Powered By Blogger

Wednesday, June 17, 2015

'''ပန်းသတင်းလေညှင်းဆောင် ''' ''တူသောအကျိုး '''နဲ့  ''အမွှေးနံ့ သာရေ ''



'''ပန်းသတင်းလေညှင်းဆောင် '''
''တူသောအကျိုး '''နဲ့ 
''အမွှေးနံ့ သာရေ ''
---------
ပထမဆုံးအချက်က ကျနော်တို့ က ကိုယ်ယုံကြည်ရာ ယတြာသဘောတွေကို တွေးခေါ်စဉ်းစားတဲ့ အခါမှာ ယတြာတွေ အစီအရင်တွေဟာလုပ်ရတာ ကိုယ်တိုင်လုပ်ရတာလည်းလွယ်သင့် သလောက်လွယ်ရမယ် အများလုပ်ရတာလည်း လွယ်သင့် သလောက်လွယ်ရမယ် ထိရောက်ရမယ် ကုန်ကျစားရိပ် သက်သာရမယ် ..အနှစ်သာရလည်းပါရမယ် ကောင်းမှု့ ကုသိုလ်သဘောလည်း ပါနေရမယ်
သူများတကာတွေကိုလည်း ကိုယ့် အပြုအမူကြောင့် မနစ်နာ မထိခိုက်စေရဘူး ..စိတ်ကူးယဉ်ဆန်လွန်းတာလည်း မဖြစ်ရဘူုး လက်တွေ့ လည်းကျရမယ် ကိုယ်ပေးတဲ့ ယတြာတွေ အစီအရင်တွေအကြောင်းကို ဘာကြောင့်  ဒါကိုလုပ်ရပါတယ်လို့ လည်း ဒီဘက် ခေတ်သစ်က တွေးခေါ်စဉ်းစားတတ် မေးခွန်းတွေ ထုတ်တတ်တဲ့ သူတွေကိုလည်း ယုတ္တိရှိရှိလည်း ရှင်းပြနိုင်ရမယ် ...



အနှစ်သာရဦးစားပေး
-----------
တစ်ချို့ ယတြာသဘော အစီအရင်သဘောတွေမှာ ကျနော်က အပြင်ရုပ်ပညတ်နံ တိကျဖို့ ထက် အတွင်းအနှစ်သာရဂုဏ်ကို ဦးစားပေးပါတယ် ဆိုပါတော့  နံ့ သာမျိုးငါးတို့ အမွှေးနံ့ သာရေတို့ ကိုသုံးတဲ့ အခါမှာ အရင်ကခေတ် အပင်တွေသုံးတယ် နိုင်ငံခြားဖြစ်ပစ္စည်းတွေကမတွင်ကျယ်သေးလို့ အသုံးနဲမယ်ပေါ့ ..ဒီဘက်ခေတ်သစ်မှာတော့ 

ပြောင်းပြန်လိုဖြစ်သွားပြီ ဒီတော့ လူတွေရဲ့ အခြေအနေ ခေတ်ရဲ့ အခြေအနေတွေကိုကြည့် ပြီး လူတကာအလွယ်ရနိုင်ပြီးဈေးသက်သာတဲ့ ရေမွှေးပုလင်းတွေ စပေရေးဗူးတွေကို အမွှေးနံ့ သာရေအဖြစ်သုံးပါတယ်....( မနက်တိုင်း အမွှေးတိုင်ထွန်းပူဇော်တာနဲ့  အနှစ်သာရအတူတူပါပဲ ဒါပေမယ့် တစ်ချို့ ကအမွှေးတိုင်နံ့ ကိုမခံနိုင်တာတွေ ကျမ္မာရေးသဘောတွေ အဲကွန်း အခန်းတွေဖြစ်လာကြတာတွေကြောင့် နံ့ သာစပရေးဗူးတွေကို အများဆုံးသုံးတာပါ)

အမွှေးနံ့ သာရေကို သုံးရတဲ့ ရည်ရွယ်ချက်
-------------
အမွှေးနံ့ သာရေကို သုံးရတဲ့ ရည်ရွယ်ချက်က ပန်းသတင်းလေညှင်းဆောင် ဆိုတဲ့  ကိုယ့် ရဲ့ ဂုဏ်သတင်းကောင်းမွန်ဖို့ ကိုယ့့်မှာ ပီယဓါတ်ဝင်စေဖို့ သူများတွေက ကိုယ့် မျက်နှာမြင် ရိုက်လွှတ်ချင်စိတ်တွေ ပေါက်မလာရအောင်..ငိငိ..အဲ ကိုယ် ကိုအမည်တွေဖျက်နေတာ ကိုယ့် ရဲ့ ကျဆင်းနေတဲ့ နာမည်ဂုဏ်တွေ ပြန်လက်မြင့် တက်လာအောင်ကနေ သက်သာခွင့် ရသွားအောင်..နာမည်ကြီးချင်တဲ့ သူတွေလည်းမြန်မြန်နာမည်ကြီးလာအောင်..စသဖြင့် ပေါ့  အင်ပရက်ရှင်ပိုင်းဆိုင်ရာတွေအတွက် ဒီအမွှေးနံ့ သာရေတွေကို သုံးတယ်ပေါ့ လေ..(ဒါကျနော့် အယူအဆပါ) ....အဲ့ ဒါကို ကျနော်တို့ ဗုဒ္ဓအယူဝင်တွေရဲ့  အစဉ်အလာဆိုရိုးစကားက ''တူသောအကျိုး'' အဆိုအမိန့် နဲ့ ပေါင်းပြီး ဒီအမွှေးနံ့ သာရေကို သုံးတာပါ

နေ့ တဓူဝ
----
မိုးလင်းအိပ်ရာထတာနဲ့ ခဏနေတာနဲ့  ကိုယ်ပူဇော်ထားတဲ့ ဘုရင်းကျောင်းဆောင်တစ်ဝိုက်ကို အမွှေးနံ့ သာ စပရေးနဲ့ ဝေ့ ဝိုက်ဖြန်းပူဇော်လိုက်တဲ့ အပြုအမူနဲ့  နေ့ သစ်တိုင်းကို စဖွင့် လိုက်တာ...(နေ့ လည်တွေ ညနေတွေ ဘာတွေလည်း စိတ်ကူးပေါက်ရင် ထဖြန်းချင်ဖြန်းပစ်လိုက်တာပါပဲဗျာ..

သဘောက ဘုရားကို နံ့ သာနဲ့ ပူဇော်တာကို အကန့် အသတ်မဲ့  ထ ထ လုပ်တတ်ပါတယ်လို့ ဒီလို နံ့ သာနဲ့ ပူဇော်ခြင်းဟာ ဗေဒင်ပညာဖက်ကနေချဲ့ တွေးသုံးရင် ကျယ်ကျယ်ပြန့် ပြန့် သုံးလို့ ရပါတယ် ဥပမာ အင်တာဗျုးတစ်ခုခုသွားခါနီးလုပ်သွားတာ ကြွေးသွားတောင်းခါနီးတွေ တစ်စုံတစ်ယောက်နဲ့ ထူးခြားစကားတွပြောဖို့ ရှိတဲ့ အခါ ဘုရားကျောင်းဆောင်တစ်ဝိုက်ကို ဒီလို စပရေးနဲ့ သာနဲ့ ကြိုပူဇော်ပြီးမှ ပြောဆိုတာတွေ စသဖြင့် တွေ သုံးလို့ ရပါတယ် လမ်းလည်းညွှန်ပါတယ်

 (ဒါတွေဟာ ကျနော်ကိုယ်တိုင်တကယ်လုပ်နေတဲ့ လောကီနည်းပညာပါဗျားးး..)

တစ်ခုပြောလိုတာက ဒါတွေကို လုပ်ကြပါလို့ ကောင်းတယ်လို့ လူတကာကို ရောင်းကုန်ပစ္စည်းတစ်ခုခု ဈေးကွက်စီးပွားရေးပရိုမိုးရှင်လုပ်သလို ဒဲ့ တွေ ပေါ်တင်တွေ ဆွယ်ရိုး တိုက်တွန်းရိုး မရှိပါဘူး..
ကိုယ်လုပ်နေတဲ့ ဘာတွေ ဘာတွေ ဟာ ကိုယ်တကယ် လုပ်တာပါ ဆိုတာမျိုးတွေကိုသာ စိတ်ကူးပေါက်လာရင် ပြန်ပြောပြတတ်ယုံပါပဲ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..