ကိုယ်တွေ့ ..လျပ်စစ်သေတွင်း...
----
ကလေး ၄ ယောက် အတွဲလိုက်ကြီး ဓါတ်လိုက်ခံရလို့ ကြေကွဲစရာတွေ ဖြစ်သွားရတဲ့  သတင်းဖတ်ပြီး ကျနော်ငယ်ငယ်တုန်းကလဲ အဲ့ ကလေးတွေလိုပဲ ဖြစ်တော့ မလို့  ဓါတ်လိုက်ခံခဲ့ ရတဲ့ ကိစ္စလေးပြန်ရေးပြလိုက်ပါတယ်...
တိုက်ဆိုင်ချက်က ကျနော် ဓါတ်လိုက်ခံရချိန်ကလဲ ၅တန်းဖြေပြီး ၁၁နှစ်နဲ့  ၁၃နှစ်ကြားလောက် အရွယ် ခုလိုနွေရာသီမှာပါပဲ ရှင်ပြုမဲ့ ဆဲဆဲပါ ၊ အဲ့ တုန်းက ကျနော်ဟာ အလွန်ကိုအဆော့ သန်သလို စပ်စုချက်ကလည်း အလွန် ဆရာလည်းအလွန်ကျချင်တတ်ပါတယ်၊ အဲ့ တုန်းက ကျနော်တို့  အိမ်မှာ အရင်ခေတ်က ဂျပန်က၀င်တဲ့ စားပွဲတင်ပန်ကာတစ်လုံးရှိပါတယ်..၊
အဲ့ ပန်ကာရဲ့ ဘော်ဒီအုံ တစ်ခုလုံးဟာ သံကိုယ်ထည်ပါ အဲ့ ပန်ကာကို ထားတာက ၅ပေ နီးပါးမြင့် တဲ့  အလှလျှိုးကေ့ စ်ဘီဒို ထိပ်ပေါ်မှာ တင်ထားတာပါ... ပြီးတော့  အဲ့ ဘီဒိုကို သစ်သားကြမ်းခင်းမရှိတဲ့  သံမံတလင်းပေါ်မှာ ထားတာပါ.
နေ့ လည်ကြီးဆော့ နေရင်း အိုက်လာလို့ ပန်ကန်လှမ်းဖွင့် တော့  ကျနော့် အရပ်နဲ့ မမှီမကန်းဖြစ်နေပုံက ဘီဒို ထိပ်က ပန်ကန်အုံခြေရင်းပေါ်က ခလုပ်ကို လက်ဖျားလေးနဲ့  အုပ်မိယုံလေးပါ..အဲ့ မှာ ပန်ကာခလုပ်ကို ခြေဖျားလေးနဲနဲ ထောက်ပြီး ညာလက်နဲ့  လှမ်းနှိပ်လိုက်ရင်ပဲ ဓါတ်စလိုက်တော့ တာပါပဲဗျာ...ဘယ်အချိန်က မီးကြိုးပေါက်ပြီး အဲ့ ပန်ကာသံအုံမှာ လျပ်စစ်ဓါတ်စီးနေလဲမသိပါဘူးဗျာ
ဓါတ်စလိုက်တာနဲ့  တစ်ကိုယ်လုံးကျင်ကနဲ ဖြစ်သွားပြီး '' ဟာ...ဓါတ်လိုက်တယ်ဟ'' ဆိုတဲ့  အသိက စိတ်ထဲက တန်းသိလိုက်လို့  လက်ကိုပြန်ဆွဲနှုတ်လိုက်ပေမယ့်  သိပ်မြဲတဲ့ ကော်နဲ့ ကပ်ခံထားရသလိုပါပဲ ကိုယ့် လက်ကိုယ်ဆွဲလို့ မရတော့ ပဲ လက်ကပန်ကာအုံပေါ်က ခလုပ်တွေပေါ်မှာ အုပ်မိ လျက် သားဖြစ်နေပါတော့ တယ်..
အဲ့ မှာ အရမ်းထိတ်လန့် ပြီး နောက်ဘယ်လက်နဲ့  ညာလက်ကို ဆွဲဖြုတ်မယ် ဆိုတဲ့  အသိနဲ့ နောက်လက်တစ်ဖက် ညာလက်ပေါ် လှမ်းကိုင်လိုက်တော့  အဲ့ မှာ လက်နှစ်ဖက်စလုံး ပန်ကာအုံပေါ်ကပ်သွားပြီး လက်နှစ်ဖက် တန်းလန်းကြီးဖြစ်နေပါတော့ တယ်
ဓါတ်လိုက်နေပုံက ပထမ လက်ကနေ အလိုက်ခံလိုက်ရပေမယ့်  နောက်တော့  ကျဉ်တက်လာပုံက သံမံတလင်းနဲ့  ထိနေတဲ့ ခြေထောက်ကနေ အပေါ်ဖက်ကို တစ်ဖြည်းဖြည်းပြန်တက်လာနေသလိုပါ အဲ့ မှာ ကျနော် အသားကုန် အော်ပါတော့ တယ် ခပ်လှမ်းလှမ်းမှာရှိနေတာ ဧည့် သည်နဲ့ ထိုင်စကားပြောနေတဲ့  အဖွားရှိနေပါတယ်
''အဖွားရေ..ကျနော် ဓါတ်လိုက်နေပြီ '' လို့ အားကုန်အော်နေတာကို ၁၀ပေလောက်သာ လှမ်းတဲ့ နေရာက အဖွားက ကြားပုံမရပါဘူး...အဲ့ ချိန်မှာ နောက်ဖေးမှာကစားနေတဲ့  ညီမက အိမ်ရှေ့ ရောက်လာပြီး ကျနော့် ကိုနောက်ကနေလာဖက်တော့  သူ့ ကို ဓါတ်ကဆက်လိုက်နေလို့  မောင်နှစ်မ နှစ်ယောက် တန်းလန်းကြီး ဖြစ်နေပါတော့ တယ်...
အဲ့ တော့ မှ မောင်နှစ်မ နှစ်ယောက် ဘီဒိုရှေ့ မှာ ရုန်းနေတာကို အဖွားက မြင်သွားပုံရပါတယ် ထိုင်နေရာက ရုပ်ကနဲထပြီး ကျနော့် ကို လာဆွဲတော့  အဖွားကိုပါ ဓါတ်ဆက်လိုက်နေလို့  အဲ့ ဘီဒိုရှေ့ မှာ သုံးယောက်ပူးကြီး ဓါတ်လိုက်ခံနေရပါရောဗျာ...
အဲ့ မှာ ထူးဆန်းတာက ကျနော့်  ခြေထောက်အောက်ကနေ ထုံကျဉ်တက်လာနေတဲ့  ခံစားမှု့ က အရှိန်နှေးသလို ဖြစ်သွားပြီး ရုန်းနေရင်းက အပေါ်ပိုင်းရောက်ရင် သေပြီ လို့ ကို '' ဓါတ်လိုက်နေတယ် '' လို့  အော်နေရင်း သိနေတာပါပဲဗျာ...
အဲ့ လိုဖြစ်နေတာကို အိမ်ခန်းထဲက အစ်မက မြင်သွားပြီး မီးခလုပ်ခုံနားကို ပြေးသွားပြီး ခလုပ်ကို ပိတ်ချလိုက်တဲ့ အခါ ..ကျနော်ရယ် ကျနော့် ညီမရယ် အဖွားပါ မြင်းအကန်ခံလိုက်ရသလိုပဲ ၀ုန်းကနဲဆိုနောက်ဖက်ကို ပြန်လွင့် ထွက် လဲကျကုန်ပါရောဗျား..
..တစ်ကိုယ်လုံး အသားတွေဟာ တဆပ်ဆပ် တုန်နေပြီး ညာလက် လက်ဖျားတွေက ညိုမဲသွားပါရောဗျာ.. အစ်မကသာ မီးခလုပ်ကို ပိတ်ရကောင်းမှန်းသာ မသိပဲ သူဝင်ဆွဲရင် ၄ ယောက်သား ဂန့် မယ့် သဘောရှိပါတယ်..အလယ်လူညီမလေးက နဲနဲပဲလန့် သွားပြီး အဖွားကတော့  ဇီးဖျော်ရေ ဖျော်သောက်လိုက်ရပါတယ်
ရေးပြတာသာ ရှည်ပေမယ့်  တကယ်တော့  ဒီအဖြစ်အပျက်ကြီးရဲ့  အစအဆုံးကြာချိန်ဟာ စက္ကန့် နဲနဲ ဒါမှမဟုတ် မီးနစ်ပိုင်းလောက်ပဲဖြစ်မှာပါ ဓါတ်လိုက်ခံနေရတုန်းက တစ်ကမ္ဘာလောက် ကြာတယ် ထင်နေမိပြီး ကျနော် အသားကုန်အော်နေတဲ့ အသံက ပြာနှမ်းနှမ်းအသံတိုးတိုးလေးပဲ ထွက်တယ်လို့  အစ်မက ပြောပါတယ်ဗျား.. အဲ့ ပန်ကာကို လက်ဖျားနဲ့ တောင်မတို့ ရဲတော့ သလို လျပ်စစ်ဆို အသေကျွတ်ဖြစ်သွားတော့ တာပါပဲဗျား...( မသေထိုက်သေးလို့ သာ လွတ် လွတ်လာတာ သေပေါက်တွေချည်းပဲ...ဟီးဟီး)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..