Powered By Blogger

Wednesday, June 17, 2015

ဘာကိုဗေဒင်လို့ ...?


ဘာကိုဗေဒင်လို့ ...?
------------------
ကိုယ့် အမည်တွေရဲ့  နောက်ဆုံးပိတ် အဆုံးသတ် နံ တွေဟာ ကိုယ့် မူလ မဟာဘုတ်က မရဏအိမ်က နံတွေ နဲ့  သွားတိုက်နေရင် အဲ့  နံတွေရဲ့  ပရိယာယ်အတိုင်း အားနဲချက်အဖြစ်ပြန်လာတယ်..

ဆိုပါတော့  ၁ ကြွင်းမဟာဘုတ်ရဲ့  မရဏအိမ်က နံဟာ ဗုဒ္ဓဟူးနံပေါ့ ..
ဒီတော့  ၁ကြွင်းနှစ်မှာ မွေးသူတွေရဲ့ အမည်ဆုံး ဥပမာ ၀ါ လှယဉ် ရွှေ စသဖြင့် တွေပေါ့ လေ..အဲ့ လို တွေဖြစ်နေရင် လူမှု့ ရေးမှာ ခံဘက်ကချည်းလိုတွေဖြစ်တာ မကောင်းတဲ့ လူတွေနဲ့ ကြုံရတာများတာ လူပင်ပမ်းတဲ့ စီးပွားတွေနဲ့ ချည်း အသက်မွေးနေရသလိုဖြစ်တာမျိုးတွေသဘော...



၂ ကြွင်းမွေးတွေက ကြာသာပတေးနံနဲ့ အဆုံးသတ် အမည် ဖြစ်နေရင် ပညာရှာရတာ ရတဲ့ ပညာကိုပြန်အသုံးချရတာမှာ ခက်ခဲတာ အားထုတ်ရတာပင်ပမ်းတာ ဆရာယောင်တွေကို ဆရာစစ်ထင်မိလို့ ဒုက္ခရောက်ရတာ ကိုယ်တိုင်က အစွန်းထွက်ထွက်သွားလို့  ပြဿနာတွေတက်ရတာ အမြဲလိုလို အုံးစားစရာတွေနဲ့ ချည်းတိုးတိုးနေတာတွေမျိုးဖြစ်လာတာ

၃ ကြွင်းမွေးတွေက သောကြာနံနဲ့ အဆုံးသတ်အမည်ဖြစ်သွားရင် တိုးတက်ရာတိုးတက်ကြောင်းတွေ ခရီးတစ်ခါထွက်ရဖိုအရေးးတွေ အပြောင်းအလဲတစ်ခုခု စတင်တိုင်းတွေမှာ အဖုအထစ်တွေအမြဲတန်းလိုလိုကြုံလာရပြီးကျော်လွှာယူရတာ မတော်တဆဘေးတွေ သည်းထိပ်ရင်ဖိုတွေ ကြုံလွယ်တာ စကားစစ်ထိုးပွဲတွေခဏခဏကြုံလွယ်တာမျိုး

၎ ကြွင်းမွေးတွေက စနေနံနဲ့ အမည်ဆုံးသတ်လိုက်ရင် အတင်းအတုတ်အခံရဆုံးလူလိုဖြစ်လာတာ အင်ပရက်ရှင်ဒေါင်းစရာ ကိစ္စတွေ အရှက်သိက္ခာကို ခဏခဏတိုက်ခိုက်ခံရတာမျိုးတွေ ကြုံလာတာမျိုးတွေ
၅ကြွင်းတွေက တနင်္ဂနွေနံနဲ့ အမည်အဆုံးသတ်ရင် မိသားစု အတူနေရတဲ့ ကံမျိုးနဲသွားတာ အိမ်မှာထက်လမ်းပျော်ဖြစ်လာတာ အိမ်ရဲ့ ဖိအားကိုအမြဲတမ်းရင်ဆိုင်ရတာ အလုပ်မတည်ငြိမ်တာ တည်ငြိမ်တဲ့ ဘ၀ကိုအထိုင်ချဖို့ ခက်ခဲနေတာမျိုး

၆ကြွင်းမွေးတွေက တနင်္လာနံနဲ့  အမည်အဆုံးသတ်ရင် ခဏခဏ မူလ တည်ငြိမ်နေတဲ့ အနေအထားကနေ ဟန်ပျက်ပျက်သွားတတ်တာ သိက္ခာကျစရာတွေ ခဏခဏကြုံလာတာ အထူးသဖြင့် ငွေကြေးကြောင့် နာမည်ကို အပုတ်ခတ်ခံရတာ သူများအရှုတ်ထုတွေကြားထဲ ကြားညပ်တတ်တာတွေ

ဝ ကြွင်းတွေက အင်္ဂါနံ နဲ့ အမည်အဆုံးသတ်လိုက်ရင် မိုးလင်းကနေပီး အိပ်ခါနီးအထိ စိတ်ပူစရာ ကိစ္စတွေ တစ်ခုမဟုတ်တစ်ခု ကြုံကြုံနေရတတ်တာ သာမန်ထက် စိတ်ဖိအားများစရာတွေတိုက်ဆိုင်နေတတ်တာ စိတ်ကို လာ လာ အာရုံနောက်စေတဲ့ သူတွေ မရိုးနိုင်လောက်အောင်အလှည့် ကျလာရစ်သလိုခံနေရတာမျိုးတွေ..စသဖြင့် ပေါ့ လေ...

အဲ့ အချက်တွေ အကုန်လုံးသဘောက ကာယကံရှင်က အရေးကြီးတယ်လို့ ထင်ရင် အရေးကြီးသွားတတ်ပြီး အရေးမကြီးပါဘူး ဒါတွေက လောကဓံပါဆိုရင်လည်း လောကဓံသဘောလောက်ပဲ ဖြစ်သွားပါတယ်...
အမှန်တော့  အမည်ရဲ့ အဆုံးသတ် ဟာ မရဏနံ ဖြစ်မှ မဟုတ်ပဲ အဲ့ ဒီ မူလမဟာဘုတ်နဲ့ မွေးလာသူတွေအတော်တော်များများ ကြုံတတ်တဲ့ သဘောချည်းပါပဲဗျာ..

နောက်တစ်ချက်က လူတိုင်း စိတ်ဖိအားများပြီး စိတ်ရှုတ်စရာ ကြုံရပေမယ့်  ၀ကြွင်းတစ်ယောက်ရဲ့  စိတ်ဖိအားနဲ့ စိတ်ရှုတ်စရာက ဘ၀ကို အရှုံးပေးသွားတတ် သည်းခြေပျက်သွားတတ်တဲ့ အထိ ပြင်းထန်သွားတတ်တာ

လူတိုင်း လူပင်ပမ်းစွာနဲ့ စီးပွားရှာရနိုင်ပေမယ့်  ၁ကြွင်း ရဲ့ လူပင်ပမ်းခံရမှု့ က သူ့ အတွက်ထက် သူများတွေအတွက်အပင်ပမ်းခံပေးနေရသလိုဖြစ်နေတတ်တာ...လူတိုင် စကားမခြေမငံပြောတတ်ပေမယ့် 

၃ကြွင်းမွေးတွေ မခြေမငံ တစ်ခါလောက်ပြောမိလိုက်တာ ပြောမိတာနဲ့ မကာမိအောင် ပြန်အပြောခံနေရတာမျိုး....ဒီလို ထူးခြားအချက်တွေဆွဲထုတ်တာကို ဗေဒင်လို့ ခေါ်ပါတယ်ဗျား

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..