လောကဓံကို အတွေးပြောင်းပြီး ရင်ဆိုင်ခဲ့ တာ ဒီလိုပါ
--------
ကျနော်တို့ ဖအေကြီး ရုတ်တရက် ထဖေါက်ပြီး ဆေးရုံတင်လိုက်ရပါတယ်..၊ အတော် အသက်လုလိုက်ရပေမယ့်  နောက်ဆက်တွဲ သတင်းက ကျောက်ကပ်က အလုပ်မလုပ်တော့ ပါဘူးတဲ့ ..စက်ကူမှဆိုပါတော့ 
ဆရာဝန်မကြီးက အတော်သဘောကောင်းပြီး ဗမာပြည်အနေအထားနဲ့  စက်နဲ့ ဆေးရမယ့် ကိစ္စအထိမဖြစ်အောင်ထိမ်းကြည့် ပါသေးတယ်..ဒါပေမယ့်  မရတော့ ပါဘူး..မတတ်သာလွန်းလို့ နောက်ဆုံးကျနော်တို့ ကိုခေါ်တိုင်ပင်ပါတယ်...တစ်သက်တာဆေးရမှာ ဖြစ်တဲ့ အကြောင်းနဲ့ အကြမ်းဖျင်းကုန်ကျစားရိပ်တွေအကြောင်းပေါ့  ပြီးတော့  ရက်ပိုင်းအတွင်း ဆုံးဖြတ်ပါလို့ ပါ ပါသေးတယ်...ပြီးတော့  မဆေးရင်လဲ ရက်ပိုင်းပါပဲပေါ့ ..စဉ်းစားပါပေါ့  ...
အဲ့ ဒီညနေမှာ မောင်နှစ်မတွေ ဆေးရုံမှာ လူစုံနေတုန်း ကျနော်ဟာ အိမ်ကို တစ်ယောက်ထဲ ပြန်ချသွားပါတယ်...အိမ်ရောက်တဲ့ အခါ တစ်ယောက်ထဲ ဘုရားစင်ရှေ့ ထိုင် ရှေ့ က ဘုရားစင်ပေါ်က ဘုရားမျက်နှာတော်ကိုမော်ကြည့် နေရင်း ရင်ထဲက စို့ နေသမျှကို လျှော့ ချလိုက်ရင်း..ချုံးပွဲချပြီး အားရပါးရငိုကြွေးပစ်လိုက်ပါတော့ တယ်...မောင်နှစ်မတွေရှေ့ မှ တင်းခံပြီးနေခဲ့ သမျှ အတိုးချပေါ့ ....သူတို့ တွေရှေ့ မှာ ကိုယ်ပြိုလဲပျော့ ခွေပြလို့ မဖြစ်ဖူးလေ...
ကလေးတစ်ယောက်လို အတော်ကြာအောင် အားရပါးရငိုပြီးတဲ့ အခါ စိတ်နဲနဲပေါ့ သွားတာနဲ့  ရေကောက်ချိုးပစ်လိုက်ပြီး ဘုရားရှေ့ ပြန်ထိုင်ရင်း ဆုတောင်းပါတယ်..တစ်မျိုးထဲ လေးလေးနက်နက် ဆုတောင်းမိတာက '''' ကျောက်ကပ်ဆေးဖို့  ပိုက်ဆံမရှိတော့ လို့ သေရတဲ့ အဖြစ် မရောက်ရပါစေနဲ့ ဘုရားးး''' လို့ ပေါ့ ...တကယ့် ကိုစိတ်ပါလက်ပါ ပါပဲ...အကြောက်ဆုံးက ရောဂါတွေ သေဆုံးမှာတွေ မဟုတ်ခဲ့ ပါဘူး..'''ငွေမရှိလို့ ဆေးမကုနိင်ပဲ သေသွားရတယ်ဆိုတာမျိုး ''' ကိုယ့် လက်ကျန် ဖအေကြီးမှာ သွားဖြစ်မှာကိုပါပဲဗျာ...
'ဒီအတွေးဟာ ကိုယ့် အသက်ပိုင်းအရဆိုရင် ကိုယ့် ခွန်အားစွမ်းအားနဲ့ ဆိုရင် သိပ်ကိုပြင်းထန်တဲ့ လောကဓံပါပဲ...ဒီလိုဆေးစားရိပ်မျိုးနဲ့ ကိုယ့် မှာသာဆိုရင် မကုပေးပါနဲ့ တော့  လို့  ငါမဆေးတော့ ဘူးလို့  အသေခံရဲနိုင်ပေမယ့်  အခုက ကိုယ့် မွေးသဖခင်ကျေးဇူးရှင်မှာမှ လာဖြစ်ရတာဖြစ်ပြီး ဆုံးဖြတ်ဖို့ က ကိုယ့် အပေါ်မှာ အဓိကတာဝန်လာရှိသလိုမျိုးဆိုတော့  သိပ်ကိုတုန်လှုပ်သွားရချိန်မျိုးအတွေးပါပဲဗျာ...
နောက်တော့  ဆက်စဉ်းစားရင်း တွက်ဆရင်း စိတ်ထဲဖြစ်သွားတာက အိုးးး...ဘာဖြစ်ဖြစ် နောင်ခါလာနောင်ခါဈေးပဲ လိုတာတွေ နောက်မှ ကြည့် လုပ်တာပေါ့  တစ်ရက်ခံလဲ ကိုယ့် ဖအေပဲ ဆေးမယ် လို့  ဆုံးဖြတ်လိုက်ပြီး ဆရာဝန်မကြီးကို ဆေးပညာအရလုပ်စရာရှိတာ အကုန်သာလုပ်ပေးပါတော့ ဗျား လို့ အကြောင်းကြားလိုက်ရင်း ကျောက်ကပ်ဆေးတဲ့ စခန်းကို ဆက်ချီတက်တော့ တာပါပဲဗျာ...
ပထမပိုင်းမှာ ကျောက်ကပ်ဆေးရင် ပိုက်ဆံပြတ်သွားရင် ဆိုတဲ့  သောကအပူမီးဖြစ်နေသမျှတွေဟာ နောက်တော့  နဂိုဖတ်မှတ်ထားတဲ့ ဓမ္မစာပေတွေထဲက ဇာတကတွေ ကိုယ့် ရဲ့ ဘ၀ဖြတ်သန်းမှု့ တွေ ရထားတဲ့ အတွေ အြကြုံတွေကို တစ်စစီ တစ်စီပြန်ဆက်စပ်တွေးရင်း ကံ တွေရဲ့ သဘောကို ရိပ်စားမိတဲ့ အခါ အပူသောကတွေဟာ အတော်လေးလျော့ လာပါတယ်...ကျောက်ကပ်ဆက်ဆေးနိုင်ဖို့ ပိုက်ဆံရှိမရှိ အခြေအနေတွေအားလုံးဟာ လူမမာရဲ့ ကံအတိုင်းပဲ သူ့ ကံပေါ်မှာသာပိုအဓိကကျတယ် ငွေရှိတိုင်း ကြာကြာအဆေးခံနိုင်တာမျိုးလည်းမဟုတ်ဖူး ဆေးကုနိုင်သမျှ ကုပေးဖို့ က ကိုယ့် ကိစ္စ ကိုယ့် မှာ ရှိသမျှတော့  ပုံအော လုပ်မှာပဲဖြစ်တယ် ကျန်တာသူ့ ကံ အတိုင်းပဲ ဆိုတဲ့ ဓမ္မသဘောကို တွေးမိလိုက်တော့ မှ နေသာထိုင်သာဖြစ် ယတြာတွေဘာတွေပြန်ကူလိုက်နိုင်ပါတော့ တယ်ဗျား...
စိတ်လက်သောကအပူမီးကို လျှော့ ချလာနိုင်တော့  အလုပ်က ပြန်သွက်လာ အလိုက်သင့် လေးတွေဖြစ်လာတော့ တာပါပဲဗျားး....ဒါဟာ ပြင်းထန်တဲ့ လောကဓံတွေကို အတွေးတွေပြောင်းပြောင်းပြီး ကျော်လာတဲ့  ကျနော့် နည်းတစ်ခုပါပဲဗျာ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..