'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, October 23, 2015
ငြိမ်းချမ်းရေးပွဲတွေနဲ့ ညစာမူးပွဲတွေ ထပ်တူဖြစ်နေတဲ့  ခေတ်မှာ...
ငြိမ်းချမ်းရေးပွဲတွေနဲ့ ညစာမူးပွဲတွေ
ထပ်တူဖြစ်နေတဲ့  ခေတ်မှာ...
------------
အပြစ်မဲ့ ခေးလေးတွေ အပြစ်မဲ့  လူသားတွေ
အာဏာရှင်နဲ့  အာဏာရှင်အဖွဲ့ ဝင်တွေရဲ့ 
စကားလုံး ကမ်းကုန်အောင်
ရက်စက်လွန်းတဲ့ 
ရင်နင့် စရာသတင်းတွေ ဖတ်ရ ကြားရ မြင်ရတဲ့ အခါ ...
ဓမ္မကို မေ့ ခဲ့ ပြီ.
ဝဋ်ဆိုတဲ့ စကားလုံးလောက် နဲ့  မကျေနပ်နိုင်ခဲ့ ဘူး
အလှည့် ဆိုတဲ့  အချိန်ကို မစောင့် ချင်တော့ ဘူး
ဟာမူရာဘီ ခေတ်ကို ပြန်တမ်းတမိတယ်
သိကြားမင်းကို အငေါ့ တူးချင်တယ်
နား ၂ဖက်စလုံးကို ပြန်ကိုက်ချင်တယ်
တရားကို သေနတ်စောင့် ခဲ့ ပြီလားလို့ 
ဓမ္မရှင်ကြီးတွေကို မေးလိုက်ချင်တယ်
မဖြေကြနဲ့  လာမဖြေကြပါနဲ့  မကြားချင်ဘူး ငါလည်းစာသမားပါ..
အာဏာရူးတွေကို မချွတ်နိုင်ပဲ ဘာမှလာမပြောနဲ့ ...ငါလည်းစာသမားပါ....
ရယ်လို့  ငိုကြွေးလို့ အပြစ်မဲ့ သူတွေအတွက်.စာနာရလွန်းလို့ ..
ဆောင်းလေရူးနဲ့ စိတ်တွေတဒင်္ဂရူးသွတ်လို့ 
ငါလေ ဖြစ်နိုင်ရင် လက်စားချေပေးချင်မိတယ်
ငြိမ်းချမ်းရေးပွဲတွေနဲ့ ညစာမူးပွဲတွေ
ထပ်တူဖြစ်နေတဲ့  ခေတ်မှာ....။
Labels:
ကဗျာဖွဲ့ 
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..