဲ....
ဒီတော့  လောကီပညာလိုင်းဖက်ရောက်လာတော့  သစ္စာပါတဲ့  အချုပ်တွေပါတဲ့  ဘာလောကီပညာကိုမှ တပည့် ခံ မယူတော့ ဘူး...ဒီမဟာဘုတ်ဆရာ ၂ ယောက်နဲ့ ကံပါလို့ ဆုံလို့ 
တပည့် ခံမိတာတောင် အဓိက က ဘာသစ္စာမှ ဆိုရတာ ဘာမလုပ်ရ ညာမလုပ်ရတွေ နဲ့  ဂိုဏ်းတစ်ခုလို့  ဘာစည်းကမ်းကလနားမှ ဟုတ်တိပတ်တိမရှိလို့ ပဲ...ဆရာ ၂ ယောက် သတိပေးတတ်တာက သဘာဝဓမ္မသဘောလောကရဲ့  ကျေးဇူးတရားဓမ္မ သဘောလောက်ပဲ ပေါ့ ပေါ့ ပါးပါးပြောသွားလို့ ပဲ...အချုပ်သဘောကတော့ သဘာဝဓမ္မအတိုင်းပဲ ကိုယ် အပြုအမူအတွက် ကိုယ့် မှာပဲ တာဝန်ရှိတယ်...ဒါလေးပဲ...အဲ့ ဒီလို ဖရီးဖြစ်လို့  ပေါ်တင် တပည့် ခံမိသွားတာမျိုး...
ဖရီးတိုက်နဲ့  ဘ၀ခရီးကို ဖြတ်လာ စာတွေဖတ်ရင်း က ဘုရားစာ တစ်ပုဒ်နှစ်ပုစ်လောက်ကျက်ထား ဒါကိုပဲ အမြဲစိတ်ရွတ်လုပ်လာခဲ့ တယ်..တစ်ချို့  ဘုရားစာမှာ
''' ဤ ဖေကိုယ်သည် ဤ မှန်သော သစ္စာစကားကို ဆိုရခြင်းကြောင့် ...ဘာဖြစ်ရပါလို၏ ဘာဖြစ်ပါစေ ညာဖြစ်ပါစေ '' ဆိုတဲ့  သစ္စာတိုင် ဆုတောင်း အဓိဌာန်စကားလုံးတွေပါလာတယ်...အဲ့ ဒီမှာလည်း သစ္စာအကြောင်းကို တွေးပြီး အချည်အနှောင်တွေ ဖြစ်လာလောက်မယ့်  သစ္စာဆို ဘာသစ္စာမှ မဆိုပဲ ပတ်ပြေးခဲ့ ပြန်တယ်..
သစ္စာဆိုတာ ဖြစ်ရပ်တစ်ခုခုက တကယ်ဖြစ်ခဲ့  ဖြစ်နေဆဲ အမှန်စင်စစ် ပဲ...အမှန်စစ် ဆိုရင် စွမ်းအင်သတ္တိတစ်ခုထွက်လာတယ် အမှားလုပ်မိတာဟာ မှန်နေရင်တောင် အဲ့ ဒီအမှားကို သစ္စာဆိုရင် အဲ့ အမှားဟာ သစ္စာစကားဖြစ်တယ်...ဒါကြောင့် ဇာတကတစ်ခုထဲကလို ရသေ့ ဝတ်နေခဲ့ ရတာဟာ တကယ်တော့ မပျော်ပဲ ၀တ်နေခဲ့ ရတာပါလို့ ဆိုတာဟာ အမှန်ပါလို့  သစ္စာဆိုတဲ့ သဘောဖြစ်လာတာ...သစ္စာထိုက်တဲ့ စကားဆို လောကဓမ္မအတိုင်း အကျိုးဆက်တစ်ခုခုပြန်လာတာပါပဲ
ပြုမိခဲ့ ပြုနေဆဲကို ဖြစ်ခဲ့ ဖြစ်နေဆဲကို သစ္စာဆိုတယ်ဆိုပေမယ့်  တစ်ချို့ သီလတွေကို သစ္စာဆိုရတာ တွေးကြည့် ရင် ဖြုံစရာကောင်းတယ်..
အထူးသဖြင့် ကတိခံ ကတိပေးရမယ့်  သစ္စာသဘောတွေကို ဆိုလိုတာ...လူ့ ဘ၀မှာ အခက်ဆုံး ကတိသစ္စာက မရောက်သေးတဲ့  ဖြစ်မလာသေး အပြုအမူတွေအတွက် ကြိုပြီး ပေးရတဲ့ ကတိသစ္စာပဲ....အဲ့ လို ကတိသစ္စာမျိုးတွေကိုတော့  တတ်နိုင်သမျှ ရှောင်ခဲ့ တာချည်းပဲ...ကိုယ်ကပေးမှ ဖြစ်မှာမို့ 
ကိုယ် မပေးရင် ကိုယ့် ဘ၀ ချောင်မပိတ်တော့ ဘူးပေါ့ ...
ဒိဝါတပတိအဒိစ္စော..ရတ္တိမာ ဘာတိစန္ဒိမာ..လို ဂါထာက ဧတေနသစ္စ၀ဇ္ဇေန...ဘာညာဆိုတဲ့  သစ္စာပြုစာသားမျိုးကတော့  သဘောအကျဆုံပဲ...
ဒါက ကိုယ့် ဘ၀မှာ ကိုယ်ပြုမူခဲ့ တာကို ကိုယ်သက်သေပြန်ပြုပြီး သစ္စာဆိုတာ မဟုတ်ပဲ ဘုရားရဲ့ ဘ၀ကို သစ္စာဆိုတာမျိုးဖြစ်လို့ ပဲ....
ပေးမိတဲ့  ကတိသစ္စာကိုစောင့် ထိမ်းရတဲ့  ထူးခြားကောင်းကျိုးက ကိုယ့် စိတ်ခွန်အားကို အလွန်မြင့် မားသွားစေတယ် ရဲစေတယ်
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..