'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, June 17, 2015
လူ့ ဆိုက်ကို
လူ့ ဆိုက်ကို
ဗေဒင်မှာ လူ့ ဆိုက်ကိုသဘောတွေကိုပါ ထည့် စဉ်းစားပေးထားရတယ် သူသူကိုယ်ကိုယ် ကိုယ့် ကို မကောင်းကြာင်းပြောရင် မှန်နေသည့် တိုင် တင်းသွား တတ်တယ် ဒါကို သတိထားလိုက်တော့  ဗေဒင်တွေပြောတဲ့ အခါ မကောင်းတဲ့ အချက်တွေကို ဒဲ့ ပြောရင် အဲ့ လူ နောက်မလာအောင် လုပ်လွှတ်လိုက်တာမျိုးဖြစ်သွားတတ်တယ်..ဒီတော့  စကားလုံးတွေ ကစားင်္ပြီးပြောလိုက်ရင်အများအားဖြင့် က သဘောကျသွားလေ့ ရှိလာတယ်...
ဆိုပါတော့  ၁ကြွင်းတွေဟာ လူတွေအပေါ် နဂ္ဂတစ်ဘက်က ပိုရှု့ မြင်လေ့ ရှိတယ် ဆပ်တယ် သတိလက်လွတ်အချိန်မှာဘော်ဒီ အက်ရှင်က ရမ်းသလိုဖြစ်နေတတ်တယ်..ဒါကို ဒဲ့ မပြာပဲ ကိုယ်နဲ့ ဆုံတဲ့ သူတွေအများစုက ကိုယ့် အပေါ်ကောင်းတာနဲတယ် ကိုယ်ကသာပံ့ ပိုးပေးလိုက်ရတာများတယ်
ကိုယ်က ပံ့ ပိုးပေးလည်း ရီအက်ရှင်က အကောင်းပြန်မလာချင်ဘူး စသဖြင့်  စပြောလိုက်တာနဲ့ အဲ့ ဒီ့  မာပါတယ်ဆိုတဲ့ ၁ကြွင်းက သူ့ ကိုယ်သူမြင်ထားတဲ့ အမြင်နဲ့ သွားတိုက်ဆိုင်နေလို့  ကိုယ့် ဗေဒင်နောက်ကို စပါလာတော့ တယ်....တစ်ခါတစ်ခါ သူ ထ ထရမ်းတတ်တာကို မပြောတော့ ဘူး...
ဒါဟာ မရဏကို ကိုင်ပြီး ပွဲဦးထွက် ခြေဆင်းလေး ထိုးပြလိုက်တဲ့  သဘောပဲ..ဆိုပါတော့  သုည ဟာ စိတ်မထင်ရင် မထင်သလို ထ ထရမ်းတတ်တာကို ဒဲ့ မပြောပဲ ကလေးဆိုးကြီးလိုပဲ သူနဲ့ ဆက်ဆံရတာ..ခုတစ်မျိုးတော်ကြာတစ်မျိုးလို စကားလုံးချိန်းလိုက်ရင် အဲ့ သုည သဘောတွေကျသွားလေ့ ရှိတယ်...
ဒါပေမယ့် ကျနော်ရေးခဲ့ သလိုပဲ လက်တွေ့ ဖြတ်သန်းမှု့ တွေက ရတဲ့  အချက်အလက်တွေအရ သူတို့  ကံကောင်းနေတဲ့ အခါ သူတို့ ဟာသူတို့  ဘယ်လောက်ဆိုးဆိုး အဲ့ ဥာဉ်ဆိုးကြောင့်  ဒုက္ခတွေ မရောက်တတ်သေးဘူး ကံနိမ့် တဲ့ အခါမျိုးမှာတော့  အဲ့ ဥာဉ်ဆိုးကပါ ဓာတ်ဆီဝင်လောင်သလို မီးအားတင်ပေးတာမျိုးလို့ ဆိုနိုင်တယ်.. ဆိုပါတော့  ၆ ကြွင်းတစ်ယောက်ဟာ ငွေကိစ္စတွေနဲ့ တစ်ချိန်လုံး ဗလုံးရှုပ်ထွေဖြစ်နေဦးတော့  အကြီးအကျယ်ဒုက္ခမရောက်သေးဘူးပေါ့ .
.ဒါပေမယ့်  တနင်္လာမရဏသက်ရောက် ဖြတ်တဲ့ အခါ အင်္ဂါလို တနင်္လာနံ ခိုက်ရောက်တဲ့ အခါမျိုးမှာတော့ 
ခေါင်းချွေးပြန်အောင် ကြုံသွားရတာ ရောင်းမှားဝယ်မှားဖြစ်ပြီး အိပ်စိုက်သွားရတာမျိုးတွေ ငွေကြောင့် အင်ပရက်ရှင်ကိုလာအပုတ်ခတ်ခံရတာမျိုးတွေ ဖြစ်လာပြီးချောင်ပိတ်သွားတတ်တယ်ပေါ့ ..ဒါကို သတိထားတာမျိုးပေါ့ လေ..
သဘောက မကောင်းတဲ့  မရဏဥာဉ် ကို ဘယ်လို သက်ရောက်လေးမှာမှ
ဘယ်လို လစိတ်လေးမှာမှ သတိထား ထိမ်းပေးလိုက်ရင် အိုကေတယ်ပေါ့  တစ်ချိန်လုံး စိတ်ဆင်းရဲခံပြီး ထိမ်းချုပ်ထားနေစရာမလိုဘူးပေါ့  ဘာသာရေးလုပ်တဲ့ ကံတွေကလည်း လူကို ဒုက္ခတွင်းထဲက ဆယ်ပေးတတ်ပါသေးတယ်ပေါ့ ဗျာ..
သဘောက ဗေဒင်စာတွေကိုလေ့လာပြီးဖတ်ပြီး အကြောက်လွန်တာနဲ့  ဆယ်ပေါင်တူကြီး ခေါင်းပေါ်ရွက်ထားသလို သဘောထားပြီး စိတ်ကျဉ်းကျပ်မနေစေချင်လို့ ပေါ့ လေ..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..