Powered By Blogger

Friday, October 23, 2015

ဗေဒင်အလုပ်

ဗေဒင်အလုပ်
၀၀၀
.ဗေဒင်အလုပ်ရဲ့ သဘောက ကိုယ့် သဘောထားထက် လာမေးတဲ့ သူရဲ့ သဘောထား အများသဘောထားကို ဦးစားပေးတွေးခေါ်လုပ်ကိုင်ရတဲ့ သဘောရှိပါတယ်
သဘောက အယူအဆတစ်ခုကို ကိုယ် လက်ခံတာ ငြင်းပယ်တာဟာ ကိုယ့် တစ်ဦးတည်းသဘော ဖြစ်ပြီး အများဆိုင်ရာသဘောမှာတော့ အများသဘောနဲ့ ကိုယ့် သဘောကို လိုက်လျောညီထွေဖြစ်အောင် တွေးခေါ်လုပ်ကိုင်ပေးရတဲ့ သဘောရှိတယ် ( ဒါမှ လူအများနဲ့  စီးပွားဖြစ် ဆက်ဆံလို့ ရမှာမို့ ပါ)

ကိုယ့် အယူအဆတွေကို လာမေးသူတွေကို ချပြတဲ့ အခါ လာမေးသူရဲ့ ယုံကြည်မှု့  ဥာဏ်အရည်အသွေး အလွှာ ပညာ စီးပွား စတဲ့  သဘောတွေကို ချက်ကင်ဝင်ပြီးကိုယ့် အယူအဆတွေကို အတိုးအလျှော့  လုပ်ယူရတာရှိသလို တစ်ခါတစ်လေ ကိုယ့် အယူအဆကို အသာလေးခေါက်သိမ်းထားလိုက်ရတာမျိုးလဲ ရှိပါတယ်...အမြဲ ဆင်ခြင်ရတာက ဗေဒင်တွေပေးနေတာဟာ  ဒဿနဖြန့် ချီရေးလုပ်နေတာမဟုတ်ဖူး ကံကြမ္မာကို စီရင်ချချက်နေတာမဟုတ်ဖူး ဖြစ်နိုင်တာတွေ ဖြစ်တတ်တာဖြစ် ဖြစ်လေ့ ဖြစ်ထရှိတတ်တာတွေ ကို ဗေဒင်တွက်ပြီးပြောပြနေတာဖြစ်ဆို ဗေဒင်ဆရာဟာ တကယ်ဆိုဘေးလူသာ ဖြစ်တယ် ကိစ္စမှန်သမျှရဲ့ ကောင်းမှု့ ဆိုးမှု့ ကို လာမေးနေတဲ့  သူကိုယ်တိုင်ခံစားစံစားရမှာဆိုတာ ဆင်ခြင်ထားရပါတယ်...တစ်ခါတစ်လေ ဆင်ခြင်ထားရင်းကနေ အရှိန်လွန်သွားတာမျိုးလဲဖြစ်တတ်ပါသေးတယ်...

ကြုံဖူးခဲ့ ရတဲ့ အချစ်ရေး ကိစ္စတွေမှာ အများစု အတွက် အဆင်ပြေဖို့ ယတြာတွေပေးလေ့ ရှိပါတယ်  ဥပမာ ကြာသာပတေးသမီးတစ်ယောက်က သူ့  ပစ္စည်း ဂတ်ဂတ်ကြီးက ဘာညာတွေဖြစ်လို့  လုပ်ပါဦး ပြန်အကြောတဲ့ အောင်လို့  ဆိုလာတဲ့ အခါ ဗေဒင်ဆရာက ၂ နံ တွဲ ပစ္စည်းတွေ ဖြစ်တဲ့  ပိတောက်ညွန့် ကို ရာဟုထောင့် မှာ ရက်ဆက်လေး သုံးလေးရက်လောက်သွားလှုပါ..ပေါင်မုန့် ကို နို့ ဆမ်းပြီး မနက်တိုင်း အိမ်ဘုရားကပ် အဲ့ စနေသား ကို ဂတ်ဂတ်ကြီးနဲ့  အဆင်ပြေပါစေဆုတောင်းကပ်ပါ...စသဖြင့်  စနေသား ဂတ်ဂတ်ကြီးနဲ့  ကောက်ကွေးနေလို့ လာမေးတဲ့   ကြာသာတေးသမီးကို ယတြာပေးလိုက်တာ အများဆိုင်ရာသဘောအချစ်ရေး မေးခွန်းကို ပုံမှန်ဖြေတဲ့  ယတြာသဘောပါ....

ကျနော်တစ်ကိုယ်ရည်သဘော (၀ါ) တစ်ချို့ တွေရဲ့  ကိုယ်ပိုင်အတွေးအခေါ်သဘောကတော့  အချစ်ရေးဆိုတာ သစ္စာတရား ကရုဏာ ငဲ့ ညှာခြင်း နားလည်မှု့ 
စာနာမှု့ သီလ အပြန်အလှန် ယုံကြည်မှု့ အပြန်အလှန် တန်ဘိုးထားမှု့  ဆိုတဲ့  စိတ်တွေနဲ့ တည်ဆောက်ထားတဲ့ သဘော အဲ့ သဘောကို လက်ခံနိုင်တဲ့ လူမိန်းမ နဲ့ လူယောက်ျား ၂ ယောက် ခိုင်မြဲဖို့ အတွက် ဆို ဘာယတြာမှလုပ်စရာမလိုသလို ယတြာလုပ်ပြီး (၀ါ) ဓါတ်ရိုက်ဓါတ်ဆင်လုပ်ပြီး ၂ ယောက်သား အချစ်ရေးခိုင်မြဲအောင် လုပ်နေရတယ်ဆိုတာ အတော်တော့ ငုတ်စရာ ကောင်းတယ် ငါဆိုရင်တော့  အချစ်ရေးခိုင်မြဲအောင် ယတြာတွေဓါတ်ရိုက်ဓါတ်ဆင်တော့  လုပ်နေမှာ မဟုတ်ဖူး လို့  တွေးတာဟာ တစ်ဦးတည်းဆိုင်ရာဖီလင်သဘောမျိုးသာဖြစ်တယ် အဲ့ ဖီလင်ကို ဗေဒင်အလုပ်ခွင်ထဲကိုတော့  ယူသွားစရာ ချပြစရာမလိုဘူးပေါ့ ...အချစ်ရေး ရွာပျက်နေလို့  လာတဲ့  သူမှန်သမျှကိုသာ သူမှ သစ္စာမရှိတာ သွားပစေ လို့ သာပြောလွှတ်နေလို့ ကတော့  ကိုယ့် ဗေဒင်အလုပ်ကြီးဟာ ငိငိ တွေ ဖြစ်ကုန်မယ့် သဘောရှိပါတယ်....ဒါဟာ နမူနာ အတွေးအခေါ်သဘောလေးပါ...

ဆိုတော့  တစ်ခြားအယူအဆတွေမှာလည်း အများနဲ့ မဆိုင်တဲ့ အယူအဆတွေ အများအတွက် တိုက်ရိုက်ချသုံးလို့ မဖြစ်တဲ့  ကျမ်းတွေ အစဉ်အလာတွေ နဲ့ ကွဲလွဲနေတာ ငြင်းပယ်ထားတဲ့  မကျင့် သုံးတဲ အယူအဆတွေ ရှိတတ်သေးသလို အများထဲမှာလည်း အစဉ်အလာဓလေ့ တွေအတိုင်း လက်ခံထားသူ ငြင်းပယ်သူတွေလည်း ပါလာတတ် ရှိတတ်သေးတယ်ပေါ့ လေ...သဘောက တကယ့် အလုပ်ခွင်သဘောမှာ ဗေဒင်ဆြာဟာ လာမေးသူရဲ့  ယုံကြည်ချက်တွေ စိတ်သဘောထားတွေကို စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်ပြီး အကဲအရင်ခတ်ထားလိုက်ရပြီး သူ့ ယုံကြည်ချက်ကို အခြေအနေကြည့်  စကားအတိုးအဆုတ် လုပ်ယူရါတယ်လို့ ပါ...ဒါမှ ကိုယ့် ဗေဒင်အလုပ်ဟာ လာမေးသူနဲ့ အဆီအငေါ်တွေတည့် လေပေပးတွေဖြောင့် ပြီး မေးသူ နဲ့ ဟောသူ သာသာယာယာနဲ့  ငိငိလေးတွေ ဖြစ်လာမှာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..