'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, October 23, 2015
ထုတ်ယောက်ဒိုင်းမြား
ထုတ်ယောက်ဒိုင်းမြား
----
ကျမ်းနဲ့ ခေတ်နဲ့ ထိတ်တိုက်တွေ့ ပြီး ကျမ်းအသေဘောင်ထဲကနေ ထွက်မတွေးမိခင်တုန်းက ပြဿနာတွေ ကိုယ့် ဟာနဲ့ ကိုယ် တွေးတွေးပြီး တက်နေခဲ့ ဘူးတာပေါ့ .ဆိုပါတော့  ကျမ်းထဲမှာ အိမ်ထွက်သွားသူ ပြန်ရောက်စေလိုသော် အိမ်ရဲ့  ယောက်တန်းမှာ ဘာအရွက်နဲ့  စရေဓါတ်ပေါ်ချိန်မှာ ဘာညာ ထွက်စေလိုထုတ်တန်း လာစေလိုယောက်တန်း ဆိုတဲ့  ဓါတ်ရိုက်ဓါတ်ဆင်ပညာခန်းတွေ ဖတ်ရတာပေါ့ 
ဖတ်စက ဖတ်ဖူးတယ် ဖတ်ယုံပါပဲပေါ့  အဲ့ က တစ်ဆင့် တိုးပြီး ဖတ်ရတာက အဲ့ ယောက်တန်း ဆိုတာ ဘယ်နေရာမှာ ရှိလဲဆိုတဲ့ မြန်မာ့ ရိုးရာ အိမ်ဆောက်နည်းနဲ့  အခေါ်အဝေါ်တွေစာပေကို ထပ်လှန်ရတယ်..အဲ့ တော့ မှ သြော..ဒီနေရာလေးက ထုတ်တန်း ဟိုနေရာလေးက ယောက်တန်း ဒါလေးက ဒိုင်းမြှားဆိုပဲ ဘာညာပေါ့ ...အဲ့ လိုလေးနဲနဲ မှတ်လိုက်တာပေါ့ ..
နောက်တော့ ပြဿနာတက်လာပုံက တကယ်အလုပ်ခွင်ထဲရောက်တော့  ကိုယ့် အထိုင်က ရန်ကုန်ဒေါင်းတောင်းမှာ..လာတဲ့ လူတွေကလည်း မြို့ သားတွေ အလွှာ တိုက်ခန်းတွေနဲ့ ချည်းနေကြတာ...အဲ့ အလွှာတိုက်ခန်းတွေအများစုက ထုတ်တွေ ယောက်တွေ ဘယ်ရောက်ကုန်မှန်းမသိဘူး..ကိုယ်တိုက်အောက်ငုံ့ ကြည့် တော့ လည်း နိုးယောက်တန်း...ခ်ခ်...အဲ..တစ်ချို့ ကို ခပ်တည်တည်နဲ့ မေးကြည့် သေးတယ် အိမ်မှာ ယောက်တန်းတွေ ထုတ်တန်းတွေရှိလားလို့ မေးကြည့် တော့  မျက်လုံးလေး ပြန်ပြူးကြည့် ပြီး ကြားဘူးဘူး..ဘာလဲဆြာ ထုတ်တန်းဆိုတာ..တဲ့ ..သြော်..စာဖတ်လိုက်ကြထှာ..ဟီးဟီး..အဲ ကိုယ့် လိုင်းမဟုတ်တဲ့ စာဆို သိပ်စိတ်မ၀င်စားတတ်တာက သဘာဝပေါ့ လေ..
သဘောက ဆိုလိုချင်တာက ကိုယ့် အရပ်နဲ့ ကိုယ့် ဇာတ် ကိုယ်ပိတ်သတ်နဲ့ ကိုယ်သဘောကို ဒေသံကာလံတွေ ထည့် တွေးပြီး နည်းပညာတွေ တွေးတော့ ကြံဆထားရတယ်ပေါ့ လေ ကျမ်းကိုကျော်ပြီး မတွေးတတ်ရင် တကယ့် ပြဿနာကြီးတွေနဲ့ ကြုံတဲ့ အခါ ငူငေးငေါင်ငိုင် တွေဖြစ်ကုန်တတ်တယ်လို့ ပါ..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..