Powered By Blogger

Friday, October 23, 2015

အတွေးကမ္ဘာလေးထဲမှာ..


အတွေးကမ္ဘာလေးထဲမှာ..

တစ်ခါတစ်ခါ အတွေ့ အကြုံတွေအရ တစ်ချို့ တွေကို ကျနော်က ပြောမိတတ်တယ် အိမ်ထောင်ရေးမှာ ဗေဒင်က နောက်ကလိုက်ရသလိုပဲ လို့ ....အဲ့ လိုပြောရတာက
အိမ်ထောင်ပြုတာ ပြုချင်တိုင်းလည်းပြုမရဘူး မပြုချင်ဘူးဆိုပြီး ပတ်ပြေးနေလဲ ကျချင်ကျသွားတာမျိုး ကွဲချင်တိုင်းလဲ ကွဲမရ မကွဲချင်လို့  ကပ်ဖဲ့ လုပ်နေလဲ ကွဲချင်ကွဲသွားပြန်တယ် ဘယ်သူနဲ့ ယူမယ် လို့ ပလန်ချထားပေးမှ ညားချင်မှ ညား ရှောင်မယ်လို့ တွေးထားတဲ့  နေ့ နံတွေနဲ့ မှ ပက်ပင်းတိုး ထညားချင်ညားနေတတ်တာ ခဏခဏကြုံရတယ်ကျနော်တို့ က ကောင်းနေပြီ ဆွဲစိလိုက်ဆိုပေမယ့်  အင်တင်တင် နဲ့  ပုတ်ထုတ်ခဲ့ တာတွေ ကောင်းသေးဘူး လို့  သတိပေးပေမယ့်  ရတော့ ဘူး နောက်ခါလာနောင်ခါဈေးစတိုင်နဲ့ အတင်းထအာဝါဟိချင် ဟိပစ်လိုက်ပြန်တယ်..



တွေးစရာကောင်းတာက ဗေဒင်ဆရာ ညွှန်လို့  အိမ်ထောင်ထပြုတဲ့ သူ ဗေဒင်ဆရာ တားလို့  မယူတော့ ဘူးလို့ ထလုပ်သူ ဘယ် ၂ ယောက်လောက်ရှိသလဲက တွေးစရာကောင်းတယ်ယူချင်ပြီ ယူချိန်လဲထိုက်နေပြီဆို ဘေးက ဘာပြောပြော ဆင်ခြေမျိုးစုံနဲ့  ယူပစ်လိုက်တာတွေက အများကြီးတွေ့ ခဲ့ ရတယ်...တစ်ခါတစ်လေ ဖိတ်စာဝေပြီး သတိုးသမီးက ရီးစားဟောင်းနဲ့ ခိုးရာလိုက်သွားလို့ ပြဿနာတွေအပုံလိုက်တက်ကျန်ခဲ့ တာ စေ့ စပ်ပြီးမှ အရှုတ်ထုတ်တွေ ပေါ်လာလို့ စေ့ စပ်ပွဲစားရိပ်လျော်ကြေး ထတောင်းတာတွေလည်း ကြုံခဲ့ ရတယ်...တစ်ခါကဆို ဆယ်နှစ်ကျော် ရပ်သိရွာသိတွဲလာပြီးမှ အဆံပိုရှိတဲ့ နောက်တစ်ယောက်နဲ့  ထ မင်္ဂါဆောင်လို့  ရီးစားဟောင်းက အသားရေဖျက်မှု့ နဲ့ တရားစွဲလိုက်ရမလားဆိုတဲ့ ကိစ္စမှာသစ္စာဖျက်ပစ်လိုက်တဲ့  ဘဲက တရားစွဲမယ်ဆိုတဲ ရီးစားဟောင်းကို လျော်ကြေး သိန်းရာချီပေးလိုက်ရတာလဲ ကြုံခဲ့ ရတယ်...

ပြောရရင်တော့  စာတွေထဲကလို့  ဘ၀တစ်ခုရဲ့  ကံတရားတွေမှာ ကိုယ်စီမံသလို ကိုယ်စိတ်ကူးယဉ်သလို ဖြစ်လာတာတွေ နဲ့  ထူးဆန်းတဲ့  သိတတ်နိုင်ခဲတဲ့  ကံစီမံရာသဘောတွေကြောင့် ကိုယ်မျှော်လင့် မထား ထည့် မတွေးထားတဲ့ အဖြစ်တွေမှာ ဘယ်လိုအဖြစ်တွေ ဖက်ကိုပိုများနေပါသလဲ လို့  တွေးစရာကောင်းတယ်ပေါ့ ...သဘောက ဆန်းကြယ်လွန်း အသိရခက်လွန်းတဲ့  ကံတရားရဲ့ သဘာဝကို ကိုယ့် ဥာဏ် နဲ့  ကိုယ်လိုချင်တဲ့ ကိစ္စတွေဖြစ်လာဖို့  လိုက်ချယ်လှယ်ရတာ ရတဲ့ အခါရတတ်ပြီးမရတတ်တဲ့ အခါ မရတတ်ဘူး ခက်ခဲတဲ့ အခါ သိပ်ခက်ခဲနေတယ်ပေါ့ လေ...

ဆိုပါတော့  ကျနော်တစ်ခါ ရေးပြဘူးသလိုပဲ ကျောင်းစတက်တဲ့ အရွယ်ရောက်လို့  မူလတန်းကျောင်းကို မိဘတွေ အုပ်ထိမ်းသူတွေကထားပေးလို့ နေရတော့ကျောင်းက ဆရာဆရာမ တစ်ယောက်ယောက်တွေ လက်ထဲ ကျနော်တို့  အရောက်ခံသွားရတယ အဲ့ ဆရာဆရာမတွေဟာ ကျနော်တို့ ကိုယ်တိုင်ဆန္ဒနဲ့  ရွေးပြီးတင်ခဲ့ တာမျိုးမဟုတ်ခဲ့ ဘူး ကျနော်တို့ ရဲ့ အတိတ်ကံက ကျနော်တို့ ဆရာဆရာမအဖြစ် တွေ့ ဆုံရမယ့်  ကံပါလာတဲ့ သူဆီမှာ ကျနော်တို့ ကတည့် သွားဖြစ်ရတာမျိုး...သဘောက ကိုယ်တိုင် ကိုယ့် ဆန္ဒသက်သက်အရ ဘ၀တစ်ခုမှာ ဆရာရွေးခွင့်  ဆရာအဖြစ်ငြင်းပယ်ခွင့် ဆိုတာ အသက်အရွယ်တွေ ဘ၀ပေးအခြေအနေတွေ ခေတ်အနေအထား လူနေမှု့ စတိုင်အနေအထား ဒေသအနေအထား အတိတ်ကံသဘောတွေ အများကြီး ပါဝင်တ်သက်နေတဲ့ သဘောရှိတယ်ပေါ့ လေ..ဆိုရာရင် အယူတစ်ခုခုရဲ့  ခေါင်းစဉ်အောက်မွေးလာပြီး အယူတစ်ခုခုရဲ့ အယူဝင်စဖြစ်လာတဲ့ အသက်ပိုင်းတွေဟာ ကျနော်တို့ စိတ်ဆန္ဒသဘောထက် အတိတ်ကံသဘောက ထည့် ပေးလိုက်တာမျိုးဖြစ်ပြီး အဲ့ အသက်တွေမှာ ကိုယ်မကြိုက်ဘူးဆိုပြီး ငြင်းပယ်နိုင်တဲ့ ခေါင်းမရှိခဲ့ ဘူး ရှိခဲ့ ဦးတောင်
ငြင်းပယ်ခွင့် ရှိမယ့် ပုံမပေါ်ဘူးပေါ့ လေ..

ဆိုလိုတာက ကျနော့် ဆီလာတဲ့  အိမ်ထောင်ပြုခါနီး အများစုက ယူခါနီးဆဲဆဲတွေ ယူမလို့ စိတ်ကူးထားပြီးသားတွေ များပြီး အဲ့ ချိန်မှာ ယူသင့် မယူသင့် လို့  သူတို့ ကမေးပေမယ့်  ယူသင့် တယ်ဆိုတော့ ရော တကယ်ယူဖြစ်မှာလားက သူတို့ ၂ ဖက်အနေအထားအရ သံသယရှိစရာကောင်းတာ မယူနဲ့ ဆိုလို့ ရော ကျနော် (၀ါ) ဗေဒင်ဆရာ တားသလို တကယ်မယူကြတော့ ဘူးလား က အဲ့  သဲသဲလှုပ်နေချိန်တွေမှာ ပြန်မေးခွန်းထုတ်ချင်စရာကောင်းတယ်ပေါ့ လေ...
နောက်တစ်ချက်က တွက်ချက်ပြီး ယူတဲ့  လူက တော်တော်နဲပြီး ယူပြီးမှ ယူမလို့ ရယ်ဒီဖြစ်နေပြီးမှ ဘာညာကွကတွေလာလာတွက်ကြတာများလို့  တစ်ခါတစ်လေ
လူ့ သဘောက သူထင်တာသူအရင်လုပ်ချလိုက်တာမျိုးများပြီး တောက်မှ ဗေဒင်က နောက်က လိုက်ညှိပေးနေရသလိုပါပဲလို့ တွေးတဲ့ အခါတွေးမိတယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..