
အယူအကောက် သဘော တွေးဆပုံ တွေ မတူကြဘူး ..
၁ နဲ့ ၁ပေါင်းရင် ၂ ဖြစ်တယ်ဆိုတာ သိပ္ပံ သဘော အက္ခရာ ပညာလာ ကိန်း ဂဏန်းသင်္ချာ ရဲ့  လက်တွေ့  အသုံးချ အမြင်တစ်ခုဖြစ်ပြီး အမှန်တရား တစ်ခုလဲ ဖြစ်သလို
ဝိဇ္ဇာ စတိုင်က လာတဲ့ ဆင်ခြင်မှု့ သဘောမှာ ရှု့ ထောင့် တွေ ဖြန့် ထွက်သွားပုံက ၁+ ၁= ၂ ဆိုတာကိုလဲ ငြင်းစရာအကြောင်း မရှိသလို နောက်ထပ်တွေးစရာတွေ
စောဒကတက်ပြတာက ၁+၁= ၂ လဲ ဖြစ်နိုင်တယ် ၃ တွေ ၄တွေ လဲ ဖြစ်နိုင်တယ် ဆယ်တစ်လဲ ဖြစ်နိုင်တယ် ၁+၁= ၁ လဲ ဖြစ်နိုင်ပါတယ်ပဲ...ဘာကြောင့်  အဲ့ လို ပြောသလဲ
ဆိုရင် ၁+ ၁= ? ကို အသုံးချတဲ့ နယ်ပယ် ကွဲရင် (၀ါ) ရူ့ ထောင့်  ကွဲရင် အဖြေတွေ မတူတော့ သလို အဖြေတိုင်းဟာ ရူ့ ထောင့်  အပေါ်လိုက်ပြီး ကွဲပါတယ် မှန်နေတတ်ပါတယ်
လို့ ဆိုလာတာပဲဖြစ်တယ်..
သောကြာဂြိုလ်ကြီး လနဲ့ နီးရင် ဘာဖြစ်တတ်လဲ ...? သိပ္ပံ အမြင် (၀ါ) အဖြေ နဲ့  ၀ိဇ္ဇာ အမြင် (၀ါ) အဖြေ ထပ်တူမကျဘူး ရှု့ ထောင့် မတူဘူး အဖြေမတူကြဘူး..
ဆိုလိုချင်တာ လောကီပညာတွေရဲ့  သဘောက ဒါပဲ တွေးတောပုံ ရှု့ ထောင့်နဲ့  အသုံးချ မယ့် နယ်ပယ်တွေ မတူဘူး ....အ၀ိုင်း နဲ့ လေးထောင့် ကို အံဝင်ဂါင်ကျ လိုက်ထပ်ပြနေစရာမလိုဘူး
အ၀ိုင်းက အ၀ိုင်းတန်ဘိုး လေးထောင့် က လေးထောင့် တန်ဘိုး သဘော သူ့ နယ်ပယ်နဲ့ သူ့ တန်ဘိုး သဘောပဲ...
ဘာတန်ဘိုးတွေ ဘယိလို ကွဲကွဲ....တန်ဘိုးတွေ ဟူသမျှရဲ့  ရည်ရွယ်ချက်က လူသားမျိုးနွယ်တွေ အဓွန့််  ရှည်ရေး အတွက် အဓိက အသုံးချတန်ဘိုးတွေ ဖြစ်လာဖို့ ရည်ရွယ်နေကြတာချည်းပဲ....ဒါပဲ မဟုတ်လား...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..