Powered By Blogger

Monday, December 7, 2015

ပြို


  ပြို
------
ဝူးဝူး ၀ါးဝါး
ထူး ..ထူးခြားလေမလား
ဆူး..ဆူးကြားနေလားနဲ့ 
စိတ်ကူးဖွဲ့ တွက်..

ဖဲ့ သလိုလို ပဲ့ သလိုလို
ငဲ့ သလိုလို မဲ့ သလိုလို
ငိုတဲ့ အခါငို ရယ်တဲ့ အခါရယ်
လွယ်တဲ့ အခါလွယ်
ခက်တဲ့ အခါ ခက်လို့ ..

ဒီလိုနဲ့ 
ဘ၀ဟာ...
ဘ၀ဂ်ဖြစ်တဲ့ အခါ ဖြစ်ရင်းက...

ဒီလိုနဲ့ 
ဘ၀ဟာ
ဗွက်ထတဲ့ အခါထရင်းက

အချိန်သည်ကား
( ဖြစ်မြဲအတိုင်း)
တရွေ့ ရွေ့  အို
တစ်နေ့ ပြီး တစ်နေ့ 
ပြို.....။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..