Powered By Blogger

Wednesday, February 18, 2015

''စောစောကတက်ကြွနေတဲ့  လက်ကြီးက လေထဲတန်းလန်းကြီး.''

''စောစောကတက်ကြွနေတဲ့  လက်ကြီးက လေထဲတန်းလန်းကြီး.''
---------------
နားအကြားနဲ့ မျောခဲ့ ဘူးတာလေးတစ်ခုပြောရရင် မှောင်ခိုဈေးဆိုတဲ စိန်ဂျွန်းဈေးခေတ် နှောင်းလောက်ရောက်ခါနီးလုလုပေါ့  ..ယိုဒယားနယ်စပ်အခြေပြု မာနယ်ပလောတို့ သေဘောဘိုးတို့ မှာ ရန်ကုန်မှာတောင် ဘောစိတွေလောက်ပဲသုံးနိုင်သေးတဲ့ ဖိုးဝှီးလ်ဒရိုက်ကားကြီးတွေ နဲ့ စည်ကားနေပုံကို ယိုးဒယားပစ္စည်းတွေ မှောင်ခိုကုန်ကူးနေတဲ့  အမျိုးတွေတင်စားပြောနေပုံက နတ်ဘုံလောက်နီးနီးပဲ...

အပြောကောင်းချက်က ကိုယ်တွေပါ အိမ်ပစ်ပြီး လိုက်သွား နေချင်စရာ ကောင်းလောက်အောင်ပေါ့  ထိုင်းမှာစည်ကားနေပုံကလည်း ဒူးအော်ဖစ်လို တီလုံးတို့ ဒေးဗစ်တစ်ချမ်းတို့ လို့ ဟောင်ကောင် မင်းသားကားတွေကနေ မြင်နေရလို့  ထိုင်းနယ်စပ်ဆိုတော့  နတ်ပြည် လောက် နီးနီးစည်နေပြီဆိုတာ ဟုတ်လောက်မှာပဲလေ...ပေါ့...

အမျိုးတွေပြောပုံကိုက သူတို့ တွေအင်အားကြီးနေပုံက အစိုးရတပ်တွေတောင် သွားတိုက်ဖို့ မလွယ်သလိုလို....နောက်တော့  အဲ့ စခန်းတွေက ကွိုင်ရော...ကွိုင်တော့  ရှာရဖွေရတာညစ်နေတာ ရိုက်ကွက်ကောင်စီဥက္ကဌကစပြီး နိုင်ငံတော်ကောင်စီဝင်တွေအထိ အာရုံမလာတော့ လောက်အောင် ဗိုလ်ကျနေတာကိုလှိမ့် ခံနေရတာ..အစစရှားပါးနေတော့  အတော်လန်းနေတယ်ဆိုတဲ့ ထိုင်းနယ်စပ် စခန်းကြီးတွေကို  ကိုယ်တွေက နဂိုကကို ကိုယ်တွေထက်ထောနေရပါ့ မလားလို့  မနာလို တိုရှည်တွေဖြစ်နေတုန်းဆိုတော့  လက်ခုပ်တွေတီး သြဘာတွေပေး..ကိုင်းးးဘာတတ်နိုင်သေးတုန်း..ငါတို့ ဗမာ့ တပ်မတော်ကို အချဉ်တွေများ ထင်နေလို့ လားဟေ...ဒါပဲပေါ့ ..ဘာညာနဲ့  လက်သီး လက်မောင်းတန်းပြီး တက်ကြွပြတုန်း.......



မှောင်ခိုချနေတဲ့  အမျိုးတွေက ရီတယ်..ဟားဟား တဲ့  အဲ့ မှာ တောင်ကုန်းတွေချည်းပဲ ဘယ်လူမှကြာကြာ မနေနိုင်ဘူး..စစ်တပ်က အဲ့ လိုလာမှာ သိပြီးသား အခွံတွေပဲ  ကျန်ခဲ့ တာ ဟိုက ရှမ်းကမ်းထဲ နေရာရွှေ့ သွားပြီ နင်တို့ စစ်တပ်လည်း ကြာတော့  ငတ်လာလို့  နောက်တန်းလဲ ပြန်သွားရော ဟိုက အေးအေးဆေးဆေးပဲပြန်လာနေရော...တဲ့ ..

.အဟီးးးး...စောစောကတက်ကြွနေတဲ့  လက်ကြီးက လေထဲတန်းလန်းကြီး...အမျိုးတွေပြောတာ ဟုတ်နိုးနိုးကိုး ကိုယ်မှ မရောက်ဖူးမမြင်ဖူးပဲ သူတို့ တွေပြောတာပဲ ထိုင်နားထောင် နေရတာ လေ...နောက်မှပြန်စဉ်းစားမိတာ ငါတို့ လည်း ဒယ်အိုး မိန့် သလိုဖြစ်နေပြီး သူများပါးစပ်ဖျားမှာ လမ်းဆုံးနေတာမျိုးဖြစ်နေပြီလို့ ...

နောက်ကြတော့  မြိုင်ကြီးငူ ဟော့ လာရောဗျာ...အဲ့ မြိုင်ကြီးငူ က မြိုင်ကြီးငူမဖြစ်ခင် သာမညက အရင်နာမည်ကြီးနေပြီ...အစိုးရကတောင်သွားပြဿနာရှာသေးတာ  ဟိုကဆြာတော်ကြီး က တန်ခိုးပြလိုက်တာ ဒီဖက်က  အစိုးရက အတော်ဖြုံသွားတယ်ဘာညာတွေ သတင်းတွေက ထွက်နေပြီ...အဲ့ နောက်မှာ မြိုင်ကြီးငူကသာမညတောင်နဲ့ စင်ပြိုင်လိုလိုဘာလိုလိုနဲ့  မြိုင်ကြီးငူ စဖြစ်လာတာ ကြားရတော့ တာပါပဲဗျား..

.စကြားရတုန်းကလည်း ဇာတ်ကနာချက်က ထိုင်းနယ်စပ်နဲ့ ဗမာနယ်စပ်မှာ မဟာဗျူဟာကျတဲ့ တောင်ကုန်းကြီးတွေရှိသတဲ့ အဲ့ တောင်ကုန်းထိပ်တွေမှာ စေတီတွေ လိုက်တည်သတဲ့ ကျောင်းသင်္ခန်းသေးသေးလေးတွေနဲ့ တဲ့ ...တကယ်တော့ တဲ့  အဲ့ ဒါဟာ သာသနာပြုတယ်ဆိုတာထက် အစိုးရတပ်တွေ လက်နက်ကြီးနဲ့ အဝေးကနေပစ်ဖို့  ပစ်ကွင်းချိန်တဲ့ အခါ အမှတ်အသားလုပ်ရအောင် စေတီလေးတွေလိုလို ဘာလိုလိုလိုက်တည်ခိုင်းလို့ ပစ်ကွင်းချိန်လို့ ရအောင်လိုက် တည် ပေးထားတာဆိုပဲ..အဲ့ ဒါကို ဟိုဖက်ကသိလို့  မောင်းထုတ်လိုက်သလိုလိုပေါ့  .အဲ့ လိုကြားပြန်တော့  ဟေ...ပေါ့ ...။

ဟာာာားးး..ကြားရတာ နားကို .မျက်စိတွေကိုလည်လို့  အားပါးပါး..စစ်ရေးအမြင်ဆိုတာ အရပ်သားတွေတောင် လွယ်လွယ်လေး တွက်ပြနိုင်သားပါလားပေါ့ ...ဟုတ်နိုးနိုးပဲလေ အတော် သဘာဝကျနေတာကိုး...ကိုယ်တွေ မြို့ ပေါ်ကကောင်တွေကလည်း စစ်ပွဲအစစ်ဆို ရုပ်ရှင်လောက်မြင်ဘူးတာ...ခိခိ...အခုနေပြန်စဉ်းစားရင် ရယ်ရတယ်တော့  ဗြဲ....ပဲ...ဟီးးး...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..