သံယောဇဉ် (၀ါ) မီးကိုမြိုလို့ သောက အံ...(၀ါ) ချစ်ရမှာလည်းကြောက် အချစ်ခံရမှာလည်းကြောက်
---------
ချစ်တတ်လွန်းသူတွေအဖို့  ချစ်ရသူတွေအပေါ်ထားခဲ့ မိတဲ့  သံယောဇဉ်ကြောင့် ဖြစ်လာတဲ့  ခံစားမှု့ တွေကို စာနဲ့ ရေးပြရတာတောင် မခံစားနိုင်တတ်ဘူး တစ်ခါတစ်လေ စာရိုက်နေရင်းက မျက်ရည်တွေ တောက်တောက်ကျလာပြီး ပင့် သက်ရှိုက်ရင်း ခဏနားလိုက်ရတဲ့ အထိမျိုးပေါ့ ။ မူလကတွေးထားတဲ့  စကားလုံးတွေတောင် ပျောက်ကုန်တဲ့ အထိပဲ..၊ လူဆိုးလူညစ်တွေရဲ့ ရန်ကနေ ကင်းလွတ်ရအောင် ကိုယ်မွေးထားတဲ့  ဂုတ်ကျားတစ်ကောင်ကို ကိုယ့် ထက်လုံခြုံမယ်ထင်တဲ့  အရပ်ဆီ သွားပို့ ရချိန်မှာ ဖြစ်လာတဲ့ ခံစားမှု့ ဆိုတာ.....
ကြွက်ဖလောင်းရန်တွေကနေ ကာကွယ်ရေးဆိုပြီး ကြောင်လေး တစ်ကောင်စ နှစ်ကောင်စ စမွေးမိတယ်..ကြာတော့ ကြောင်လေးတွေဟာ ကိုယ့် မိသားစုဝင်တွေလို
သံယောဇဉ်ဖြစ်လာပါရောဗျာ မူလက ကြွက်ခုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပျောက်သွားပြီး ကြွက်ခုတ်ခုတ်မခုတ်ခုတ် ကြောင်လေးတွေ ရှိနေတာကိုက ကိုယ့် မိသားစုဝင်တွေ စုံစုံညီညီ ရှိသေးလိုလိုမျိုးဖြစ်လာတယ် ၊ ကြောင့် သဘာဝ အိမ်လည်လို့ နေ့ တစ်ဝက်လောက် ပျောက်နေရင်တောင် အိမ်က ကြောင်တွေ ဘယ်ရောက်ကုန်လဲဟ လူခိုးသွားသလားဟ မီ မီ မီ မီ လာ လာ လာ လာ တွေ ....အလည်လွန်ပြီး မပြန်တတ်ဖူးဖြစ်နေသလားဟ တွေ ဘာတွေ ဖြစ်ကုန်ပါရော...
သံယောဇဉ်ဆိုတာ တယ်ပူပါလားဆိုတာ စာဖတ်ပြီး ရလိုက်တဲ့  သံဝေဂများ ၀ယ်သူရှိရင် ပြန်တောင်ရောင်းစားလို့ ရလောက်တယ်...အခုအထိတော့  အဲ့ သံယောဇဉ် အပူတွေပဲ
မီးကိုမြိုလို့ သောက အံ ပျော်စရာ သံသရာ နန်းသိမ်းပွဲ လုပ်မိနေတုန်းပဲ....သံယောဇဉ်တွေ တွယ်သွားမိမှာကို ကြောက်လွန်းလို့ ဆိုပြီး သံယောဇဉ်တွေကနေ ဝေးရာကိုပြေးဖို့ ခုထိ စိတ်မကူးမိသေးပါဘူး...
မွေးရင်းက ဒီကြောင်တွေ မျိုးပွားချက်က တစ်ခါကဆို ၁၅ ကောင်ကျော်သွားတယ်၊ တစ်အိမ်လုံးမှာ ကြောင်ချည်းဖြစ်ကုန်တယ် လူနေအိမ်နဲ့ တောင်မတူတော့ ဘူးကြောင်ချီးနံ့ က ဘယ်လောက်သန့် အောင်လုပ်လုပ် ကျန်နေတာပဲ ကြာတော့  ကိုယ်ခံနိုင်ပေမယ့်  ဧည့် သည်တွေအတွက် ထည့် တွေးရတော့  မဖြစ်မနေပေါ့ ကြောင်တွေတစ်ချို့ ကို အစာရေစာပေါတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးထဲ သွားပို့ ရတော့ တယ်.....အဲ့ နေ့ ကဆို အိမ်မှ နေရင်းထိုင်ရင်း လူမသေပဲ နာရေးပေါ်နေတဲ့ အိမ်လိုပါပဲ......
တစ်ခါကများ အကျင့် သိပ်မကောင်းတဲ့ ကြောင်တစ်ကောင်ကို အိမ်နဲ့  သိပ်ဝေးတဲ့ အရပ်က ဘုန်းကြီးကျောင်းဝင်းမှာ သွားလွှတ်ခဲ့ တာ တစ်လလောက်ကြာတော့  အဲ့ ကြောင်က အိမ်ကို ကုပ်ချောင်းချောင်းနဲ့ ပြန်ရောက်လာတယ် ပိန်ချုံးပြီး ကြောင်ရုပ်တောင် ပျောက်လုလုပါပဲ အရောင်မထွက်တော့ တဲ့ အမွှေးဖွာလံကျဲ တွေနဲ့  သခင်တွေကို ညှိုးငယ်တဲ့ မျက်လုံးနဲ့  အိမ်တံခါးဝလေးကနေ မ၀ံ့ မရဲနဲ့  လှန်းကြည့် လိုက်ပုံက '''''ကျနော့် ကို နောက်တစ်ခါ မစွန့် ပစ်ပါနဲ့ နော် ''''လို့  တောင်းပန်းနေသလိုလိုပါပဲ..ဟတ်ထိပြီး သနားကုန်ချက်က ပြောစရာ စကားလုံး မရှိတော့ တဲ့ ရင်ဘတ်...
အိမ်သားတွေလည်း ထင်မထားပဲ ပြန်ရောက်လာတဲ့ ကြောင်ကို ကြည့် ပြီး ဘုရားရေ.ဒါ အိမ်ကကြောင်ကြီးဟ...ဆိုပြီး ဘုရားကို တ မိကုန်ရောပဲ...ဟတ်ထိချက်က သွားပစ်မိတာတောင် နောင်တရသွားသလိုလို ဖြစ်သွားမိသလို ကြောင်တစ်ချို့ ရဲ့  မှတ်ဥာဏ်ကိုလည်း အပြင်မှာ လက်တွေ့ မြင်လိုက်ရတာမျိုးပေါ့  တစ်ချို့ ကတော့ ပြောပါတယ် အိမပြန်လမ်းကို မမှတ်မိအောင် မျက်လုံးပိတ်ပြီး ခေါ်သွားတာမျိုး တောင်းထဲထည့် အ၀တ်အုပ်ပြီးခေါ်သွားရတယ်တဲ့ ....ရက်စက်ပါ့ ကွယ်..
အဲ့ ဒီကတည်းက ကြောင်တွေကို သွား မလွှတ်ဖြစ်တော့ ဘူး..ကံကြမ္မာက မျက်နှာသာပြန်ပေးလာချက်နဲ့ တူပါရဲ့  ကံကောင်းချက်က လွှတ်ရလောက်တဲ့ အထိလဲ ကြောင်ကောင်ရေက အရင်လို တက်မလာတော့ ဘူး သူ့ သဘာဝတွေအတိုင်းပဲ ထွက်ချိန်တန် ထွက်သွားကြ သေချိန်တန် သေကြနဲ့  ကိုယ့် ပယောဂ မပါတော့ တာမျိုးနဲ့ ပဲ သုံးလေးကောင်လောက်ပဲ ပုံမှန် ရှိနေတော့ တယ် ။
နောက်တစ်ခုက ဘယ်သူက အကြံပေးပေး ဘယ်တုန်းကမှ မလုပ်ခဲ့ တာက ကြောင်မတွေကို တားဆေး မထိုးတာပါပဲ ဒါက သဘာဝတ္တတရားကို ပိတ်ဆို့ ခြင်းသဘောအားကြီးတယ်လို့  ဒါကြောင့်  ကိုယ် အယူဝါဒက အခြေခံဖြစ်လာတဲ့  အသိသဘော သံသရာဝဋ်သဘော အရ ကိုယ့် ကိုပြန်ဝဋ်လည်မှာ တွေးကြောက်လို့ ....
သံယောဇဉ်ဆိုတာ ပူမှန်းသိပေမယ့်  တွယ်တာမှု့ တောလယ်မှာ မမောနိုင်မပမ်းနိုင် ငိုစရာရှိ ငိုလိုက်ကြ ရီစရာရှိ ရီလိုက်ကြနဲ့  ပျော်မွေ့ နေကြသေးပုံက
'''မီးကိုမြိုလို့ သောကအံ'' နေသလိုလို ဖြစ်နေသလိုပါပဲဗျာ ...
.ချစ်ရမှာလည်းကြောက် အချစ်ခံရမှာလည်းကြောက် ဆိုတာ အဲ့ သံယောဇဉ်ပေါ့ ဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..