----
ပထမဆုံး ဗေဒင်ပညာတွေဟာ ဘာကြောင့်  နှစ်ပေါင်း သုံးလေးထောင်မက လုံးဝ ကွယ်ပျောက်မသွားပဲ မှိန်ချည်း လင်းချည်းနဲ့ တစ်ယောက်က တစ်ယောက်ကို ခေတ်အဆက်ဆက် လက်ဆင့် ကမ်းသယ်ဆောင်လာပြီး ဒီနေ့ အထိ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့ လဲဆိုရင် လာမေးတဲ့ လူတွေရဲ့  ဘ၀အတ္ထုပတ္တိတွေကို အတော်လေး မှန်အောင် ဟောပြောနိုင်လို့ နဲ့  လာမေးတဲ့ လူတွေရဲ့  သူတို့ ဖြတ်သန်းနေတဲ့  ဘ၀ခရီးတွေမှာ ကြုံရတဲ့ အခက်အခဲတွေကို လျော့ ပါး သက်သာသွားအောင် တတ်နိုင်သမျှ ကူညီပံ့ ပိုးပေးနိုင်လို့ ပဲလို့  ယူဆနိုင်မယ် ထင်တယ်...သဘောက လူတွေအတွက် တစ်နည်းနည်းနဲ့ အသုံးတည့် နေလို့ သာသဘော....
နောက်တစ်ချက်က လူတွေဟာ ဗေဒင်ကို စပြီးစိတ်ဝင်စားသွားရတဲ့ ''အစ''အချက်က ကိုယ့် ကိုယ် မှန်အောင် အဟောခံရလို့ ပဲ...ဟောသမျှတွေသာ တကယ့် အဖြစ်တွေနဲ့ လွဲနေရင် ဗေဒင်ပညာဆိုတာကို လူတွေဘယ်စိတ်ဝင်စားပါ့ မလဲ...အဲ့ ဒါ ဟုတ်မဟုတ် အခုလက်ရှိ ဗေဒင်ကို စိတ်ဝင်စားတယ်ဆိုတဲ့ သူတွေကိုယ်တိုင်ကိုယ် ဘယ်လိုဖြစ်ပြီး ဗေဒင်ကို စစိတ်ဝင်စားမိသွားတာလဲလို့  အေးအေးလူလူပြန်တွေးရင် .....နောက်တစ်ချက်က စပ်စုလိုစိတ်
မသိသေးတာကို သိလိုစိတ်က ဗေဒင်ကိုစပ်စုကြည့် ဖို့ က တွန်းအားပေါ့ ...
ပုံမှန်အားဖြင့်  ဗေဒင်ပညာကို သန်းနဲ့ ချီတဲ့  လူတွေ စိတ်ဝင်စားတယ် သိချင်တတ်ချင်တယ် အဲ အတွက် ဗေဒင်ကို စပ်စုကြတယ်ဆိုပေမယ့်  အဲ့ သန်းနဲ့ ချီတဲ့  လူတွေထဲမှာ ဗေဒင်ပညာကို အခကြေးငွေယူပြီး အသက်မွေး ၀မ်းကျောင်းနယ်ပယ်ထဲဝင်သွားတဲ့ လူဦးရေက ထောင်ဂဏန်း သောင်း ဂဏန်းလောက်..လွန်ရောကျွံရော သောင်းဂဏန်းပျော့ ပျော့ ပေါ့ သဘောက ဗမာပြည် လူဦးရေ သန်း ၅၀ကျော်မှာ အသက်မွေး ၀မ်းကျောင်းဖြစ်လာတဲ့  ဗေဒင်ဆြာ သိန်းဂဏန်းတောင် မရှိလောက်ပါဘူးလို့ ဆိုလိုတာ.( ဒါတောင် ပိုပိုသာသာလေးပြောပေးတာ..ငိငိ ) ...သူတို့ ဘာလို့  ဗေဒင်ပညာလိုင်း သက်သက် နဲ့  ရေရှည် (၀ါ) ဘာတစ်သက်တာ အသက်မွေးပြီးရပ်တည်နေနိုင်ပါသလဲ....ရိုးရိုးလေးကတော့  သူတို့ ဆီသွားမေးတဲ့ ဗေဒင်မေးသူတွေ ''အများစုကို '' စိတ်ကျေနပ်စေအောင် ဟောပြောပေးနိုင်လို့  အခက်အခဲတွေကို သက်သာလျော့ ပါးသွားအောင် ကူညီပေးနိုင်လို့ ပေါ့လေ......
ဗေဒင်ပညာနဲ့  အသက်မွေးဝမ်းကျောင်းလမ်းအပေါ်ရောက်သွားဖို့ နီးစပ်နေသူတွေ အများစုရဲ့  သိသာတဲ့ မူလကံ အရည်အချင်းက ပညာမစုံသေးဘူးတို့  ဟုတ်တိ ပတ်တိ မတီးခေါက်မိသေးဘူးတို့  စသဖြင့်  ဘယ်လိုပဲဆိုစေ သူတို့ ဆီ နောက်ပြောင်ပြီးတော့ ပဲမေးမေး ပိုက်ဆံပေးပြီးတော့ ပဲ မေးမေး သူတို့ စိတ်ထင်က ထင်လာတာတွေကို စွတ်စက် ပြောချလိုက်တာတွေ အများစုက မေးတဲ့ သူတွေကို သွားသွားမှန်တတ်နေတာက သိသိသာသာ သတိထားမိတဲ့ အချက်ပဲ...သဘောက သူတို့ ကံမှာ ဗေဒင်လမိုင်းကံ ပါလာတဲ့ သဘောမျိုးပေါ့ 
ဆိုလိုတာက အသက်မွေးဝမ်းကျောင်းနယ်ပယ်ထဲ ရောက်မှန်းမသိရောက်သွားတဲ့  ဗေဒင်တြာဘ၀ရဲ့ ဆြာဘ၀ အစက လာမေးတဲ့ သူ အများစုကို အမှန်များအောင် (၀ါ) လာမေးတဲ့ သူတွေကို စိတ်ကျေနပ်သွားအောင် ဟောပြောပေးနိုင်တာက စခဲ့ တာလို့ ဆိုလိုတာ......
ဒါပေမယ့်  လူ့ ဘ၀ (သို့ ) လူ့ သဘောက ကိုယ့် ကို မှန်အောင် (၀ါ) စိတ်ကျေနပ်သွားစေအောင် အဟောခံရယုံနဲ့  မပြီးဘူး မလုံလောက်ခဲ့ ဘူး...ဘာကြောင့်  လဲဆိုတော့  ဗေဒင် လာမေးသူ အများစုဟာ ဗေဒင်သွားမေးဖို့  ကြံမိပြီ လှုပ်ရှားမိပြီ ဆိုတဲ့ အခါ မှန်အောင် အဟောခံချင်လို့ ထက် ကိုယ့် မှာ ခေါင်းစားနေတဲ့  ပြဿနာ တစ်စုံတစ်ရာ ရှိနေလို့ သာ ဗေဒင်မေးဖို့ ကြံစီမိတာက စတာများလို့ ပဲ.....သဘောက မေးသူ 100 မှာ အပျော်တွက် 5 %တောင် မပါတတ်လို့ ပဲ..အနဲဆုံ အချစ်ရေးသဘော အခုတွဲနေတဲ့  ဟာကြီးနဲ့  မြဲပါ့ မလားသဘော ဖြေထားတဲ့  စာမေးပွဲ အောင်ပါ့ မလား ပြဿနာ တစ်ခုခု ပါလာသေးတယ်
သဘောက လူရှိရင် ပြဿနာရှိတယ် ပြဿနာရှိရင် ပြဿနာ ရှင်းရလိမ့် မယ် ပြဿနာရှင်းတဲ့  ကရိယာပေါင်း သောင်းခြောက်ထောင်ထဲမှာ ဗေဒင်ပညာဟာလဲ ပြဿနာတွေရှင်းတဲ့  ကရိယာတစ်ခုအဖြစ် သဘောပါနေတယ်.ဒီသဘော.......
ဗေဒင်လမ်း(၂)
---
ကံအကြောင်းတရားတွေကြောင့်  ဗေဒင်လမ်းထဲကျွံမှန်းမသိကျွံသွားပြီဆိုတဲ့ အခါ.....ပထမပိုင်းမှာ အဲ့ ဗေဒင်ဆြာ မှန်တယ်လို့  အမည်နာမက စပြီး လူသိများလာစေတဲ့  အနေအထားက ဗေဒင်သည်ဘ၀မှာ ရပ်တည်ဖို့ လွယ်လာစေပါတယ်....ဆိုင်းဘုတ်မတင်တောင် မေးဖူးသူတွေက ပြန်ပြန်ကြော့မေးလာတာ နဲ့  မေးဖူးသူတွေက လက်တို့ လမ်းညွှန်တွေက ဗေဒင်မေးသူတွေ တစ်စတစ်စ များပြားလာစေပါတော့ တယ်....လူစည်လာတယ်ပေါ့ လေ.....( အဲ့ ဒီမှာ ဗေဒင်သည်ဟာ အလုပ်ရှုတ်လာတာက မှန်သထက်မှန်ဖို့ နောက်ကို လိုက်ရပါတော့ တယ်..ကိုယ်ဟောပြောတာ ပိုပိုပြီး မှန်အောင်ဟောချင်လာတဲ့  ဖီလင်ပေါ့ )
ဒါပေမယ့်  လူဆိုတာ သတ္တ၀ါတစ်ခုကံတစ်ခု လူဦးရေ သန်း ၇ထောင် ကံ ၇ ထောင်လို ဖြစ်နေလို့ မှန်အောင်လိုက်နေလို့ ကတော့  ပြီးမယ့် ပုံမပေါ်သလို မှန်အောင်ဟောနေယုံနဲ့ ဘ၀စီးပွား ခိုင်မာတဲ့ ဗေဒင်သည်အဖြစ်ရေရှည်သွားရတာ အခက်အခဲရှိလာပါတယ်...အကြောင်းက ဗေဒင်မေးသူတွေ ဗေဒင်လာမေးတာဟာ အဟော အမှန်ခံရဖို့ ဆိုတာထက် ဗေဒင်က ကိုယ့် အခက်အခဲတွေကို ဘယ်လိုများ ကူညီပေးနိုင်မလဲဆိုတဲ့  သဘော ပြဿနာတစ်ခုခုပါလာတဲ့ သဘောကြောင့် လာမေးတာက ပိုများပြီး သူတို့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့ အိုင်ဒီယာတွေ အတွေးအခေါ်တွေ ယတြာပညာတွေ စတဲ့  ပြဿနာ ဖြေရှင်းရေး ကရိယာ တွေ တတ်ထား သိထား တွေးထားဖို့  ဗေဒင်သည်မှာ လိုအပ်လာပါတော့ တယ်.....
သဘောက....ခင်ဗျားမှာ အချစ်ရေး ပြဿနာတက်နေတယ် မဟုတ်လား ဆိုတဲ့ အဟောဟာ မှန်လိုက်တာလို့  အဟောခံရသူက ကျေနပ်သွားတာမျိုး မဟုတ်ပဲ အဲ့ အချစ်ရေးပြဿနာကို ဘယ်လိုများ ပြန်အကြောတည့် သွားအောင် လုပ်လို့ ရမလဲ ဆိုတဲ့  နည်းလမ်းကို ဗေဒင်သည်ဆီက လိုချင်နေတဲ့  စိတ်ပါလာတာကို ဗေဒင်သည်က ဖြေရှင်းပေးနိုင်ဖို့ သဘောပါ ...မေးသူကလည်း လာမေးမိကတည်းက အချစ်ရေးပြဿနာတက်နေလို့ သာ ခေါင်းစားပြီး ဗေဒင်မေးမိတာကလည်း ဖြစ်နေလေ့ ရှိပါတယ်...
(ဒါကြောင့်  ဒီဘက်ခေတ်မှာ ကွိုင်တစ်ခုခု မရှိပဲ ဗေဒင်မေးခဲလို့  ခေတ်အခြေအနေက အချိန်ဟာ ငွေသဘောလည်းဖြနေလို့  ပြီးတော့  ကိုယ်ကျင်လည်ရာ ၀န်းကျင်ရဲ့ သဘော အနေအထားရကလည်း ..ဘာကြောင့် ဗေဒင်လာမေးကြောင်း ဟောနေတာ နဲသွားပြီး ဘာပြဿနာရှိလို့ လဲ ဘာကြည့် ပေးရမလဲ ဘာကူညီရမလဲ ဘာသိချင်လဲ ဘာလုပ်ပေးရမလဲ စသဖြင့်  တန်းမေးလိုက်တဲ့ အခါ မေးသူတွေ အများစုဟာ သူတို့ ဗေဒင်မေးဖြစ်ရခြင်း ပင်မ အကြောင်းကို တန်းပြောလာတာ များတော့ တာမျိုးပါပဲ..
.သဘောက ဗေဒင်သည်ကို ဆြာမြင်သမျှဟောပါဆိုတဲ့  မေးတဲ့ စတိုင်က ၁၀၀ မှာ ၅ % လောက်တောင် မပါတတ်ပဲ ပါလာတဲ့  ပြဿနာကို ကိုတန်းပြော ထိုင်နားထောင် ဗေဒင်ပညာဆိုတဲ့  ပြဿနာဖြေရှင်းရေးကရိယာနဲ့  ၀ိုင်းတွေး...စတဲ့ သဘောပါ.သဘောက တကယ့် အလုပ်သဘောမှာ ခေတ်ကြောင့်  ဗေဒင်သည်ရဲ့  သူ့ ကံနဲ့ သူဖြစ်တည်နေတဲ့  ပတ်ဝန်းကျင်ကြောင့်  တစ်ချို့ ဗေဒင်သည်တွေမှာတော့  ဗေဒင်လာမေးတာနဲ့  တန်းပြီး မှန်အောင်ဟောနေရတာမျိုး နဲသွားတယ်ပေါ့ လေ ဒါ့ အပြင်တစ်ခါတစ်လေ အတိုင်ပင်ခံလိုလို အကြံပေးလိုလိုတွေ ဖြစ်လာတယ်ပေါ့ လေ.....)
ဗေဒင်လမ်း...(၃) ရှော့ ဗေဒင်
-----------
အဲ့ ဒီလိုနဲ့ ဆရာသင်တွေ ဗေဒင်စာပေပေါင်းစုံတွေ ဘ၀အတွေ့ အကြုံတွေက ကိုယ့် ခေါင်းထဲ ဒေတာတွေအဖြစ် ရောက်မှန်းမသိရောက်သွားတဲ့ အခါ...
အထူးသဖြင့်  ကိုယ် ကိုင်လိုက်တဲ့  သက်ရောက်ဗေဒင်လိုင်းကို ကိုင်လိုက်တဲ့ အခါ သက်ရောက်တွေ ရဲ့ ဘေ့ စစ် သဘောက ဘ၀ရဲ့  တစ်နှစ်တာအတွက် အခရာ ဆိုတာ မြင်လာပါတော့ တယ်
သဘောဥပမာတစ်ခုက အင်္ဂါသက်ရောက်ကို ဘယ်မဟာဘုတ်ရှင်တွေ ဘယ်နေ့ သား ဘယ်အသက်အရွယ်မဆိုတွေ ဖြတ်သွားစေ.....အင်္ဂါ သက်ရောက်နေရာရဲ့ ဘေ့ စစ်က....စိတ်ကို နည်းမျိုးစုံနဲ့  အာရုံနောက်စေလိုက်ခြင်း သဘော နဲ့  တနင်္လာနံ ကိစ္စတွေ အခြေခံပြီး ပြဿနာ အနဲအများဖန်တီးကြည့် ခြင်း ၂ ခက်က အင်္ဂါ သက်ရောက်ရဲ့  ဘေ့ စစ်ကြီး၂ ချက်သာ ဖြစ်ကြောင်း...အဲ့  ၂ ချက်ထဲက ဘယ်သူမှ ပြေးမလွတ်ဖူးဆိုတာ ပေါ်လာတယ်...ဒီ ၂ ချက်ကို ဘေ့ စစ်အဖြစ်ကိုင်လိုက်ပြီပေါ့ ...
၂ချက်သာဆိုတယ် အတော်ကျယ်ပြန့် ပါတယ် ဗေဒင်ဥာဏ်ပါသူအဖို့  တစ်ခြား ကိန်းလေး အချက်အလက်လေးတွေ နဲ့  ထည့် ပြီး ပြောသွားလို့ ကတော့  အများကြီး ချဲ့ ပြောလို့ ရတဲ့  သဘောရှိပါတယ်...စိတ်ကို အနှောက် အယှက် ဖြစ်အောင် လာလာတိုက်ဆိုင်ခြင်းသဘောတွေမှာ စိတ်တိုစေတဲ့  ဖြစ်ရပါတွေ မဖြစ်ချင်တာ မှ လိုက်လိုက်ဖြစ်စေခြင်းသဘော ဖြစ်ချင်လွန်းတာကြတော့  သက်သက် မဖြစ်အောင် လိုက်လိုက်ရစ်တာ...လဲလို့ မဖြစ်ဆိုပြီး ကျမ္မာရေးအရမ်း ဂရုစိုက်မှ ခဏခဏ နေမကောင်းစေအောင် လုပ်ခံရတာ...ခရီးတအားသွားချင်လေလေ ခရီးကို လိုက်လိုက်ဖျက်တာ...သေခြာချိန်းထားမှ လွဲတော့ တာ မမြင်ချင်ဆုံးလူတွေဆို ခဏခဏ မြင်နေရလို့ စိတ်တွေဆိုလာတာ.....သဘောက ဆုနာနာ တောင်းလေလေ မပြည့် လေလေ...စသဖြင့် ပေါ့ ...စိတ်ဒုက္ခ သဘော...စာမေးပွဲ အရေးကြီးမှ အဖျက်မျိုးစုံလာတာ...အဓိဌာန်သေသေခြာခြာ လုပ်မယ်ဆိုမှ လုပ်တော့ မှ အဖျက်မျိုးစုံနဲ့ တိုးလို့ တန်းလန်း....တနင်္လာနံခိုက် ကျယ်ပြန့် ပုံကလဲ ထိုနည်း၎င်း.......
ဆိုလိုတာ သက်ရောက်တစ်ခုရဲ့  ဘေ့ စစ်ကို ကိုင်လိုက်ပြီး အဲ့ အခြေခံဘောင်ကနေ ထိုင်ပြောနေလိုက်ရင် မေးသူတွေ သိလိုတဲ့ ကိစ္စတွေ ဖြစ်လိုတဲ့ ကိစ္စတွေ လာရင်းကိစ္စတွေ အဲ့ ဘေ့ စစ် အပြောတွေထဲ ပါသွားလေ့ ရှိတယ်ပေါ့ လေ....သဘောက ဘေ့ စစ်သဘောကနေ ပြေးမလွတ်ဖူးဆိုတာရယ်....လူ့ ဘ၀မှာ ကြုံရတဲ့ ဖြစ်ရပ်ကောင်းဆိုးတွေဟာ ဒဲ့  ကြုံရတာနဲ့  သွယ်ဝိုက်ကြုံရတာပဲ ကွာတယ်ဆိုတာပါ အထာပေါက်ဖို့ ပေါ့ ...
ဆိုပါတော့  အင်္ဂါသက်ရောက်ဟာ စိတ်သောက ရောက်စေတယ်ဆိုရင် ကိုယ်တိုင် ရဲ့ ဆန္ဒ မပြည့် မှု့ အတွက် ဒဲ့ စိတ်သောကရောက်စရာတွေ ကြုံရတာမျိုးနဲ့  ကိုယ်တိုင် ဘ၀လည်ပတ်နေမှု့ က ပုံမှန်ဖြစ်နေပေမယ်..ကိုယ့် သားသမီးမိသားစု အဖေအမေ ကျမ္မာရေးကိစ္စ ဘာညာကိစ္စတွေကြောင့်  စိတ်ဆင်းရဲစရာကိစ္စတွေ ကြုံလာရတာမျိုးသဘော
သုခတရားတွေမှာလဲ ထိုနည်း၎င်း ဒဲ့ လာတဲ့ သုခတရား နဲ့  သွယ်ဝိုက်သုခတရားတွေ ကြုံရတာပါပဲ.....သဘောက ကိုယ်တိုင် ထိုးလို့ ပေါက်တဲ့ ထီပေါက်တဲ့  သုခတရားနဲ့  ကိုယ်က ထီမထိုးပေမယ့်  ကိုယ့် အိမ်ထောင်ဖက်ထိုးတဲ့ ထီပေါက်လို့ ကိုယ်က ရောခံစားခွင့် ရတဲ့  သွယ်ဝိုက်သုခတရားသဘောပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..