Powered By Blogger
Thursday, February 19, 2015
''အမြင်တွေကွဲတဲ့ အခါ...''
''အမြင်တွေကွဲတဲ့ အခါ...''
-------------
ဒါနဲ့  မီဒီယာဆက်သွယ်မှု့ တွေက အများဆိုင်ရာမှာအားနဲနေတုန်းက အာဖဂန်မှာ ရှိတဲ့  ရှေးအကျဆုံး လက်ရာတွေထဲက တစ်ခုဖြစ်တဲ့  ဗုဒ္ဓရုပ်ပွားတော် ရပ်တော်မူအမြင့် စားကြီးတွေကို တာလီဘန်တွေက သူတို့ အယူ မဟုတ်လို့ မထားဆိုပြီး မိုင်းခွဲလိုက်တော့  ကမ္ဘာလုံးဆိုင်ရာ တုန်လှုပ် ခြောက်ခြားမှု့ တွေဖြစ်ကုန်တယ်ပေါ့ ..
ဒါကြီးတွေဟာ အယူဝါဒဆိုင်ရာ သင်္ကေတ ထက်ကျော်နေပြီး လူသားမျိုးနွယ်စုကြီးရဲ့ ယဉ်ကျေးမှု့ လက်ရာအဆင့် ဖြစ်တယ် မလုပ်ကောင်းပါဘူးပေါ့ လေ
.အဓိက ကွဲလွဲချက်က အကြောင်းကိစ္စတစ်ခုတည်းကိုပဲ တစ်ချို့ အမြင်က အပြစ်လုပ်တာ တစ်ချို့ အမြင်က ကောင်းမှု့ လုပ်တာလို့  ကိုယ်ကိုင်ထားတဲ့  အမြင်အတွေးအသိကနေ ကြည့် လိုက်တဲ့ သဘောမျိုးပဲလို့ တွေးလို့ ရပါရဲ့ ပေါ့ ....
ပုဂံဘုရားတွေ နယ်မြေကြီးက အများအပြောအရ နှစ်ပေါင်းထောင်ချီကြာခဲ့ ပြီဖြစ်လို့  ရှေးဟောင်း ယဉ်ကျေးမှု့ နယ်မြေ ဆိုလည်းဟုတ်၊ လူ့ မျိုးနွယ်အုပ်စုတွေ အတွက် သမိုင်းတွေဆိုလည်း မငြင်းပါပေါ့ ..ဒါက ရှေးဟောင်းသမိုင်းပညာသမားတွေရဲ့  သတ်မှတ်ချက်သဘော။ 
ဒီသဘောကိုလည်း အတိုင်း အတာတစ်ခုအထိ လက်ခံထားပေမယ့်  ဒီလို ရှေးဟောင်းယဉ်ကျေးမှု့ အဆောက် အအုံတွေလို့ ဆိုတာထက် ပိုပြီးရှု့ မြင်တာက ဒီအဆောက် အအုံတွေဟာ အဆောက်အအုံတွေ သက်သက် မဟုတ်ဖူး..ငါတို့ ကိုးကွယ်တဲ့ ဘုရားပုထိုးစေတီတော်မြတ်တွေ ဆိုတဲ့ ဖက်က ပိုပြီးရှု့ မြင်ခံစားတဲ့ ဖက်နေမြင်တဲ့ သူတွေက ပိုများပုံရပါတယ်..
အဲ့ တော့  ဘာတွေ ဖြစ်လာသလဲဆိုတော့  ဘုရားတွေ ပြုပြင်တာ ရွှေချတာ ထုံးသင်္ကန်းကပ်တာ ကောင်းနေသေးတဲ့ ထီးဟောင်းကိုချ ထီးသစ် ပြောင်းတင်တာ စသဖြင့် တွေဟာ ကောင်းမှု့ ကုသိုလ် လုပ်တာဖြစ်တယ် ဒီလိုလုပ်တဲ့ ကုသိုလ်ကြောင့်  လူဖြစ်ရင်လည်းလူ့ ချမ်းသာ နတ်ဖြစ်ရင်လည်း ဗြဟ္မာဖြစ်ရင်လည်း နတ်ဗြဟ္မာချမ်းသာ ဆိုတဲ့ ကောင်းကျိုးချမ်းသာတွေ လက်ရှိဘ၀မှာရော သံသရာဘ၀မှာပါ ရလိမ့် မယ်လို့ ယုံပြီး....
အဲ့ ဒီမှာ မူလက ရှိနေသေးတဲ့  နှစ်ပေါင်းထောင်ကျော် သက်တမ်းရှည်က ဖြစ်တည်ခဲ့ တဲ့  ကိုယ့် ဘိုးဘွား တွေ ရဲ့ လူ့ ယဉ်ကျေးမှု့ အဆင့် မြင့် လက်ရာတွေ တော်တော် များများ နှောင်းလူတွေရဲ့  ဘုရားအို ဘုရားပျက်ပြုပြင်တာ ကောင်းမှု့ ကုသိုလ်လုပ်တာ ဆိုတဲ့ ယုံကြည့် မှု့ အယူဝါဒအောက်မှာ ပျက်ဆီး ကုန်တော့ တာပါပဲ...
အဲ့ မှာ သွားတွေးမိပုံကရှေးဟောင်းလူ့ သမိုင်းစဉ်ကြီးရဲ့  ကြွင်းကျန်ရစ်နေသေးတဲ့ အနုလက်ရာတွေ ဒီဖက်ခေတ် လူတွေ ရဲ့  အကြောင်းပြချက် မျိုးစုံအောက်မှာ ပျက်ဆီးသွားပုံမှာ ထူးဆန်းချက်က အယူဝါဒ မတူလို့  မယုံလို သက်သက်သက် ဖျက်ဆီးလိုက်တာရယ်...ကောင်းမှု့ လုပ်တာပါဆိုပြီး ပြုပြင်ရာက ရှေး လက်ရာတွေကို ဖျက်ဆီး လိုက်သလိုဖြစ်သွားတာရယ်ပဲ ကွာတာဖြစ်ပြီး ပျက်ဆီး ကုန်တာချင်းကတော့ အတူတူပါပဲဆိုတာပါပဲ...ဒါပေမယ့်  ဘုရားတွေပြုပြင်ခဲ့ သူကြီးတွေရဲ့  သဘောကတော့  သူလုပ်ခဲ့ တာ ကုသိုလ်ကောင်မှု့  လုပ်ခဲ့ တာ သူမှန်တယ်လို့ ကို ထင်နေတုန်း ဆိုတာလည်း တွေ့ လိုက်ရတယ်။
အမြင်တွေကွဲတာ တစ်ချို့ ကိစ္စတွေမှာ ကိစ္စမရှိတတ်ပေမယ့်  တစ်ချို့ ကိစ္စတွေမှာတော့  တော်ယုံလောက် မဟုတ်ဖူးသဘောပါ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..