ကံ စီမံရာသာသဘော
-------
၇၀ ဖွား ၈ လပိုင်းမွေး အင်္ဂါသားဆိုတာ အသက် ၄၆ သောကြာသက်ရောက် ၂ ကြွင်း ပုတိဖွားပေါ့ ..သူ့ အတွက် သူ့ အစ်မတွေက မနေ့ က ဗေဒင်လာတွက်ကြတယ် သောကြာနေ့  ၁၁ နာရီမို့  စနေတိုင် နဲ့ ပေါ့  ( အင်္ဂါသား နာ နေရာမှာ )..လစိတ် အရဆို အခုက စနေလစိတ်ပေါ့ ..ဒီတော့  ဒီလစိတ်ဟာ ကျမ္မာရေးတော့  ငြိနေပြီလို့  ယေဘူယျမှန်းလို့ ရနေပြီ..
ဘာ အဓိက ကြည့် ပေးရမလဲလို့ မေးလိုက်တော့  ကျမ္မာရေးပါတဲ့ ...
အဲ့ တော့ ကျနော်က ရှင်းပြလိုက်တယ် အသက် ၄၆ က ပုံမှန်ဆို အကောင်းနှစ်သဘောပါ ဒါပေမယ့်  အင်္ဂါသားသမီးတွေ ရဲ့ သဘောအရ မွေးလကနေ ၄ လစွန်းစွန်းက အလုပ်ကျမ္မာရေး ထွေလီကာလီတွေ အနဲနဲ့ အများ အဆင်မပြေတတ်ကြဘူး အခုလည်း လပိုင်းက မကောင်းတော့  ကျမ္မာရေးငြိနေတယ်ပေါ့ ဗျာ..ပုံမှန်အရဆိုရင် ဇန္န၀ါရီလ လယ်လောက်ဆို့  အညံ့ လ လွတ်လို့ ကျမ္မာရေးတင်မကပဲ ကျန်တဲ့ ကိစ္စတွေပါ ပြန်ကောင်းလာနိုင်တယ် အသက်ပိုင်းက ကောင်းနေသေးတော့  ယာယီ ကျမ္မာရေး ညံ့ နေတာမျိုးလဲ ဖြစ်တတ်တယ်...
တစ်ခုတော့ ရှိတယ် ၇၀ ဖွား သင်္ကြန်ကျော် မွေးတဲ့  အင်္ဂါသားဖြစ်နေလို့ ခေါင်းနဲ့  အသညိးုင်းမှာ ကျမ္မာရေးငြိနေရင်တော့  ယာယီသဘောမဟုတ်တော့ ဘူး အသက်ပိုင်းကောင်းမကောင်းနဲ့ လဲ မဆိုင်တော့ ဘူး ဇာတာပါ အတိတ်ကံပါ ကျမ္မာရေးသဘောဖြစ်နေလို့  လွယ်လွယ်နဲ့ တော့ ပြန်မကောင်းတတ်ဖူး အတော်လေး
ဂရုစိုက်မှရတော့ မယ်လို့  ပြောလိုက်တော့ ...သူတို့ စိုးရိမ်သွားကြပုံက အခု အင်္ဂါသားက အသည်းရောဂါ ဖြစ်နေတာ အသက် အန္တရာယ်ရှိလား ခန္ဓာ ပျက်ကိန်းရှိလားလို့  ဆိုလာတယ်..
အသုံးအနှုံးတွေအရ အဲ့ အင်္ဂါသားအတွက် စိုးရိမ်ရေမှတ်မှာရောက်နေလို့  ဗေဒင်လာမေးတာလို့ ကျနော်က သဘောပေါက်နေပြီ...ဒီတော့  ကျနော်က ခန္ဓာ ပျက်ကိန်းရယ်လို့ တော့ 
ဒဲ့ မပြောနိုင်ဘူး ဒါပေမယ့်  သူ့ ဇာတာက ပါလာတဲ့  ရောဂါမျိုးဖြစ်လို့  အသက်ပိုင်းတွေနဲ့ မဆိုင်တော့ ဘူး အချိန်မရွေး ပြဿနာကြီးသွားနိုင်တယ်.လို့  ပြန်ဖြေလိုက်ပြီးမှ တစ်ခုတော့ ရှိတယ် တကယ်က အင်္ဂါ ၄၆ ဆိုတာ ဒီလောက်ပြင်းထန်တဲ့ ရောဂါတွေ သိပ်ဖြစ်နေလေ့ မရှိသေးဘူး ယာယီသဘောလောက်ပဲ ဖြစ်လေ့ ရှိတယ် သူ့ မှာ အိမ်ထောင်ရှိလားလို့ မေးလိုက်တော့  ရှိတယ် စနေသမီး လို့ ဆိုတယ်...အသက် ဘယ်လောက်လောက်လို့ ထင်လဲ သူ့ အမျိုးသမီးက ကံမကောင်းရင်လဲ ဦးစီးမှာ အဲ့ လိုတွေ လာခံနေရတတ်တယ်လို့ ဆိုလိုက်တော့  ၃၀ စွန်းပြီးနဲ့ တူတယ် ဟုတ်..ဖုံးနဲ့ လှမ်းမေးလိုက်ဦးမယ်ဆိုပြီး စနေသမီးဆီ ဖုံး ကောက်ဆက်လိုက်တော့  ၈၄၊ ၃လပိုင်းမွေး စနေလို့ ဆိုတယ်....
ဖြတ်ကနဲ စိတ်တွက်သိလိုက်ပြီး အဲ့ စနသမီးက အခု ၃၂ ဟူး မရဏ ၊ နောက်နှစ် အသက် ၃၃ စနေသက်ရောက် ...ပိုဆိုးတာက ၃ လပိုင်းမွေးတဲ့  စနေသမီး ဆိုတော့  ဘက်ဒိတ်လစိတ်တွေ ပြန်ဆွဲလိုက်ရင် အခု ၁၂လပိုင်းကနေ မွေးလကြားဟာ လစိတ်အညံ့  အင်္ဂါလစိတ်၊ ဟူးလစိတ်၊ မွေးလ စနေလစိတ် တွေကို ဖြတ်ရတော့ မယ်...သဘောက
အင်္ဂါသားရဲ့ မိန်းမ စနေသမီးက အသက် ပိုင်းရော လစိတ်ရော မြောင်းထဲ မှာ ဖြစ်နေသလို အင်္ဂါသားရဲ့  ရောဂါ ကလည်း ၂ ကြွင်းတွေရဲ့  မရဏရောဂါသဘော အသည်းရောဂါ ဖြစ်နေပြီပေါ့ ..
ယတြာတွေကို ပေးတဲ့ အခါ အင်္ဂါသားအတွက် ခရေညွန့်  ပင်တိုင်နဲ့  တစ်ခြားအကူယတြာတွေေးလိုက်သလို စနေသမီးအတွက်ပါ မာလကာညွန့် ယတြာ မှာလိုက်ရတယ် ..ပြီးတော့  ..အင်း..ဒါပါပဲ...၊ ( သူတို့ ကို မပြောလိုက်တာက အဲ့ အင်္ဂါသား အသည်းရောဂါတောင်ကြီးကို ကျော်နိုင်ခြေ အား တော်တော်နဲနေပြီလို့  ကိုယ့် ဟာကိုယ် ခန့် မှန်းလိုက်တဲ့  ကိစ္စပေါ့ ) ( ဖြတ်ကနဲ စိတ်တွက်ထဲမှာ သုံးတန်ပေါ် နိစ္စနည်းကလာတဲ့  သောကြာသက်ရောက် ရဲ့  တိုင်စဉ် ၃၄၅ တန်းစီး ပြ တိုင်ထိပ် သဘောမှာ ၃ ဆိုတဲ့ အင်္ဂါနံကို ကောဇာမဟာဘုတ်ကနေ လာကပ်နေတဲ့  ခွင်လွှဲ တိုင်စဉ်က နံ လေး ပါ မျက်စိထဲ ကွက်ကနဲ မြင်လိုက်သေးတာလဲ ပါတယ်)
ကျနော်တို့  သဘောပေါက်နေတာက ဖြစ်မယ့် လူဟာ ဖြစ်ဖို့ လိုအပ်တဲ့ အချက်အလက် အကြောင်းတရားတွေနဲ့ လာပြီး တိုက်ဆိုင် ပြည့် စုံနေတတ်ပြီး မဖြစ်မယ့်  လူတွေကလဲ ဖြစ်ဖို့ လိုအပ်တဲ့  အကြောင်းတရားတွေ လာကို မလာတတ်သေးဘူးသဘော...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..