Powered By Blogger

Tuesday, October 27, 2015

ကိုယ့် ရပ်ဌာနေ......တီး/ဆို..ဘိုတာထွန်းညွန့် ...ရေး..စန္ဒရားထွန်းညွန့် .

သီချင်းမျိုးစုံ နားထောင်တတ်တယ်...အလွန်အကျွံ ဟတ်ထိတဲ့ သီချင်းမျိုးက တကယ်ဆို နဲပါတယ်...
ဒါပေမယ့်  ဘယ်အချိန်ဖွင့် ဖွင့်    ဖွင့် ပြီး သိပ်မကြာခင်မှာ ဟတ်ထိပြီး

မျက်ရည်တွေ ၀ဲတက်လာ ငိုချင်စိတ်တွေ အရမ်းပေါက်လာတတ်တဲ့ သီချင်း တစ်ပုဒ်ရှိတယ်...
အဲ့ သီချင်းလောက် ဘယ်သီချင်းမှ ကြာကြာဟတ်မထိနိုင်ဘူး...

အများအားဖြင့်  သီချင်းမဆုံးခင် ကျော်ပစ်ရတာ ကျလာတတ်တဲ့ 
မျက်ရည်ကို ကြိတ်သုတ် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး
အာရုံလွှဲပစ်ရတာမျိုးတွေ လုပ်ပစ်လိုက်ရလေ့ ရှိတယ်..

တစ်ခါတစ်ခါ ငယ်ဘ၀ကို သတိရလို့  ဖွင့် နားထောင်ချင်ပေမယ့် 
မဖွင့် ရဲလို့ မဖွင့် ဖြစ်တာက အကြိမ်ပေါင်းမနဲ......

ကျနော့် အမေ ခလေးပုခွဲလွှဲသိပ်ရင်း...
ခဏခဏ ငြီးဆိုနေတတ်တဲ့ ..စန္ဒရားထွန်းညွန့် ရဲ့  ''ကိုယ့် ရပ်ဌာနေ ''..သီချင်းပေါ့ ဗျာ....
ခုညလဲ အမေတို့ အဖေတို့ ကို သတိရနေလေရဲ့ ....

အတိတ်သဏ္ဍာန် အလွမ်းပုံရိပ်တွေ ဆိုတာ နှလုံးသားထဲကနေ မေ့ ပျောက်ပစ်ရခက်တယ်လေ...

လွမ်းတတ် သတိရတတ် သံယောဇဉ်အမျှင်တမ်းမိရင် မေ့ ဖျောက်ရတာ ခက်တတ်တဲ့ သူတွေဆိုတာ ဒီလိုပါပဲနဲ့ တူပါရဲ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..