'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, October 23, 2015
တြိ+စတု နဲ့  မတွန့် စေရ
တြိ+စတု နဲ့  မတွန့် စေရ
------------
ဒီဘက်လို ၃နှစ်၎ နှစ် ခေးက ဖုံးစပွတ်နေတဲ့  ခေတ်ထဲမှာ ၁၆ ၁၇ ၁၈ အရွယ်သားကို အစိုးရိမ်ကြီးစိုးရိမ်ပြီး သားကို စကားပြောတိုင်း သဟောက်သဟမ်းလုပ်ပြီး မိန်းခေးတစ်ယောက်လို ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ချင်နေတဲ့  အမေတွေ အဒေါ်တွေ အဖွားတွေနဲ့ ဆုံရင်.....
ရယ်လဲရယ်ချင် မရယ်လဲမရယ်ရက်.....ခခိခိ....ပျံသန်းချင်လွန်းတဲ့ စိတ် ရှင်သန်လိုခြင်းစိတ်တွေ ဖြစ်တည်နေ တိုးပွားနေတဲ့  အရွယ်ကို
ဘယ်လောက်ကြာအောင် ဘယ်လိုနည်းနဲ့  ထိမ်းချုပ်နိုင်မလဲက တွေးစရာပေါ့ ..အထိမ်းမတော်ရင် အိမ်က ထွက်ပြေးဖို့  သိပ်တွေဝေနေတတ်တဲ့ 
သဘောမရှိတဲ့ အရွယ်လေ...အဲ့ လို လစ်တာလဲ ကြုံဖူးနေခဲ့ တော့ ...အဲ့ ကိစ္စက ဆွေးနွေးရ လက်ဝင်တယ်.. ပြီးတော့  မိသားစုဖွဲ့ စည်းပုံစတိုင်တွေ
မျိုးနွယ်အလိုက် ထိမ်းချုပ်ပုံ စတိုင်တွေက အတော်ကွဲတယ်...နောက်ဆုံးတော့  ဘာနဲ့  နိဂုံးချုပ်ရလဲဆိုတော့ ..
အများစုက ဗေဒင်ဆြာဆီ သြ၀ါဒလာခံနေတာမဟုတ်သလို ဗေဒင်ဆြာကလဲ သြ၀ါဒစရိယ မဟုတ်ဖူး...အဲ့ လို့ နှလုံးသွင်းလိုက်ပြီး သူတို့ လိုချင်တာ
ဗေဒင်ဆြာဆီက ယတြာသာ ဖြစ်လေအံ့ သည် လို့  တွေးပြီး...ထိမ်းချုပ်ခြင်းသဘောနဲနဲပါပေမယ့်  လက်တွေ့ သဘောအရ အန္တရာယ်ကင်းသဘောပိုနွယ်တဲ့  တြိ+စတု + မတွန့် စေရနည်းကို ချချပေးလိုက်ရတယ် အဲ့ တော့ မှ စိတ်ကြေနပ်သွားကြပါလေရောဗျာ...
ဆိုပါတော့  အသက် ၁၇ ၁၈ ရွပိုးထိုးစိတ်တွေ ၀င်လာတဲ့  ကြာသာပတေးသားကို ထိမ်းတာက.....
၁။ (တော်တော်နဲ့ နေရာရွှေ့ စရာမလိုတဲ့ နေရာတစ်နေရျှာပြီး ဥပမာ ဘီဒိုအောက်ဆုံးဆင့် တို့ ဘာတို့ သဘော)..သူ့  အင်းကျီ အခေါက် ရဲ့ အောက်မှာ ဘယ်ဖက်ခြမ်းမှာ တြိရန်း အညွန့်  ထန်းညွန့်  ၁၀ညွန့် တစ်ထွာလောက် နဲ့  ညာဖက်ခြမ်းမှာ စတုရန်းအညွန့် အုန်းညွန့်  ၆ ညွန့် တစ်ထွာလောက် ဖြတ်ခင်းထား..
၂။ အင်းကျီ အောက်မှာ စနေနံအညွန့်  ထန်း နဲ့ တနင်္ဂနွေနံအညွန့်  အုန်းညွန့်  ခင်ပြီးပြီဆိုရင် အင်းကျီ အပေါ်မှာ တစ်ယောက်ထဲ ဓါတ်ပုံလေးထပ်တင် ( အမှန်တော့  မတင်လဲရတယ်..ကြာတေးသားအင်းကျီဖြစ်ရင်ပြီးတာပဲ)....ပြီးတော့ မှ ကြာသာပတေးသားသမီးတွေရဲ့  မတွန့် စေရ အတွဲတစ်ခုဖြစ်တဲ့  စွယ်တော် ၁၀ရွက် ထပ်ကလေး နဲ့  အဲ့  ဓါတ်ပုံ အင်းကျီ ကို ၁၀ချက်ပုတ် ပြောချင်တာပြောပုတ်ပြီး တင်ထားလိုက်ါပေါ့ လေ...
၃။ အဲ့ လို အင်းကျီအောက်မှာ တြိစတုနင်းကြမ်းပြု ပစ္စည်းနဲ့  အပေါ်မှာ အကာအကွယ်အထိမ်း မတွန့် စေရ အတွဲ ပစ္စည်းကို ထားပြီးရင် အဲ့ နေရကနေ တစ်ပတ်လောက်နေရာမရွှေ့ နဲ့  ( ဒါကြောင့်  အစကတည်းက နေရာမရွှေ့ ရမယ့်နေရာ ရှာလုပ်လို့ ဆိုတာ)..တစ်ပတ်လောက်ကြာရင် အရွက်တွေအသစ်လဲ.အဲ့ လိုလေး သုံးပတ်လေးပတ်လောက်ဆက်တိုက်လုပ်ထိမ်းထားပါပေါ့  ပုံမှန်ငြိမ်ပြီးအေးဆေးဖြစ်နေရင် လုပ်စရာမလိုဘူးပေါ့  ဖြုတ်ထားလို့ ရတယ်ပေါ့  နဲနဲ အကဲမရတော့ ဘူးဆို ပြန်လုပ်ပါပေါ့ ...
၎။ တစ်ချိန်ထဲမှာပပဲ ဘုရားစင်မှာပါ အဲ့  ကြာသာပတေးသားရဲ့ ဓါတ်ပုံကို ဖန်ခွက်အောက်ခံ ဖန်ခွက်ထဲ စွယ်တော် ၁၀ရွက်ထည့် ရေနဲနဲထည့် ဘုရားလှုထား တစ်ပတ်တစ်ခါအရွက်အသစ်လဲ သုံးလေးပတ်တော့ ဆက်လုပ်ပါပေါ့ ..
၅။ နောက် တတိယ တစ်ခုက အရွက်မပါတဲ့ စွယ်တော်ရိုးလေး တစ်ထွာလောက်နဲ့  အဲ့ ကြာသာပတေးသားရဲ့  အင်းကျီတွေ ဓါတ်ပုံတွေကို ခဏခဏ သွားသွားရိုက်ပေးလိုက်ြောချင်ရာပြောရိုက်ဗျာ...နံနှိမ်တာ မပါဘူး အန္တရာယ်ကင်းတယ် အန္တရာယ်ကင်းဖို့ လိုရင်းမလား ..အဲ့ ဒါစလုပ်ပြီး သိပ်မကြာဘူး ဂဏှာ
ငြိမ်သွားလိမ့် မယ်...ဘာညာပေါ့ လေ..အဲ့ လို ယတြာပေးလိုက်မှာ ဂွတ် ဆိုပြီး စိတ်ကျေနပ်သွားကြရောဗျာ
၆။ တပွဲတိုးထိမ်းယတြာမျိုးတွေ ဖြစ်လို့  ဘယ်အခါ မှာလုပ်ပါ ဘာညာ အတိအကျ မပြောလိုက်တတ်ဘူး အရွက်ရရင်စလုပ်လို့ ရပြီလို့ ယတြာပေးတတ်ပါတယ်
အဲ့ အတွက်ပြဿနာမရှိပါဘူးဗျာ...အများအားဖြင့်  အရွယ်ရောက်သားတွေကညော့ တာ အာရုံတွေ နောက်လာချိန်မှာ ကိုယ့် သားကိုယ့် တူ ကိုယ့် မြေးကို ကြည့် မရချင်တော့ သလိုလို စိတ်တွေတိုလာသလိုလို နဲ့  ချစ်ကလဲချစ်ကြတော့  ကွိုင်တွေတက် အချုပ်တွေရောက်မှာစိုး ဆိုတဲ့ စိတ်တွေဖြစ်လာချိန်မှာ လာယတြာယူတာမျိုးများပြီး ပုံမှန်ဆို အဲ့ လို ယတြာ လာမယူတတ်ပါဘူးဗျား...
၇။ အဲ့ တြိစတု မတွန့် စေရနည်းက အိမ်ပြေးကို ပြန်လာစေချင်တဲ့ အခါ ဖမ်းမိချင်တဲ့  အခါမှာလဲ သုံးပါတယ် အဲ့ အခါမျိုးမှာတော့  အခါတွေဘာတွေ ထည့် မှာတတ်ပါတယ် ချဲ့ ရင် ချဲ့ လို့ ရသေးတဲ့ နည်းပါ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..