( Cover) ၊ အော်ဂျင်နယ် နဲ့  ကြိုက်ခွင့် မကြိုက်ခွင့် 
-----------
ဝါသနာလေးတို့  အပျော်သဘောတို့  နှလုံးသားခံစားမှု့  အစားထိုးလေး သဘောတို့  စိတ်စေရာသို့ လွတ်လပ်စွာပြန်သန်းခွင့် ရစေတို့  ကမ္ဘာမြေပေါ်မှာ အမှတ်တရဖြစ်ကျန်ရစ်စေတို့ .. သဘောတွေပေါ့ 
..ဖုံးလေးဘေးချ ဆောင်းဘောက်စ်လေးဖွင့်  ကိုယ် သဘောအကျခဲ့ဆုံး သီချင်းလေးတွေထဲက
လိုက်ဆိုရ လွယ်ပုံရတဲ့  သီချင်းလေးတွေကိုသံယောင်လေး လိုက်ဆို အသံလေး ဖမ်းထားပြီး..
ကိုယ့်  အမြဲသုံးနေကျ အသုံးဆုံး အကောင့် လေးမှာ အမှတ်တရဖြစ်စေ ပျော်ကြစေဖို့ 
လိုင်းကောင်းချိန်မှာ တင်ထားလိုက်တယ်ပေါ့ လေ.. ဘော်ဒါတွေလဲ ကျနော့် ရုပ်ကြီးတင်
မက အသံ ဒန်အိုးကွဲကြီးကို လိုင်းပေါ်မှာတင် ကြားဖူးစေပေါ့ လေ...
အဲ့ ကနေ ကြုံရာ လက်သင့် ရာ ရှားပုံရတဲ့  တစ်ချို့  သီချင်းလေးတွေ ကောက်ကောက် တင်ပေးထားတတ်တဲ့  ယူကျူ့ က ကျနော် အကောင့် လေးထဲမှာပါ သွားသွား တင်ထား
လိုက်သေးတယ်အဲ မှာ ယူကျူ့ ကို လေ့လာတော့  ကျနော့်လိုပဲ ကြေးစား မဟုတ်ပဲ ၀ါသနာဘာဂီတွေကလဲ သူတို့ သဘောကျတဲ့  အဆိုရှင်တွေရဲ့  သီချင်းလေးတွေ ပြန်ဆိုပြီး ကိုယ့် အကောင့် တွေမှာကိုယ် အမှတ်တရဖြစ်စေသဘောတွေနဲ့  တင်ထားကြတာ တွေ့ ရတယ်ပေါ့ ဗျာ...
အဲ့ မှာ ယူကျူ့  ယဉ်ကျေးမှု့ သဘောလေးမှာ ထူးခြားတာက မူလ အဆိုရှင်တွေရဲ့  သီချင်းတွေကို ကျနော်တို့ ကသဘောကျလို့  လိုက်ဆို ပြန်ဆိုနေကြတာပါ ကိုယ် ပိုင်သီချင်းတွေတော့ မဟုတ်ကြပါဘူးဆိုတဲ့  သင်္ကေတသဘောနဲ့ တူပါရဲ့  ( Cover) လို့  သီချင်းခေါင်းစဉ်နောက်ကနေ ရေးတတ်ပေးထား ကြလေ့ ရှိတာ သတိထားမိတယ် အဲ့ တော့  ကျနော်လဲ ကျနော် သိပ်ကြိုက်ခဲ့ တဲ့  သီချင်းလေးတွေ အပျော်လိုက်ဆို တင်ကြတယ်ဆိုပေမယ့်  မူရင်းအဆိုတော်အမည်+ ( Cover) ဆိုတာလေးထည့်  ထည့် ပေးတော့ တာပေါ့ လေ..
အဲ့ လိုမူရင်း အဆိုရှင်အမည် ထည့် ပေးထားတော့  တစ်ချို့  မူရင်းအဆိုရှင်ရဲ့ အသံကို နားထောင်ချင်ရင် ယူကျူ့ မှာ အွန်လိုင်းမှာ လိုက်ရှာရ လွယ်သွားတော့ တာမျိုးလည်း
အကျိုးရှိသွားတယ်ပေါ့ ဗျာ...
အဲ့ မှာ နောက်တစ်ချက် လူ့ သဘာဝ တစ်ခုကို တွေ့ ရတာက ယူကျူ့ မှာ ကြိုက်တယ် မကြိုက်ဖူး ဆိုတာလေးရဲ့ သဘော သင်္ကေတက လက်မထောင် လက်မစိုက်လေး သင်္ကေတ ၂ ခုထည့် ပေးထားတယ် မန့် ဘောက်စ်အပြင်ပေါ့ လေ၊ အဲ့ မှာ ဖွဘုတ်နဲ့  ကွာတာက ဖွဘုတ်မှာ Like နဲ့ ပဲ စခန်းသွားနေတုန်းဖြစ်နေတယ်ပေါ့  ဒီတော့ ဖွဘုတ်မှာ မကြိုက် လို့  ပြောဖို့ သင်္ကေတက လောလောဆယ်မရှိသေးတော့  မန့် ဘောက်စ်လေးဖွင့် ပေးထားမှပဲ ဆဲချင်ဝင်ဆဲလို့ ရမယ်ပေါ့ လေ..ယူကျူမှာတော့  မကြိုက်ရင် မကြိုက်လို့  သင်္ကေတလေး နှိပ်ပစ်ခဲ့ လို့ ရတယ်..အဲ့ မှာ မကြိုက် ဆိုတာတွေကို စပ်စုကြည့် တော့ တာပေါ့ ဗျာ
အများအားဖြင့်  ( Cover) သမားတွေကို ကြိုက်တယ် မကြိုက်ဖူး သိပ်နှိပ်သွားလေ့ မရှိဘူး ဒီအတိုင်း ထားပစ်ခဲ့ တာများတယ် တစ်ချို့ ကတော့  အသိတွေဆို ကြိုက်တယ်လဲ နှိပ် မန့် ဘောက်မှာလဲ ကောင်းတယ်တွေဘာတွေ ၀င်လုပ်ချင် လုပ်သွား တတ်ကြတယ်. .အားပေးတာလား ဆေးထိုးတာလား ချွန်ပေးတာလားတော့  ပြောတတ်ပါဖူး..ငိငိ...၊
ဒါပေမယ့်  အဲ့  မကြိုက်သင်္ကေတကို လိုက်စပ်စုတော့ ပြန်ဆိုနေကြတာ မကောင်းလို့  မကြိုက်
နှိပ်တာမျိုး မဟုတ်လောက်တော့ ပဲ ကိုယ်က က ကြိုက်လို့  လိုက်ဆိုမိတဲ့  မူရင်း အဆိုရှင်ကိုပဲ
မကြိုက်ပါ ဆိုတာ သင်္ကေတတွေ အများကြီးနှိပ်ထားတာတွေ့ လိုက်ရတော့  ရယ်ချင်ချင် ဖြစ်သွားပါရောဗျာ..အဟားးး..ငါ့ မှ မကြိုက်တာ မဟုတ်ဖူး အော်ဂျင်နယ် ဆရာသခင်ကိုတောင်
မကြိုက် ဆိုတာတောင် တစ်ပုံကြီးကိုး လို့ လေ...ဟွှာလို ဖြစ်နေပြီ ဒူးရင်းသီး လိုပဲ ကြိုက်တဲ့ 
သူက ဒူရင်းသီ့း နံ့ က မွှေးသတဲ့  မကြိုက်တဲ့ သူက အဲ့ ဒူရင်းသီးနံ့ ကြောင့်  ခေါင်းတောင်
ကိုက်ပါသတဲ့  ဆိုတာမျိုးလေ..ကြိုက်ခွင့် မကြိုက်ခွင့် က တစ်ဖက်ရဲ့ လွတ်လပ်တဲ့ 
ဖီးလ်သဘော ဖြစ်တဲ့ သဘောရော .လောကသဘာဝ ထဲက တစ်ခုဖြစ်တဲ့  လူတစ်ကိုယ်
အကြိုက်တစ်မျိုး သဘောတွေမှာပါ ဒီလို ဒီလိုတွေ ရှိတယ်ပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..