Powered By Blogger

Monday, December 7, 2015

ဖလော်အခြေခံသဘောလေးဆိုလို့ 


ဖလော်အခြေခံသဘောလေးဆိုလို့ 
---------
အားပါး အဲ့ ဖလော်စတိုင်အတွေးတွေသဘောက အရမ်းကျယ်ပြန့် လို့  တကယ်တန်းပြောရရင် ကျမ်းစတိုင်မျိုးတွေ ကျနော်ကမရေးတတ်ဖူး..ပြီးတော့  အတွေးတွေချရေးတယ်ဆိုတာ ကာလံဒေသံ နဲ့  တစ်ဖက်ရဲ့  နားလည်ပေးမှု့ နားလည်နိုင်တဲ့  စွမ်းရည် သဘောတွေကိုလဲ ထည့် တွေးရသေးတယ်
ဂါထာတစ်ပုဒ်ထဲကိုပဲ  ရွတ်ပြတာ ထောင်ဆုပေးတဲ့ နေရာနဲ့  လှေပေါ်က ကန်ချခံရတာမျိုး ပုံပြင်တွေလဲ ရှိသေးတယ်..ရွတ်ပြတဲ့ သူ ရဲ့ ကာလံဒေသံကို ထည့် မတွက်မိတဲ့ 
အမှားမျိုးပေါ့  ကျနော်က အလုပ်နဲ့  ပြင်ပ ဖြစ်ရပ်တစ်ခုခု နဲ့ ကိုယ့် အတွေးတွေကို ရောလွှတ်တာမျိုးလောက်ပဲ လုပ်တာ ဒါတောင် နားလည်မှု့ လွဲချက်က အဆဲခံရလုလုတောင် ဖြစ်သွားတတ်သေးတယ်..

ဖလော်တွေရဲ့  အခြေခံက မေးခွန်းတွေပဲ ခေါင်းစဉ်မျိုးစုံအောက်ကနေ ပေါက်စိပေါက်စပ်မေးခွန်းပေါင်းစဉ် တွေမျိုးကို လူတွေသာ မေးတတ်တာနဲ့ တူတယ် အကြောင်းက ကမ္ဘာပေါ်မှ အာကာသအထိ ထွက်တွေး မေးတာမျို့  ငါ့ ဘ၀ ဘယ်ကလာတာလဲ လို့ ကိုယ့် ဘ၀ကိုယ် ကိုယ်ပြန်ပြီး မေးခွန်းထုတ်တာမျိုးက လူသားမျိုးနွယ်တွေမှာသာ တွေ့ ရတဲ့ ပုံပေါက်တယ် ခွေးတွေ နွားတွေလိုမျိုးက အဲ့ လိုတွေးပြီး အာကာသယဉ် ထ ဆောက်တာမျိုး ရပ်သာဝင်သွားတာမျိုး  တရားထထိုင်တာမျိုးအပြုအမူတွေ မတွေ့ ရဘူးလေ..

ဒီမိုစုလဲ ဖလော်အိပ်စပတ်ကြီး တစ်ယောက်ပဲဆိုတာ သူလဲ မဟာကျောင်းကြီးကနေ သင်ယူဖတ်ရှု့ လေ့ လာခဲ့ တဲ့  ဖလော်လိုင်းထဲက ဆရာမကြီးမို့  တစ်ချို့ စကားတွေကို ဖလော်လိုင်းထဲက အတွေးမျိုးတွေနဲ့ သာ နားလည်ပေးနိုင်တာမျိုးလို့  ကျနော်က တွေးတယ် ပုံမှန် အရပ်သားသဘောတွေထဲက တစ်ချို့ လူတွေက နားလည်ပုံတွေ ပြောင်းသွားလို့ ပြဿနာတွေတက်ကုန်တာမျိုးလို့  မှတ်ရတယ်....ဆိုပါတော့ ...

ကုလားကို ကုလားလို့ ခေါ်တာ ကျနော်တို့ တတွေ နှုတ်ကျိုးနေကျချိန်မှာ ကုလားကို ကုလားလို့ ခေါ်ရင် ကုလားတွေက မနှစ်သက်ပုံရရင် ကုလားကို ကုလားလို့ မခေါ်သင့် ဘူးဆိုတာ ကိုယ်ချင်းစာတတ်ခြင်းသဘော လူ လူခြင်း လေးစားသမှု့ သဘောတွေနဲ့  လူ့ ရဲ့ တစ်ကိုယ်ရည် အတွင်းခံစားမှု့ သဘောတွေကို နားလည်ပေးတတ် ထည့် တွေးပေးတတ်တဲ့  သဘောတွေကနေဖြစ်လာတာမျိုး...ပြီးတော့  သမိုင်းကြောင်းသဘောတွေလည်းပါတယ်..သဘောက စကားလုံးတစ်လုံးကို အထူးပြုပြီး သုံးပြီဆိုရင် သမိုင်းတွေပါတတ်တယ် ခံစားမှု့ တွေပါတတ်တယ်ပေါ့ ဗျာ

ဆိုပါတော့  ကုလားကို ကျနော်တို့ က ဘာလို့ ကုလားတွေလို့ ခေါ်ခဲ့ ကြသလဲ ဆိုတာ ရုပ်သဘောဖက်က သမိုင်းကြောင်း သဘောတွေ ပါသလို နာမ်ခံစားမှု့ တွေလဲ ပါနေတယ်..ကုလား ကို ကျနော်တို့  ယေဘူယျ ဂရုကြီး ၂ ခု ခွဲ မြင်နေလေ့ ရှိယ်  ပထမတစ်ခုက  ကျနော်တို့ အများစုက အသားဖြူတဲ့  နယ်ချဲ့ တွေကို အလွယ်သဘော ကုလားဖြူတွေလို့ သိမ်းကျုံးခေါ်လိုက်ကြတယ် အဲ့  အခေါ်မှာ နာမ်ခံစားမှု့ က ဆန့် ကျင်ရေးစိတ်ဓါတ်တွေပါနေတယ် ကိုယ့် ဌာနေကို လာဗိုလ်ကျနေတာ ကျေနပ်ဘူးသဘော၊..ကျန် အိန္ဒိယတိုက်သားတွေကိုတော့ ကုလားတွေလို့ ပဲ ခေါ်တယ်...အဲ့ မှာ ကွာသွားတာက  ကုလားဖြူက အနောက်ပိုင်းသား ဥရောပသားတွေ ဖြစ်ပြီး အရှေ့ တိုင်းလာ ကိုယ့် ဌာနေလာ လက်နက်နဲ့ လာဗိုလ်ကျနေလို့  မကျေပ်တဲ့ ခံစားမှု့ သဘော ပါနေပေမယ့်.....

အရှေ့ တိုင်းသားကုလားတွေကျတော့  အဲ့ ခေတ်က ကိုယ့် ဌာနေဒေသထဲမှာ ရှိနေတဲ့   သူတို့ အများစု ရဲ့  ဘ၀ရပ်တည်မှု့  အသက်မွေးဝမ်းကျောင်း စတိုင်တွေကြည့် ပြီး ကိုယ်က ဒီအရပ် ဒီဌာနေသားတွေဆိုတဲ့ ဇာတိဂုဏ်မာန်စိတ်နဲ့  သူတို့ ကို အပေါ်စီးကနေ ခေါ်ချလိုက်တဲ့  နာမ်ခံစားမှု့ တွေ ပါနေတယ်....ခုထိ ကို တစ်ချို့ တွေမှာ ဥရောပသားတွေကို ခံစားတဲ့ ခံစားမှု့ နဲ့  အိန္ဒိယသားတွေအပေါ်ခံစားမှု့ က သူတို့ နှလုံးသားထဲမှာ ဖီလင် အမြင်ခံစားမှု့ က ကွဲနေတယ်...

ခေတ်တွေပြောင်းလာတဲ့ သဘောရော လူ တစ်ယောက်ချင်းစီရဲ့   အတွင်းဓါတ်ခံသဘောအရရော အမြင်တွေ ဖေါက်ထွက်လာတဲ့ အခါမှာ သူများကို ကုလားလို့ ခေါ်တာ သူများက မကြိုက်တတ်ဖူးဆိုတာမျိုးက ဆိုါတော့  ကိုယ့် ကိုယ်ရော မျိုးနွယ်မတူတွေက ဗမာကောင်လို့ ခေါ်ရင် ကိုယ် ကရော ကြိုက်ပါ့ မလားဆိုတဲ့  ကိုယ်ချင်းစာ သဘောကို ထည့် တွက်လိုက်ရင်...ကုလားကို ကုလားလို့ ခေါ်တာ အခေါ်ခံရတဲ့ ကုလားက မနှစ်သက်ရင် ကုလားလို့ မခေါ်သင့် ဘူးဆိုတာ ဘာကြောင့် ဆိုတာ အဖြေကရှင်းနေတာမျိုးပဲ

ဒါဟာ တွေးဆချက်တင် မကဘူး စတိတ်တုန်းက ကျနော်ကို အတန်းဖေါ် သူငယ်ချင်းတစ်ယောက်က  ( ဟျောင့်  ဗမာကောင် ) လို့ ခေါ်တဲ့ ( အမှန်တော့  သူငယ်ချင်းအရင်းကြီးတွေပဲ သူငယ်ချင်းတို့ ထုံးစံ ရန်ထဖြစ်ချိန်မှာ သူက ရစ်ပြီး ခေါ်ချလိုက်တာ ) ....အဲ့  သူငယ်ချင်းကို ထထိုးပြီး ဖဲ့ ကြတဲ့ ဘ၀ရောက်ကရောပဲ...
ဘာလို့ ကိုယ့် ကိုယ် ဗမာကောင်လို့  ခေါ်တာ ကိုယ်က ထောင်းကနဲဒေါသဖြစ် ထချပြီး ကျောင်းအုပ်ကြီး ရုံးခန်းရောက်ရတာလဲ ဗမာကို ဗမာလို့ ခေါ်တာ မမှန်လို့ လားမေးရင် ဘယ်လိုဖြေမလဲ...လွယ်တယ် သူ့ လေသံထဲမှာ ချစ်စနိုးလေသံ မပါဘူး နှိမ်တယ် ကြောတယ်လို့  ကိုယ်က ခံစားလိုက်ရလို့ ပေါ့ ...

ဒါတွေဟာ ဖလော် အတွေးတွေ ရဲ့ အခြေခံ သဘောပါပဲ ကျနော်ပြောခဲ့ သလိုပဲ မေးခွန်းတွေက စခဲ့ တာပါပဲလို့ ပေါ့ ..ဘုရားတောင် ဘုရား ဖြစ်လာခြင်းရဲ့ အစဟာ မေးခွန်းတွေက စခဲ့ တာမျိုးပါလို့  ကျနော်ရေးခဲ့ ဘူးတယ် သေနေတာတွေ တွေ့ လာရလို့  မသေရာ မရှိနိုင်ဘူးလားအတွေးက ဘုရား အဖြစ်ကို စပို့ ပေးတဲ့ အတွေးသဘော၊  သေခြင်းကနေ လွတ်မြောက်ရာလမ်းကို စရှာဖြစ်ဖို့  စဖြစ်လာတဲ့  အတွေးသဘော...သဘောက ဖလော်အတွေးတွေရဲ့ အခြေခံသဘောပေါ့ ..

ဒါက လူကို လူက လူ့ အကြောင်း ပြန်တွေးတာမျိုး တစ်ချို့ ဖလော်အတွေးရှင်တွေက ကမ္ဘာရဲ့ အစ အာကာသရဲ့ အစ နဲ့ အဆုံး တစ်ချို့ က သစ်ပင်တောတောင်တွေရဲ့ အစ...စသဖြင့် ပေါ့  သိပ္ပံဆိုတာတောင် ဖလော် အတွေးက ခြေခံမပါပဲ ခေတ်သစ် လူနေမှု့ စတိုင်တွေ ဖြစ်မလာဘူး... ငှက်ဖျား ဘာကြောင့် ဖြစ်ရသလဲ လိုက်တာမှာ ငှက်ပျောပင်က မဟုတ်တော့ ပဲ အနော်ဖလိခြင်ကြားကနေ ဖြစ်လာတာလို့ အဖြေတွေ့ သွားတာမျိုးဟာ အတွေးကို လက်တွေ့ နဲ့ ပေါင်းစပ်လိုက်တဲ့  သဘောပဲ...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..