ပညာကို ဒီလိုသုံးတယ်..
-----------
ကျနော်က ၁ကြွင်း သောကြာသား ရာဇဖွား ..ပြီးတော့ မွေးချိန် နေ့  ၂နာရီ ဘောမချိန်..(၀ါ) ၃ကြွင်းမွေးချိန်ပါ .ဒါကြောင့်  လူက မူလမဟာဘုတ် အားကြောင့်  လူတွေကို သရော်အမြင်တွေ ဂလန့် အမြင်တွေ လွှမ်းမိုးတယ် မွေးချိန်မဟာဘုတ်အားကြောင့်  မတော်တဆမှု့ ဘေးတွေကို မနဲဘူး ကြုံခဲ့ တယ်ပေါ့ ..
ဒါကို ဘယ်လို ထိမ်းချုပ်ပါသလဲ...အဲ့ ဒါမှဘ၀ခရီးအတွက် အရေးပါတဲ့  ဗေဒင်အသုံးသဘောဆောင်လာတယ်...
ပထမဆုံးက မွေးချိန်မဟာဘုတ် ၃ကြွင်းသဘောအရ မရဏ သောကြာကို ထိမ်းချုပ်တဲ့ အနေနဲ့  အထိုင်သမားလုပ်လိုက်တော့ တာပါပဲ အကြောင်းမယ်မယ်ရရ မရှိပဲ လမ်း မထွက်တော့ ဘူး လျှောက်လျှောက် လပ်ယားလပ်ယား မသွားတော့ ဘူး ကိုယ့် အိမ် (၀ါ) ကိုယ့် အလုပ်မှာ ဖင်မြဲအောင်နေတယ် အလုပ်တစ်ခုကို စောက်ချလုပ်တော့ တယ်..
ဒုတိယက မူလမဟာဘုတ် ၁ကြွင်းသဘောက မရဏ ဗုဒ္ဓဟူး လူ့ အဖွဲ့ အစည်းနဲ့ ဆက်ဆံရေးသဘောနဲ့  တနင်္ဂနွဘင်္ဂသဘော အပျက် မငြိမ်သဘောကိုအရ ကိုယ်နဲ့ အလုပ်တစ်ခုကို ကံချိန်ပြီး ရွေးပြီးတာနဲ့  ငြိမ်နေအောင် စိတ်ရှည်ပေးလိုက်တာယ် သည်းခံပေးလိုက်တယ်...အတူနေ မိသားစုအပေါ် အနွံအတာခံ ပေးလိုက်တယ် တကိုယ်ကောင် ဆန်ချင်စိတ်ကို လျှော့ ချလိုက်တယ် အများအားဖြင့်  အိမ်သားတွေကို ဦးစားပေးတယ် လူမှု့ ရေးမှာ တတ်နိုင်သမျှ အကောင်းဘက်က မြင်ပေး ဆက်ဆံပေးလိုက်တော့ တယ်...အလုပ်ကို ခဏခဏ ခုန်ဆွခုန်ဆွမလုပ်ဖူး. အချိန်ကိုသည်းခံစောင့် ပြီး တစိုက်မတ်မတ်သွားတယ်
ရေရှည်လာတဲ့ အခါ ပြန်ရလာတဲ့ အကျိုးသက်ရောက်မှု့ က တည်ငြိမ်တဲ့ ဘ၀အနေအထားတစ်ခုကို ရလာတယ် မိသားစုကကိုယ့် ကို နေရာပေးလာတယ် ငွေစီးပွားလာဘ်လာဘက ကိုယ်က လိုက်မရှာရပဲ အချိန်တန်ရင် ကိုယ့် ဆီရောက်ရောက်လာတယ်..ဘိုင်ပြတ်သွားတာမျိုးမရှိသလောက်နဲ သွားတယ် ..လူတွေက ကိုယ့် ကို လူကောင်း သူကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုလာတယ်..
ပညာကို သုံးတယ်ဆိုတာ ဒီလိုသုံးတာပါ...ပညာခွင်တွေက မကောင်းတဲ့ အဆိုတွေ အတိုင်း ငုံ့ ခံနေတာ မျှောလိုက်နေတာ မဟုတ်ခဲ့ ဘူး...ကိုယ့် မူလ စရိုက်ဆိုးတွေကို ပညာသိအဖြစ်နဲ့  လျှော့ ချလိုက်တာဖြစ်ပြီး ၂၄နာရီ မလျှော့ နိုင်တောင် ၁၀နာရီ ၁၂ နာရီစသဖြင့်  စရိုက်ဆိုးထွက်လာတတ်တဲ့ အချိန်နဲသွားအောင် စ လျှော့ ချနေတာမျိုးပါပဲ......ဒါဟာ ရေရှည်အတွက်ကိုယ့် ဘ၀ကိုယ် တည်ငြိမ်တဲ့ ဘ၀တစ်ခုဖြစ်လာအောင် ကိုယ့် ဟာကိုယ် တည်ဆောက်ယူတာပါပဲ....အချိန်တော့ နဲနဲပေးရပါတယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..