နေရာတကာ အမှန်တရားပြောသင့် မသင့်  ဆိုတဲ့ ကိစ္စက ငြင်းရခုန်ရတာ ၀ါသနာကြီးတဲ့ သူတွေကြားမှာ ခေါင်းစဉ်တစ်ခုတင်ပြီး တော်ကီထုလို့ ကောင်းတဲ့ သဘောရှိပါ့ ရဲ့ ဗျာ..ဒါပေမယ့်  အဲ့ လို တော်ကီပွား နေကြလူတွေအများစုက တကယ့် လက်တွေ့ ဘ၀မှာဆိုရင်တော့  မီးစင်ကြည့် က ပြောလိုက် တတ်ကြတာက အများစုပါလေ ဆိုတာမျိုး တွက်ဆလို့ ရတာကလည်း အံ့ ချက်ပါလေ လို့  ဆိုရမလိုပါပဲဗျာ့ .....
ကိုယ့် ဟာကိုယ်သာ ''ငါတော့ အခြေအနေ အမှန်ကို အမှန်အတိုင်း ပြောလိုက်တယ်အေ..မကြိုက်လည်း မတတ်နိုင်ဘူး''. (အမှန်တရားလက်ကိုင်ထားသူကြီး ငါကွ ) လို့ သာ ခပ်တည်တည်နဲ့  ထင်နေတာ ကိုယ်ပြောလိုက်တယ် ထင်တဲ့  အမှန် ပြောလိုက်တယ်ဆိုတာ အမြင်ကို အထင်ကပ်ပြီး ပြောလိုက်တာလား ?အမှန်လား အမှားလားအဖြေပေါ်ပြီမို့ လို့  ကိုယ်ပြောတာ အမှန်တရားပြောတာလို့ မှတ်လိုက်တာလား? ဆိုတာ ကြားခဲ့ ရသမျှ အတော်များများကိုယ်ပြောခဲ့ တာကို ကိုယ် ပြန်စဉ်းစားပုံမရတာကလည်း အံ့ တော်မူတစ်ပါးပါလေ...
၁၀တန်း ကျောင်းသူလေးတစ်ယောက်ရဲ့  မအေက စိတ်မကောင်းခြင်းကြီးစွာနဲ့ စိတ်ပူခြင်းများစွာ ပေါင်းပြီး လာရင်ဖွင့် ပုံက သူ့ သမီး အခြေအနေလေး ဘယ်နှယ့် လဲလို့ သူ့ သမီးရဲ့ အတန်းပိုင်ကို မိဘတို့ ရဲ့ အလွယ်တကူ မေးခွန်းထုတ်တတ်တဲ့ အတိုင်း မေးခွန်းသွားထုတ်တဲ့ အခါ အတန်းပိုင်က ''
အမှန်အတိုင်းပြောရရင် ရှင့် သမီးက မအောင်နိုင်ဘူးလို့ ပြောလိုက်တယ် '' လို့  ပြောပြီး အဲ့ တာ ကူပါဦးကယ်ပါဦးပေါ့ လေ...
မညှာမတာ မိဘချင်းကိုယ်ချင်းမစာ အတော်ရက်စက်တဲ့ အတန်းပိုင်ပေပဲလို့ စိတ်ထဲကတွေးမိသလို သူဝေဖန်ပုံကို သူက ငါတော့  အမှန်တရား စကားပြောလိုက်တယ်လို့ ပါ ထင်နေပုံပါပဲဗျာ...
ပထမဆုံးစဉ်းစားစရာကောင်းတာက ဘယ်လောက်ပဲ စာညံ့ နေသည်ဆိုပါဦး ၁၀တန်းစာမေးပွဲက ဖြေလည်းမဖြေရသေးဖြေပြီးတယ်ထားပါဦး အောင်စာရင်းလည်း မထွက်သေးတဲ့ ၁၀တန်း ကျောင်းသားကို အောင်မယ် ကျယ်မယ်လို့  ပြောတာဟာ ''အမှန်တရားစကားပြောလိုက်တယ်လို့ ထင်တာဟာ'' မှန်တဲ့ စကားပါလား? ..အမြင်ကို အထင်ကပ်ပြီး မရောက်လာသေးတဲ့ အနာဂတ်ကို ဟောကိန်းကြိုထုတ် ယုံလေးလောက်ပဲ မဟုတ်ဖူးလားလို့ မေးရင် ဘယ်လိုဖြေပါ့ မလဲ..?
တကယ့် ပညာရေးအတွေ့ အကြုံအရဆိုရင် မူလတန်းကစပြီး၁၀တန်းအထိ အတန်းစဉ်မှာ တော့ တန်းဝင်နေခဲ့ တဲ့ ကျောင်းသားကျောင်းသူတွေမျိုးဆို ၁၀တန်းကိုအောင်မယ် မအောင်ဘူးစကားထဲထည့် တောင်မပြောတော့ ပါဘူး ဒီဘယ်နှစ်လုံးပါမလဲလို့ သာ ခန့် မှန်းနေကြရိုးရှိသလို.၈တန်းလောက်ကနေ ၁၀တန်းလောက် အထိ အတန်းစဉ် အတန်းတွင်း အခြေအနေ ကို သိနေတဲ့ သူအဖို့  ဒီကျောင်းသား ကျောင်းသူ အောင်ခြေ ရာခိုင်နှုံး ဘယ်လောက်ပဲ ရှိတယ် ဆိုတာကိုလည်း အနီးကပ်ဆုံးခန့် မှန်းနိုင်ပြီး လွဲခဲပါတယ် ..
ဒါပေမယ့် လာမေးသူဟာ မိဘပါ..မိဘဆိုတာ သူ့ သားသမီးဘယ်လောက်ညံ့ ညံ့  ဆိုးဆိုး သူ့ သားသမီးကို အထင်သေးအမြင်သေးပြောတာ မခံစားနိုင်ပါဘူး...ဒါကိုထည့် တွက်ရပါမယ်...နောက်တစ်ချက် ချောင်ပိတ်မေးခွန်းတွေမဟုတ်ခဲ့ ရင် ပရိယာယ်နဲ့ တစ်ဝက်တစ်ဝက်သဘောလေး ခွချက်လေးပြော
ပေးထားလို့ ရော မဖြစ်နိုင်ပါဘူးလား..အောင်နိုးနိုးလေးနဲ့  ၃လလောက်ပေး ပျော်ထားစေလိုက်ရင်ရော ဘာမှ မလုပ်ရခင် ကြိုတင်အားကုန်နေစေတာထက် ခဏစိတ်ချမ်းသာနေလဲ မနဲပါဘူးလေးဆိုတာမျိုး ပိုမသင့် တော် ပါဘူးလား ...စဉ်းစားစရာတွေဖြစ်လာပါတယ်.......
စာပေလာ ကျမ်းလာ အယူဝါဒတွေကလာ မှန်သောစကား ဘာညာတွေဟာ ဖတ်လို့ ကောင်းပေမယ့် တကယ့် လူ့ ဘောင်လောကထဲမှာ တော့  ကမ္ဘာပေါ်က တစ်ချို့ အုပ်ချုပ်သူတွေ အစိုးရ တွေလိုမျိုး..အလကားနေရင်း အလွန်အကျွံ ဘတ်ကီးရိုက် လိမ်လည် ကောက်ကွေ့ တွေပြော လိမ်ပြောစရာ အကြောင်းမရှိရင် ကိုယ့် ပေါင်ကိုယ်လိမ်ပြောတတ်တဲ့ အမူဆိုးအကျင့် ဆိုးမျိုးတွေကလွဲရင်....
ပြောရရာရင် စကားတစ်ခွန်းရဲ့ အကျိုးသွားဆိုတာ ပြောချလိုက်တဲ့  အခြေအနေအချိန်အခါ အပြောခံမည့် သူ သက်ရောက်မှု့ ကာလအတိုင်းအတာ စသဖြင့် ပေါ့ လေ...ဒါလေးနဲနဲပါးပါးတွေးလိုက်ယုံနဲ့  အခြေအနေတစ်ခုကို အသေဆုပ်ထားဖို့ လိုမလိုဆိုတာ....


No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..