Powered By Blogger

Thursday, February 19, 2015

'' ခြုံယူဆင်ခြင်ပညာရေးသဘော ''


ခြုံယူဆင်ခြင်ပညာရေးသဘော
------
အများကြီးသဘောကို လွှမ်းခြုံကြည့် တတ်ဖို့  ( အဲ့ လိုရေးရင် ဆရာလာကျတယ်လုပ်ချင်လုပ်နေဦးမှာ ငိငိ) အဲ လွှမ်းခြုံကြည့် ကြည့် ပါလို့ ပြောရမလိုပေါ့ ..သမိုင်းဖြစ်စဉ်ကြီးထဲမှာလည်း တက္ကသိုလ် ကောလိပ်တက်ရောက်ဖို့ ဆိုတာ အလွှာအဆင့် တစ်ခုလောက်ရောက်မှ တက် နိုင်အောင်. လုပ်ထားပြီး .သင်ပေးတော့ လည်း ကိုလိုနီ ယန္တရား လည်ပတ်နေဖို့ လောက် အဓိကထားသင်ပေးတာမျိုး..တကယ့် ခေတ်ပညာတွေ ထူးချွန်စေဖို့ မဟုတ်ခဲ့ လို့  အများစု တစ်ပြည်လုံးလိုလို ဒေသအသီးသီးမှာ.က အယူဝါဒ အခြေပြု ဘုန်းတော်ကြီး ကျောင်းပညာရေး စနစ်နဲ့ တင်ပြီးခဲ့ ရတာများတယ်ပေါ့ ..

ဒါတောင် မိန်းကလေးဆိုတာသေစာ ရှင်စာလောက်ဖတ်နိုင်ရင်တော်ရောပေါ့ ဆိုတဲ့ ခေတ်က နောက်ကြောင်း ပြန်လိုက်ကြည့် ရင် စစ်ပြီးခေတ်အထိ တွင်ကျယ်နေတုန်းပဲ..အဲ့ ဒီ သေစာ ရှင်စာလေးတောင် မဖတ် မရေးတတ်တဲ့ သူက အများကြီး ရှိနေသေးလို့  ၀ထကလသ ဆိုပြီး အသုံးလုံးတောင်ထကျေလိုက်ပေးရသေးတယ်...သေခြာတာက အသုံးလုံးကျေ ပညာရေးလေး လုပ်ပေးထားယုံလောက်နဲ့ ရေနံချက်စက်ရုံတို့  ကားထုတ်လုပ်ရေးတို့  ကျည်ဆံရထားကြီးဖြစ်လာဖို့ တို့  လကမ္ဘာကိုဟန်းနီးမွန်းထွက်ချင်တယ်တို့ ဆက်သွယ်ရေးဂြိုလ်တု ထပစ်တင်ဖို့ တို့ တော့  မရနိုင်ပေဘူး...။။


အဲလို ကိုလိုနီယန္တယားလည်ပတ်ဖို့  အထောက်အကူပြု ပညာရေးခေတ်တွေထဲမှာမှ ဘိလပ်ပြန် မောင်းသောင်းဘေတို့ လို ဆာဂျေအေမောင်ကြီးတို့ လို ဆာဘွဲ့ ရ ပညာတတ်တွေ စသဖြင့် ဆိုပါတော့ အဲ့ ခေတ်က မန္တလေးအပြင်ဖက် မိုင်၅၀ ခရီးတောင် တစ်သက် မရောက်ဖူးပဲ ကိုယ့် ရွာလေးမှာမွေး ကိုယ့် ရွာလေးမှာပဲ အရိုးချသွားတဲ့ လူတွေများလွန်းသေးတဲ့ ခေတ်မှာ  နိုင်ငံခြားမှာတောင် ပညာတော်သင် သွားသင်တဲ့ ခေတ်ပညာတတ် ဆိုတဲ့ လူတွေ ရှိခဲ့ သေးတယ်..ဗန်တိုလူလေးဆိုတဲ့ မင်းသားကြီး ဦးညွန့် ဝင်းလည်း နိုင်ငံခြား စာသွားသင်ခဲ့ တဲ့ လူကြီးပဲ။ ဒါပေမယ့်  အဲ့ လိုထူးချွန်သူလေး တစ်ယောက်စ တစ်စုစနဲ့ တစ်ပြည်လုံး လူနေမှု့ တွေ ဘက်စုံကလိုလို လူနေမှု့ တန်းသိပ်မကွာလှပဲ  မြင့် မားလာဖို့ ဘယ်လို လုပ်ဖြစ်နိုင်မလဲ...

တိုင်းပြည်ရဲ့ ပညာရေးစနစ် အဆင့် ရှိမရှိ  ဆိုတာ တစ်ပြည်လုံးရဲ့  ဘယ်လောက် အတိုင်းအတာအထိ လူထုရဲ့ ဘယ်နှစ်ရာခိုင်နှုံးလောက်အထိ  လက်ရှိ ကမ္ဘာကြီးရဲ့  ဖြစ်ထွန်းနေတဲ့  ခေတ်နဲ့ အမီ ရင်ဘောင်လိုက် တန်းနိုင်မလဲ ဆိုတဲ့ အကျိုး သက်ရောက်မှု့ ပေးနိုင်မလဲကိုခြုံစဉ်းစားယူရတာ..

အမေရိကား အင်္ဂလန်ပဲ ကြည့် ကြည့့် ပြင်သစ်က တိုးဒီဖရန့် စက်ဘီးပြိုင်ပွဲလိုက်ရှိုးကနေမြင်ရတဲ့ မြင်ကွင်းကပဲကြည့် ကြည့်  အဲ့ တိုင်းပြည်တွေမှာ ကျေးလက်ဆိုတဲ့  တောတွေရွာတွေ က ချစ်စနိုး သဘောရှေးခေတ်ဟောင်းအောင်းမေ့ဘွယ်သဘောလောက်ရှိတော့ တာ မြို့ နဲ့ တော လူနေမှု့ အဆင့် တွေ ၀င်ငွေသဘောတွေ ကျောင်းပညာတတ် ခေတ်ပညာတတ် သဘောတွေမှာ အတူတူ နီးပါးတွေ လိုပဲဖြစ်ကုန်တာကို  တစ်ပြည်လုံး လွှမ်းခြုံမြင်ရတဲ့  ပညာရေးသဘောက ကောင်းတယ်လို့ ဆိုလိုတာ..

စပ်မိလို့ စကားပြောကြရင်း ပြောမိလိုက်တာက ဘယ်ကဏ္ဍမဆို သီးခြား ရပ်တည်နေတဲ့ ကဏ္ဍမရှိဘဲ တစ်ကဏ္ဍနဲ့ တစ်ကဏ္ဍတွေဟာ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက် ဖြစ်ဖြစ် ဆက်စပ်နေတဲ့ အကြောင်းတောင် လျှာရှည်လို့ ပျင်းတာနဲ့ သိပ်မပြောပြတော့ ပါဘူး..ဆိုပါတော့  ခေတ်မီတဲ့ စစ်တပ်ဖြစ်လာဖို့ တောင် ပညာမတတ်ရင် ခေတ်မီ လက်နက်တွေကို ဘယ်လိုလုပ်သုံးနိုင်မလဲသဘောပေါ့ ...သုံးနိုင်တယ်ထားဦး အဲ့ ခေတ်မီ လက်နက်တွေဝယ်ဖို့ ပိုက်ဆံက တိုင်းပြည်စီးပွားရေးကောင်းမှပေါ့  တိုင်းပြည် စီးပွားရေး ကောင်းဖို့ ဆိုတာ ပညာက...အဲဒီလိုတွေချိတ်ဆက်နေတာကိုဆိုလိုတာ..
.
ဒီတော့ အများကဆိုလိုတဲ့ နားလည်နေတဲ့ ပညာရေးဆိုတာ ကမ္ဘာကြီးရဲ့ ခေတ်အလိုက်ဖြစ်ထွန်းနေတဲ့ ယေဘူယျ ပညာရေးသဘောတွေကို ဆိုလိုတာဖြစ်ပြီး ပညာရေး မဂွတ်ဖူးဆိုတာက ကမ္ဘာတစ်ခွင်ရဲ့ ပညာရေးအဆင့် ယေဘူယျသဘောကနေ  အောက်ကို တော်တော်လေး နိမ့် ဆင်းသွား(သို့ ) နောက်ကျန် နေခဲ့ တာမျိုးကိုဆိုလိုတာဖြစ်ပြီး..

အကယ်၍ အခုကျင့် သုံးနေတဲ့ ပညာရေးစနစ်ကမဆိုးပါဘူးဆိုရင် ဘုန်းတော်ကြီး ကျောင်းပညာ သင်ကြားရေးတွေက လူတွေ ရေးတတ်ဖတ်တတ်လေးသေစာ ရှင်စာလေးတောင် စာမတတ်ကြတော့ ကုန်မှာစိုးလို့  ဘေးကနေ ၀ိုင်းကူရတဲ့ သဘောနဲ့  ကိုယ်ထူကိုယ်ထကျောင်းလေးတွေ မြန်ပြည် အ၀ှမ်းမှာ ထောင်နဲ့ ချီပြီး ဖွင့် ပေးလာစရာ အကြောင်း မရှိပဲ ကိုယ့်  အယူဝါဒအတွက် သာသနာပြုလုပ်ငန်းစဉ်တွေကို ပိုပြီးဆောင်ရွက်နိုင်မှာပေါ့ .

မဆလခေတ်လို တစ်ပါတီအာဏာရှင်စနစ်မှာတောင် ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားရေး ဒီလောက်များခဲ့ ပုံ မရသေးသလို ခုခေတ်လောက်  ထင်လည်း မထင်ရှားခဲ့ ပါဘူး.ဘုန်းတော်ကြီးတွေ အများဆုံးဖွင့် ပေးတာ အင်္ဂလိပ်စာသင်တန်းတွေသာများခဲ့ တာ......ခေတ်ပညာရေးမကောင်းလေ ဆင်းရဲဖို့ (သို့ ) လူတန်းမစေ့ ဖို့ နီးစပ်လေ ..လူတန်းမစေ့ လေ ပညာမသင်ကြားနိုင်လေ..တိုင်ပြည်ရဲ့  ဖွံ့ ဖြိုးမှု့ က ကျန်ခဲ့ နေလေလေ စသဖြင့်  ကရွတ်ကင်းလျှောက်နေတဲ့ သဘောပေါ့ ..

အခုစာတောင် ဘယ်သူ့ ကိုမှ ရှင်းပြနေတာ မဟုတ်ဖူး ရှင်းပြနေလို့ လည်း ဘူးခံမယ့် လူက ဘူးခံ နေတာပါပဲဆိုတာ ဘ၀အတွေ့ အကြုံတွေကသင်ပေးလိုက်ပြီးသား င်္ဒီတော့  ဒါဆို ဘယ်သူ့ ကို ရှင်းပြနေတာလဲလို့ ဆိုရင် ကိုယ့် ကိုယ်ကိုယ် ပြန်ရှင်းပြနေတာလို့ သူများတကာတွေရဲ့ ပါးစပ်ဖျား လမ်းဆုံးမသွားစေဖို့ ပေါ့ ......ဟဲဟဲ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..