Powered By Blogger

Wednesday, June 17, 2015

ကာယကံရှင်ရဲ့ ကံသာ...



ကာယကံရှင်ရဲ့ ကံသာ...
----
လုပ်သက်နှစ်တွေအများကြီးရလာတဲ့ အခါ အတွေ့ အကြုံတွေ များလာခဲ့ တယ်..အဲ့ ဒီမှာ ကာယကံရှင်ရဲ့  ကံကသာ အဓိကဆိုတာ ပိုထင်ရှားလာတယ်...

လွန်ခဲ့ တဲ့ သုံးနှစ်လောက်က ပြည်ပသတင်းတစ်ပုဒ်မှာ (ဆွစ်လို့ ပဲထားပါတော့ မေ့တော့ နေပြီ) ဆွစ်နိုင်ငံက လူတစ်ယောက်ဟာ ကျောက်ပ်အသစ်လဲဖို့  သူ့ အလှည့် မရောက်ခင် စက်နဲ့ ဆေးရင်း အလှုရှင်ကိုစောင့် နေခဲ့ တာ နှစ်ပေါက်ခဲ့ ပြီ..တစ်နေ့ တော့ ပြင်သစ်ဆေးရုံးက ကျောက်ကပ်တစ်လုံးရလာတယ်၊ အအေးဗူးနဲ့ ထည့် ပြင်သစ်လေဆိပ်ကနေ ဆွစ်ကိုလေကြောင်းနဲ့ ပို့ တယ်..အဲ့ အခါမှာ အဲ့ ကျောက်ကပ်အအေးဗူးဟာ ဆွစ်ဆေးရုံကို ရောက်မလာခဲ့ ဘူး အကြောင်းက ပြန်စုံစမ်းတဲ့ အခ်ါလေယာဉ်မှားပါသွားပြီး တစ်ခြားဥရောပနိုင်ငံတစ်ခုပါသွားလို့ ဆိုတဲ့ အကြောင်းသိလိုက်ရတယ်..သိတဲ့ အချိန်မှာတော့  နာရီတွေလွန်နေခဲ့ ပြီဖြစ်လို့  အဲ့ ကျောာက်ကပ်ဟာ အစားထိုးဖို့ အသုံးမ၀င်တော့ ဘူးလို့ ဆိုတယ်..ဆက်ဆေးပြီး နောက်တစ်လုံးကို ဆက်စောင့် နေရတော့ တာပေါ့ 



ပြီးခဲ့ တဲ့ ၅နှစ်လောက်က သိပ်ကိုချမ်းသာတဲ့ သူ စလုံးကို ခဏခဏ ဆေးသွားစစ်တတ်သူ ဥရောပ အမေရိကား ဂျပန် ကို အိမ်ဦးနဲ့ ကြမ်းပြင်လို ခရီးသွားနေတတ်သူ မိုးကုတ်သားကြီးတစ်ယောက် ဟာ မိုးကုတ်ကိုညဦးပိုင်း ကိုယ်ပိုင်ကားနဲ့ ပြန်အတက် ရွာစဉ်တန်းပြတ်တဲ့ နားမှာ ကားဘီးပေါက်တယ်..အဲ့ အချိန်မှာပဲ နဂိုအခံ နှလုံးရောဂါက ထပြီး ဟတ်အတက်ရတယ်....ဘီးအပိုအမြန်လဲ မန္တလေးပြန်ဆင်းပေမယ့်  မန်းကို အသက်ပါမသွားတော့ဘူး သူ့ စည်းစိမ်တွေဟာ တကယ့် အရေးမှာ ကျမ္မာရေးအတွက် အသုံးမချလိုက်ရတော့ ဘူး..

ဗိုက်ကြီးသည်မမတွေလာရင် အမြဲပြောပေးလိုက်တာက ကျနော်က ရက်တွေ နာရီတွေ ဘယ်လောက်ရွေးပေးပေး အထဲက ဆရာသ္ခင်လေးက သူထွက်ချင်တဲ့ အချိန်ထွက်တတ်လို့  ကံတစ်ကွက်ချန်ထားပါလို့ ..မကြာခဏကြုံခဲ့ ရတယ် ရက်ရွေးထားပြီးမှ ရေမွှာစောပေါက်လို့  ထပြေးခွဲထုတ်ရတာ..ခွဲဖို့ ရွေးထားတဲ့ ရက်အတိုင်း ခွဲခန်းရှေ့ ရောက်မှ တစ်ခြားအပြင်မှာ ရေမွှာပေါက်လာတဲ့  အရေးပေါ်ဗိုက်ကြီးသည်က အသက်လုခွဲရမှာမို့  ခွဲခန်းထဲ ဖြတ်တက် ၀င်သွားတာမျိုးတွေ......ဒီတော့ သဘောက ရွေးထားတဲ့ ရက်တွေနာရီတွေအတိုင်း ရလာလည်း အထဲက ဆရာသခင်လေးရဲ့ ကံ ထွက်ချင်တဲ့ အချိန်စောထွက်လာလည်း အထဲက ဆရာသခင်လေးကံ....

လူ့ ဘ၀ကိုရောက်လာလို့  ပထမဦးဆုံး အဖြစ် ကိုယ်ပိုင် အဖြစ် ရလာတဲ့  အမည်သညာခေါ်စရာ မောင်ဘယ်သူ မဘယ်ဝါဆိုတာ ဘယ်ကလေးကမှ အဖေတို့ အမေတို့ ရေ ကျနော် ကျမတို့ ရဲ့ အမည်ကို ဒီလိုခေါ်ပါနော်လို့  ကိုယ့် အမည်ကိုယ်ပေးပြီး ရောက်လာခဲ့ တာ မဟုတ်ပေဘူး. .မိဘအုပ်ထိမ်းသူတွေကသာ ၀ိုင်းပေးခဲ့ ကြတာမျိုးပဲ..ဒီကလေးကို ဒီလိုခေါ်ကြမယ်ဆိုတာ အဲ့ ကလေးရဲ့  အတိတ်ကံအရိပ်က စေ့ ဆော်လိုက်တာမျိုးပဲ..ဒါကြောင့်  ကလေးတစ်ယောက်ရဲ့ ပထမအမည် ကောင်းမှု့ ဆိုးမှု့ တွေဟာ ကလေးရဲ့  အတိတ်ဘ၀က ပါလာတဲ့ ကံသတ္တိ အရိပ်တစ်ခုကို ညွှန်ပြနေတာမျိုးပဲ...

လူနာရဲ့  ကံအရိပ်က ဆေးဆရာကို ဆေးစွမ်းကောင်းတွေ ကြံမိစေတယ် ဆေးဆရာကို ဆေးအမှားတွေတွေးမိစေတတ်တယ်.....ယတြာအမျိုးအစားတစ်မျိုးထဲ ကနေ တစ်ချို့ က မြန်မြန် အလုပ်ဖြစ်သွားတတ်ပြီး တစ်ချို့ က နှေးကွေးနေတတ်ပြန်တယ်..တစ်ချို့ က တစ်ကြိမ်တစ်ခါနဲ့ တင် အလုပ်ဖြစ်ပြီးတစ်ချို့ က အကြိမ်ကြိမ်...ယတြာအလုပ်ခံတဲ့ သူရဲ့ ကံသတ္တိသဘောကြောင့် ပေါ့ ..ဒါကြောင့် ကြီးကျယ်တဲ့ ဆေးကုသမှု့ တွေမှာ ကံသန့် နေဖို့ ကောင်းမှု့ တွေ ယတြာတွေကြိုလုပ်ထားတာဟာ မမှားဘူးဆိုတာပေါ်လွင်လာတယ်...

ကာယကံရှင်ရဲ့ ကံက အပြင်ဘက်က လူတွေကို အရှိန်ရိုက်ခတ်တာ သက်ရောက်မှု့ တစ်ခုရှိနေတတ်တာတွေအကြောင်း ဇာတကတွေထဲမှာ အများကြီးဖတ်ကြည့် နိုင်တယ်.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..