သရုပ်ပြ အမွှန်းတင်
-----
အမျိုးတွေက ရွာက များတယ် ပြီးတော့ ဘုန်းကြီးကျောင်းထွက်တွေ...အဲ့ က ဓလေ့ တွေက မြို့ တက်ပြေးလာတဲ့ အထိပါလာတယ်..စီးပွားတူချင်း အမျိုးချင်းတစ်ခါတစ်လေ ထ ထဖိုက်ကြတာမျိုးကလွဲလို့ အများအားဖြင့်  လူညီကြတယ်...အလှုတွေ လုပ်ကြရင် အမျိုးတွေစုမိကြတဲ့ အခါ သူတို့ ရွာက ပါလာတဲ့  ဓလေ့ အတိုင်း ညဦးပိုင်းမှာ ပရိတ်ကြီး ၀ိုင်းရွတ်ကြတယ် အရွယ်လွန်တွေ အရွယ်မလွန့် တလွန်တွေပေါ့ .
.ပြီးတော့  သူတို့ က သူတို့ ကိုယ်ပိုင် ကိုယ်တိုင် ခဲတံနဲ့ ရးထားတဲ့  ဘုရားစာ မှတ်စုစာအုပ်လေးတွေကိုယ်စီရှိကြတယ်..လက်ရေးတွေကတော့  ရှေးမြန်မာ ဘုန်းကြီးကျောင်းထွက် လက်ရေးမျိုးလေးတွေ များပြီး ၀ိုင်းစက် လှပကြတာများတယ်.
.အဲ့  မှတ်စုစာအုပ်တွေမှာလည်း ပြဿနာက တက်တတ်ပြန်တယ် ဘုန်းကြီးချပေးတာကို နားနဲ့ မှတ်ရေးထားကြလို့  သူ့ စာလုံးက အမှန် ငါ့ စာလုံးက အမှန်နဲ့ တစ်ခါတစ်ခါ ကလေးကြီးတွေ ရန်ဖြစ်နေသလိုပါပဲ...ရယ်စရာလည်းကောင်းတယ်......
ပိုရယ်ရတာက ငါမအိုသေး စတိုင်နဲ့  သူ့ ထက်ငါ အသံထုတ် ရွတ်တာ..တစ်ချို့ က စကားပြောကိုကမြန်လို့  ရှေ့ က အရင်ရွတ်နှင့် မိတာ..စောပြီးလို့ စောင့် နေရတာတွေနဲ့  တစ်ခါတစ်လေ သံပြိုင် ညီညီ ရွတ်ကြပါစို့ သာ အော်တာ တကယ်က မညီ...အဲ..မညီပေမယ် ညီတဲ့ အခါကြတော့  သိပ်နားထောင်လို့ ကောင်းနေပြန်တယ်....
တစ်ရွာတစ်ပုဒ်ဆန်း သဘောခေတ်က လူတွေမို့ ရွာပိုင် အက တွေ ရွာပိုင် ယိမ်းတွေရှိခဲ့ ကြသလို ပရိတ်ကြီး မရွတ်ခင် နတ်ပင့် နဲ့ သရုပ်ပြအမွှန်းတင်ကလည်း ရွာဦးဘုန်းကြီး စပ်ပေးထားတဲ့ ကိုယ်ပိုင်စာတွေဖြစ်လို့  တော်တော်မှ တော်တော့် ကို ရှည်တယ်..
....နားထောင်ရတာ သိပ်ကောင်းပေမယ့်  တကယ့့် ပရိတ်တော်တွေနေရာလည်း ရောက်ရော..အသက်ရနေပြီဖြစ်လို့  လူတွေက မောာာာ.....လို့  ရေ ထသောက်ရတဲ့ သူနဲ့  အပေါ့ သွားရတဲ့ လူနဲ့  ချောင်းဟန့် ရတဲ့ သူ နဲ့ ကွမ်းဖတ် သီးရတဲ့ သူနဲ့  အသံတိမ်သွားတဲ့ သူနဲ့ ...ခဏနားရတဲ့ သူနဲ့ .....အဲ့ လိုဖြစ်ကုန်တာကို အဲ့ အမျိုးတွေကလည်း သိပေမယ့်  ဟာသဖေါက်ပြီး ရယ်ကျဲကျဲပါပဲ...ဘုန်းကြီးကို ချစ်ကြလွန်းလို့ ဘုန်းကြီးချပေးထားတဲ့ စာမပြင် ၊ တစ်ခြားစာ မရွတ် သူတို့ ရွာက ဘုန်းကြီး ရဲ့ စာမှ ဘုန်းကြီးရဲ့ စာ....
ဒါပေမယ့်  လောကဓံကြမ်းတွေကို ဟာသဖေါက်တတ်တဲ့  အမျိုးတွေပီပီ. ..တစ်ယောက်ယောက်က ကိစ္စတစ်ခုခုကို တန်းမပြောပဲ ဝေ့ နေရင် အမျိုးတွေက စိတ်မြန်လက်မြန်ရှိတတ်တဲ့  တောသူတောင်သား ဈေးသည်တွေပီပီစောင့် နားထောင်ပေးရမှာကို စိတ်မရှည် လို့  ၀င် ၀င် ငေါ့ ပြော တတ်တာက..
.
'''ပြောမှာဖြင့် တည့် တည့် ပြောစမ်းဟယ်..နင့် ဆေးကောင်းကြောင်း သရုပ်ပြ အမွှန်းတင်နေတာနဲ့ တင် လူနာက စကားမေး မရတော့ ဘူးဟဲ့ ..'''. ...လို့  ၀င်ဝင်ငေါ့ တတ်တယ်....သူတို့ ရွာပိုင် ပရိတ်ဦးအစ နတ်ပင့် စာက ရှည်လျားထွေးပြားနေတာကို ပြန်ပြန် ရယ်ပွဲဖွဲ့ နောက်ကြတဲ့  စကားလုံးပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..