'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, October 23, 2015
ပယောဂလုပ်ကြံမှု့ လား ဂြိုလ်လား ဇာတာလား အတိတ်ကံကြွေးလား အားလုံးရောနေတာလား
ပယောဂလုပ်ကြံမှု့ လား ဂြိုလ်လား ဇာတာလား အတိတ်ကံကြွေးလား အားလုံးရောနေတာလား
---
ကြာခဲ့ ပြီအဖြစ်ပေါ့  ကျနော့် ညီမ ၃ကြွင်းဟူး..၁၀တန်းတုန်းက အဖြစ်ပေါ့ ..ကျောင်းတက်နေရင်းက ရုတ်တရက်ကြီးလည်ချောင်းထဲက တစ်စို့  တစ်စို့ ကြီးဖြစ်လာတယ်လို့ ဆိုတယ်..နောက်တော့  အစာစားပြီးရင် ပြန်ပြန်အံတာမျိုးတွေ ဖြစ်လာတာ...ဒါနဲ့ ရင်ခံနေတယ်လိုလို အစာအိမ်လိုလို နဲ့ ဆေးခန်းသွားတော့ လည်း မပျောက်ဖူးဆိုပါတော့ ...ကြာတော့  အစားတစ်ခုစားဖို့ အရေး ပြန်အံရင် ဒုက္ခပါပဲဆိုတဲ့ စိတ္တဇဖြစ်လာတယ်...ဖြစ်ပုံက မနက်ကျောင်းသွားခါနီးတွေမှာ ပိုဖြစ်ပြီး အော့ အံပြီးသွားလို့  ကျောင်းရောက်ရင် အကောင်း..ကျောင်းကပြန်လာလဲ အကောင်းပဲ...ကျောင်းတက်ခါနီး အာရုံနောက်တဲ့  အဖြစ်ပေါ့ လေ..
အဲ့ လို အိမ်က ကျောင်းသွားခါနီး အော့ အံ သွားချက်က ကျောင်းမှာပါ ဘာမှ ရဲရဲမစားရဲတော့ တဲ့ ဆိုက်ကို ၀င်လာတော့ တာပါပဲ...ပြီးတော့  ဆိုက်ကိုဝင်နေချက်က သူများအလှုသွားစားတောင် ပြို့ တက်လာလို့  အလှုတွေမှာပါ ဘာမှမစားရဲဘူး အငတ်ခံပြန်လာ အိမ်ရောက်မှ အစာစားရဲတဲ့  အနေအထားဖြစ်လာတယ်
နောက်တော့  ကွန်တက်တစ်ချို့ က အကြံပေးချက်အရ ဘာညာသာရက တွေ တတ်တဲ့  သီလရှင်ဆရာကြီးကျောင်း ရောက်သွားတယ်...ဆရာကြီးက စစ်ဆေးပြီး သူများလုပ်ထားတာလို့  မှတ်ချက်ချပြီး ကွမ်းရွက်မျက်စဉ်းခပ်ကုပေးတော့ တာပါပဲ...ရက်တော့ သိပ်မကြာလိုက်ဘူး...ပျောက်သွားပါရောဗျာ..
ကျနော် ဒီလိုင်းကို လိုက်တော့ မှ ၃ကြွင်းတွေရဲ့  အသံ လည်ချောင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ မရဏရောဂါ သဘော အတိတ်ကံ အကုသိုလ် ၀င်ချလာတတ်တဲ့ ရောဂါစတိုင်သဘော...ဟူးသမီး ၁၀တန်းဆိုတာ အသက် ၁၆ နှစ် အင်္ဂါ သက်ရောက်ဖြတ်နေတဲ့ သဘောတွေကို ဆက်စပ်ကြည့် လို့ ရလာတယ်...
သူများလုပ်တာလို့ သတ်မှတ်ချက်ချပေမယ့်  ဘယ်သူဘယ်ဝါရယ်လို့ တော့  တရားခံရှာပေးတာမျိုးတော့ မလုပ်ပေးခဲ့ ဘူး....ဒါပေမယ့် မရှိခိုးနိုးပြဿနာက ကျနော်တို့ အမေမှာ ပြဿနာတက်ကျန်ခဲ့ တယ်...ညီမက ငယ်ငယ်ကတည်းက စာသိပ်တော်တယ်...သူနဲ့ တစ်နှစ်ထဲမွေးပြီး အိမ်အ၀င်အထွက်ရှိတဲ့  ရပ်ဆွေရပ်မျိုးဖြစ်နေတဲ့ မိသားစုဖြစ်နေတဲ့  မိသားစုထဲက အမျိုးသမီးလေးက သူနဲ့ က မူလတန်းထဲကစပြီး အလယ်တန်းအထက်တန်းတစ်လျှောက် စာပြိုင်ဘက်လို့ ဖြစ်လာတယ် ပြိုင်ဘက်ဆိုပေမယ့်  ဟိုက မိသားစုထဲက မဒီလေးက တစ်ခြား ဘရိမ်းပဲ ပြေးပြီး ကျောင်းစာ ဘရိမ်း မပြေးဘူး အဲ့ တော့  ယှဉ်မရဘူး...
အဲ့ မှာ အဲ့ မဒီလေးရဲ့ မအေက အမြဲလိုလို ခနိုးခနဲ့ တွေ လုပ်တတ်သလို ပညာရေးနဲ့ တ်သက်လာရင် စာမေးပွဲနီးလာရင် အိမ်ကိုလာ အာရုံနောက်အောင်တောင်ပြော မြောက်ပြောတွေ လာလာလုပ်တတ်တယ်...ဘာညာသာရက လိုင်းပေါင်းစုံကလဲ မထသ လိုဖြစ်နေတယ်...မူလတန်း အလယ်တန်းမှာ ညီမက စတော်တွေအခန်း သူ့ အရည်အချင်းနဲ့ သူရပေမယ့်  ဟိုမဒီက မရတတ်ဘူး အဲ့ မှာလိုင်းဝင်ပြီး အခန်းတူအောင် လိုက်ဖန်တီးပေးတတ်တယ်...အထက်တန်းကြတော့  အတန်းလိုက်တူချင်လို့ မရတော့ ဘူးဖြစ်သွားတယ်...ကျောင်းဂုဏ်သဘောက ပါလာပြီဆိုတော့ လေ......ချုပ်လိုက်တော့  ..ညီမကို စာမဖတ်နိုင်အောင် ဘာညာသာရကာ တွေနဲ့  လုပ်တဲ့ သူဟာ အဲ့ မဒီလေးရဲ့  အမေဖြစ်မှာပဲလို့  ကျနော့် အမေနဲ့ ညီမက ထင်သွားပြီး ခပ်ကင်းကင်းကိုနေလိုက်တော့ တာမျိုးဖြစ်သွားတော့ တာပါပဲ...
အဲ့ အကျိုးဆက်မှာ အဆိုးအကောင်းတွေ ကျန်ခဲ့ ကြတယ်...ညီမလုပ်သူက သူများကြွေးတာ ဘာမှမစားရဲသလောက်ဖြစ်သွားတာ ဆယ်စုနှစ်တွေနဲ့ ချီ ကြာခဲ့ တယ်
နောက်တစ်ချက်က ရှောင်မရလို့  အလှုတွေဘာတွေမှာ အစာစားခါနီးတိုင် စိတ်ကနေ အစားအစားကို သရဏဂုံ သုံးပါးရွတ်မန်းအာရုံပြုပြီးမှ စားရဲတော့ တာမျိုးဖြစ်လာတယ် ( ဒါက ဘုန်းကြီးက သင်ပေးသွားတာ)...နောက်တစ်ချက် အဲ့ ပြိုင်ဘက်နဲ့ ခုထိ ခပ်တန်းတန်းဖြစ်သွားတယ်...တမင်ကင်းအောင်ကိုနေလိုက်တော့ တာမျိုး.။
တကယ်တော့  ဟိုပြိုင်ဖက်က လုပ်တာ ဟုတ်လားမဟုတ်လားက ရုပ်သက်သေပြလို့ မရဘူးပြစရာမရှိဘူး..အခြေအနေတွေ နဲ့ ကြားဖူးနားဝသဘောတွေက ထင်စရာလိုကို ဖြစ်နေတာမျိုးလောက်ပဲ...အကယ်၍ သမားရိုးကျဖြစ်တာများဖြစ်နေရင် ဟိုဖက်ကလဲ သူတို့ လုပ်တာ မဟုတ်ဖူးမျညးဖြစ်နေရင် စွတ်စွဲထင်မိသူမှာ
အတော် အကုသိုလ်ဖြစ်သွားမယ့်  ဖြစ်နေတဲ့  သဘောဖြစ်လာတယ်..၊ ဒီလို လုပ်ကြံမှု့ တွေကို မရှိဘူးလို့ တော့  သူများအတွေ့ အကြုံတွေတစ်ချို့ နဲ့  ဓမ္မစာပေလာတွေ အရတော့  မပြောနိုင်ဘူး
ဓမ္မစာပေတွေထဲမှာ ဘာညာသာရကတွေနဲ့  လုပ်ကြံတဲ့ ဇာတကတွေဖတ်ခဲ့ ရဖူးတယ်...ဇာတက တစ်ခုမှာ ဘာညာသာရကာ တွေနဲ့  လုပ်ကြံခံရရင် လယ်မြေကျစ်စာခဲကို ရေစိမ်ထားပြီး မှာ အဲ့ မြေကျစ်စာခဲရေကို သန့် အောင်စစ်ယူပြီး သောက်တာချိုးတာတွေ ပြန်လုပ်ရင် လုပ်ကြံမှု့ တွေ ပြေတယ်ဆိုတာမျိုးတွေ ဖတ်ဖူးခဲ့ တာလဲရှိတယ်.( အကြမ်းဖျင်းပဲ သတိရတော့ တယ်).တစ်ခြား ဥပမာတွေလဲရှိတယ်...မာနတ်ကိစ္စတွေသဘောမျိုးတွေပေါ့ ....
နောက်တော့  ဘယ်ဖက်ကို အကုသိုလ်နဲအောင် လှည့် တွေးလုပ်ရလဲဆိုတော့  ဘယ်သူဘယ်ဝါ ဘာညာက ပြောရခက် ဟုတ်မဟုတ်ကလည်း ဒါမျိုးတွေက ဖြစ်နေကျ တွေ့ နေကျ ရောဂါတွေလို သက်သေပြရခက်တော့  ဖြစ်နေတာကို သက်သာပျောက်ကင်းသွားအောင်နည်းမျိုးစုံနဲ့ ကုသကြည့် တာပဲ ကောင်းပါတယ် ပျောက်သွားပြီးတာပဲ ဆိုပြီး တရားခံရှာနေတာထက် ရောဂါကုရေးဖက်သာ ဇောင်းပေးတွေးလိုက်ရတယ်...လောကကိုက ဆန်းကြယ်တယ်လေ
..ကျနောကတော့  ဒီနေ့ အထိ ဘာညာသာရကာတွေနဲ့  လုပ်ကြံမခံခဲ့ ရဘူး..( ကျနော်ကို လုပ်ကြံထားရင်တောင် လုပ်ကြံလို့ လုပ်ကြံမှန်းတောင် သိမယ့် ပုံလဲ မပေါ်ပါဘူး လုပ်ကြံတဲ့ သူတောင် စိတ်ညစ်သွားလောက်မယ် လို့  ကွကိုယ်တွေးပြီး ရယ်ရသေးတယ်..ငိငိ)
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..