'''၀ဋ်.....''
---------
မမွေးခင်မှာ ဘ၀တွေဖြစ်ခဲ့ တယ်ဆိုတာ ကို စာသိတွေ ယုံကြည်လောက်သူတွေ ပြောချက်အရသာ လက်ခံထားခဲ့ ကြရတာ ကိုယ် တွေ့  အဖြစ်က သာမန်မှတ်ဥာဏ်နဲ့ က မသိတော့ ဘူး မအေ့ ဗိုက်ထဲမှာနေရတဲ့ ဒုက္ခကြောင့် အပြင်ရောက်တော့  ဘ၀ဟောင်းတွေမှာ ဘာတွေဖြစ်ခဲ့  လုပ်ခဲ့ သလဲဆိုတာမေ့ကုန်တာလို့ ဆိုတယ်...တစ်ချို့ တွေကတော့  မအေ့ ဗိုက်ထဲမှာ ကံကောင်းထောက်မတဲ့ ကုသိုလ်တစ်မျိုးကြောင့်  အပြင်ရောက်တော့ ဘ၀ဟောင်းရှိခဲ့ တာ ဘာတွေဖြစ်ခဲ့ တာ ဘာတွေလုပ်ခဲ့ တာတွေကို မေ့ မသွားပဲ တစ်ချို့ ကိစ္စတွေကို ပြန်မှတ်မိနေတယ်လို့ ဆိုတယ်...အဲ့ မှာ လူဝင်စား မှတ်ဥာဏ်သဘော ဖြစ်လာပုံရတယ်...
မကောင်းမှု့ တွေပြုခဲ့ လို့ ဝဋ်သဘော ပြန်ခံရတဲ့ အကြောင်းအရာတော်တော်များများ ဗုဒ္ဓ၀င်မှာပါတယ်...အဲ့ ထဲက ၀ဋ် တစ်ကွက်က ရှင်သာရိပုတ္တရာကြီးဆို သံသရာဘ၀တစ်ကွေ့ မှာ နွားကျောင်းခဲ့ ရဘူးပြီး အဲ့ တုန်းကတဲ့  မျှော့ ကို ဆားပုံခဲ့ တဲ့ ကိစ္စက ၀ဋ်သဘောဖြစ်လာပြီး နောက်ဆုံးဘ၀မှာ သွေးအံတော်မူပြီး သံသရာဇာတ်သိမ်းခန်းဝင်ရတယ်လို့ ဆိုတယ် ..သံသရာဇာတ်သိမ်းချင်ရင် ကြွေးရှင်းမှပေါ့ လေ...
အဲ့ မှာ တွေးစရာက ဘ၀တွေမှာ ကြုံတွေနေတဲ့ ကိစ္စတွေအတော်များများက ကမ္ဘာ ကမ္ဘာတွေ ဖြစ်လိုက်တည်လိုက် ပျက်လိုက်နဲ့  ဝေးကွာလွန်းတဲ့  အတိတ်ကာလတွေက ပြုမိခဲ့ တဲ့ ကောင်းမှု့ ဆိုးမှု့ တွေအတော်များများက ၀င်ဝင်ပြီး ကလိ ကလိသွားနေတာမျိုးဆိုတာပဲဗျား...ခက်တာက သံသရာကို ပြန်ကြည့် မြင်နိုင်တဲ့  ဥာဏ်စွမ်းရည်က ပုထုဇဉ်ဥာဏ်အရဆို အကန့် အသတ်ရှိနေတယ် ဥာဏ်ကောင်းလှချည့် ဆိုတဲ့  ရသေ့ တောင် ပြီးခဲ့ တဲ့ ကမ္ဘာ ၄၀ အထိပဲ မြင်နိုင်တာမျိုး..ဗြဟ္မာကြီးကလည်း သူမြင်နိုင်တဲ့  ဗြဟ္မာ့ ဥာဏ်အရ အကန့် အသတ်ကရှိနေတယ်....
တစ်ခါတစ်လေ တွေးမိတာပါ သံသရာဘ၀ အသာထား ပြီးခဲ့ ဘ၀က ဘာဖြစ်ခဲ့ မှန်း မမှတ်မိတော့ တာ ကောင်းဖို့ လား ဆိုးဖို့ လားတောင် မတွေးတတ်တော့ ဘူး ၀ါးတားတားတွေဖြစ်ကုန်ပြီလို့ လေ..ဟီးဟီး.ဟုတ်တယ်လေ ..ပြီးခဲ့ တဲ့ ဘ၀ဟောင်းကို မမှတ်မိယုံတင်မကဘူး ဘ၀တစ်ခုခုဖြစ်ခဲ လား မဖြစ်ခဲ့ လားတောင် သမားရိုးကျ အတွေးနဲ့ မသိတော့ လို့  နောင်ဘ၀ကိုပါ သိပ်မကြောက်တတ်တော့ ပဲ အကုသိုလ်တွေကို ရဲရဲကြီးလုပ်ရဲတာမျိုး ဖြစ်လာပုံရတယ်ပေါ့ လေ...အဟီးး
မျှော့ ကိုဆားပုံတာ ၀ဋ် တစ်ခုတောင် ဖြစ်ခဲ့ တယ်ဆိုတော့  ငယ်ငယ်က တီကောင်တွေကို ဆားလိုက်ဖြူးတာ ပြန်တွေးပြီး စတွန့် သွားတာပေါ့ဗျာ...ခ်ခ်...တော်သေးတယ် ဒါတောင် ငါးမျှားချိတ်မှာ တီကောင်သွပ်ပြီး ငါးမမျှားတတ်လို့  ခ်ခ်ခ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..