လိပ်ပြာလုံခြင်း /စိတ်လုံခြင်း နဲ့ မှီတွယ်ရာ ရှာနေမိတဲ့ အချိန်
------
လိပ်ပြာလုံတယ်လို့ တင်စားလေ့ ရှိတာပေါ့ ၊ အနက်သဘောက ကိုယ့် မှာ အပြစ်မရှိဘူးလို့ ခိုင်ခိုင်မာမာယုံကြည် ထားလို့ လောကဓံဆိုးတွေလာတဲ့ အခါ စိတ်သတ္တိက မတုန်လှုပ်ဘူးသဘောပေါ့ ၊
ဒါမျိုးက တကယ့် ကြက်ရေးငှက်ရေးသဘောကို ရင်ဆိုင်ရချိန်တွေမှာမှ သိသာတတ်တာတွေလည်း ရှိတတ်တယ် ဥပမာ သေလုလု သေတော့ မယ်လို့ ထင်နေချိန်မှာ စိတ်က သိပ်တုန်လှုပ်သွားချိန်မှာ အားကိုးရာ ဘုရားတမိရော ငရဲလည်းကြောက်မိရော ၊ ထူးဆန်းတာက တစ်ပြိုင်နက်ထဲမှာ ကိုယ်ပြုခဲ့  မိတာတွေကို ပါ ဦးနှောက်က အလိုလိုတွေးမိသွားတတ်တယ်
အဲ့ မှာ ကိုယ် က သူများမိသားစုတွေဘ၀ကို ဖျက်ဆီးခဲ့ တာ မျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ခဲ့ တာ ကိုယ့် မိသားစုတွေကို ဒုက္ခပေးခဲ့ တာမျိုးတွေ စာဖွဲ့ ရလောက်အောင် မရှိခဲ့ ဘူး ကောင်းမှု့ တွေတောင် များခဲ့ သေးတယ်ဆိုတာ ဖြတ်ကနဲ တွေးလိုက်မိချိန်မှာ လူဟာ သေရမယ်ဆိုရင်တောင် သိပ်မတုန်လှုပ်တော့ ဘူး တည်ငြိမ်သွားတယ် ကိုယ် အခုနေ သေရမယ်ဆိုရင်တောင် ငရဲတော့ မကျလောက်တော့ ဘူးလို့  ကိုယ့် ကိုယ်ကို ယုံကြည်မှု့ ဖြစ်သွားတယ် အဲ့ မှာ လိပ်ပြာလုံတော့ တာပါပဲ...ကိုယ်မဟုတ်တာ မလုပ်ခဲ့ တာကို စိတ်လုံတယ်ပေါ့ လေ ဒါမျိုးက အပြင်လူတွေနဲ့ မဆိုင်ဘူး ကိုယ့် ဟာကိုယ် စိတ်ထဲမှာ ဖြစ်နေတဲ့ သဘော....
အရင်က ပြောပြဖူးတယ် အလုပ်မှာဆုံတာ အဒေါ်ကြီးတစ်ယောက်ပေါ့  သူ့ ဒူးက မကောင်းဘူး ဆေးခန်းလာရင်းကနေ ၀င်လာတာ ဒူး ကိစ္စကဆေးလဲစုံပြီတဲ့ မပျောက်တဲ့  ကျနော်တို့ ဘေးအမြင်က အသက်အရွယ်ကြောင့် လဲ ဒူးမကောင်းတာဖြစ်နိုင်တာပဲလေ ဒီတော့ ဒူးမကောင်းတာ သိပ်အဆန်း လုပ်မနေတတ်ဘူး အရိုးကင်ဆာပြဿနာ မဟုတ်ရင်ပြီးတာပဲ ဆေးလူးဆေးစားလို့ မပျောက်သေးလဲ ဖြည်းဖြည်းထဖြည်းဖြည်းထိုင်ယုံပေါ့  ဒါကကိုယ့် အမြင်။
ဒီဒေါ်ကြီးက ဆန်းတယ် သူက သူ့ ဒူးပြဿနာက ၀ဋ်လည်တာလား မသိဘူးတဲ့  ( ဆိုလိုတာက ဒူးရောဂါဖြစ်နေတာ သူကျူးလွန်ခဲ့ တဲ့ အကုသိုလ်တစ်ခုကြောင့်  ၀ဋ်လည်နေတာလားလို့ မေးတာ) ဘာလို့  အဲ့ လိုထင်နေတာလဲလို့ ပြန်မေးတော့  သူက အထည်သည် ဈေးသည်ပေါ့  မနက်ဆိုင်ဖွင့် တယ်ပေါ့  တစ်နေ့ တော့ သူဆိုင်ဖွင့် စ မနက်မှာ ခွေးမတစ်ကောင်က သူ့ ဆိုင်ရှေ့ မှာ ဂလန့် လာလုပ်နေတာ နှုတ်နဲ့ မောင်းမရလို့ အနားမှာရှိတဲ့  အထည်တိုင်းဖြတ်တဲ့ ကိုက်တံ နဲ့ လှမ်းပစ်လိုက်တာအဲ့ ခွေးမ ခြေထောက်သွားထိတယ် ခွေးမခမျာ ငယ်သံပါအောင် အော်ပြေးချက် အနားက လူတွေတောင် လန့် ကုန်တယ်လို့ ဆိုတယ်
ပြီးတော့  အဲ့ ခွေးမ ခြေထောက်က လနဲ့ ချီပြီ ထော့ နဲ့ ထော့ နဲ့ ဖြစ်နေတာသတိထားမိတယ်လို့ ဆိုတယ် အခု သူ့ ဒူး ရောဂါ မပျောက်တာ အဲ့ ဝဋ်များလား မသိဘူးလို့ ဆိုတယ်...၊ ကျနော် သူ မျက်နှာကြည့် ရင်း စိတ်တော်တော်မကောင်းဖြစ်သွားတယ် မဟုတ်ဘူး မငြင်းရဲဘူး ဟုတ်တယ်လဲ မထောက်ခံရဲဘူး..( ဒါနဲ့  စကားတွေလှည့် ပတ်ပြောစိတ်ဖြေပေးလိုက်ရတယ်)
ဒီမှာ တွေ့ ရတယ် ဒီအဒေါ်ကြီး သူ့ ဒူးရောဂါအတွက် ဖြစ်နေတာ သူ့ ကိုယ်သူ ခွေးမ အပေါ်ကျူးလွန်ခဲ့ တဲ့  အကုသိုလ်ဝဋ်ကို ခံစားနေရတာလားလို့  လိပ်ပြာမလုံ(၀ါ) စိတ်မလုံဘူး ဖြစ်နေတာ ဒီလိုဖြစ်နေတာ သူကိုယ်တိုင် ကျနော့် ကို ထုတ်ပြောလို့ ကျနော်ကသိရတာ သူ မပြောဘယ်သိမလဲ သဘောက လိပ်ပြာလုံမလုံ စိတ်လုံမလုံက ကာယကံရှင်ရဲ့  စိတ်ထဲမှာ သူ့ ဟာသူဖြစ်နေတာမျိုးသဘော...အဲလို့ ဖြစ်နေချိန် သေသွားရင် မြွေဖမ်းပြီပေါ့ .
..ပြီးတော့  ဒါမျိုးစိတ်က ညာလို့ မရဘုးလို့ ဆိုတာက လူဆိုတာ ကိုယ်တိုင် ရုန်းကန်နိုင်စွမ်း ရပ်တည်နိုင်စွမ်း အားနဲလာချိန် စိတ်က မှီတွယ်ရာ ရှာနေမိတဲ့ အချိန်မျိုးမှာမှ အားကိုးရာ ရှာရင်း ဖြစ်လာတဲ့ စိတ်ခံစားမှု့ မျိုးတွေလဲဖြစ်နေတာမျိုး...ကိုယ့် ဘ၀နောက်ကြောင်းကို လည်ပြန်ကြည့် လိုက်ရင် ဟဲဗီး အကုသိုလ် တွေ မလုပ်ဖူးခဲ့ ဘူးဆိုတာကလည်း ရှေ့ ဆက်ရမယ့် ဘ၀အတွက် လူကို လိပ်ပြာလုံစေတယ် ငရဲမကြောက်တော့ ဘူး
အဲ့ ဒါ တော်တော် အရသာရှိတဲ့ စိတ်ပဲ။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..