Powered By Blogger

Tuesday, May 24, 2016

ဒါ..ငါတို့  ဧရာဝတီ


ဒါ..ငါတို့  ဧရာဝတီ
-----------
MRTV က လာတဲ့ ဘိုကလေးကနေ ကဒုံကနိ သွား တောလား ဒေါ်ကူမန်ထရီလေး
ထိုင်ကြည့် နေလိုက်တာ ကိုယ်ပါ ခရီးစဉ်ထဲ မျောသွားသလိုဖြစ်သွား ပြီး အရင်က မြင်းကကုန်းဖက်သွား ပဲချိတ်လှေရှည်လေးတွေနဲ့  သွားခဲ့ တာကို သတိရသွားတယ်။

 ဒေါ်ကူမန်ထရီတွေကို သဘောကျတတ်ပုံက အဲ့ လိုလေးတွေကြည့် လိုက်ရရင်လူက အဲ့  ဒေါ်ကူ မပြီးမချင်း မထတော့ ဘူးဖြစ်သွားတတ်ရော..ရိုက်ချက်တွေနဲ့  တင်ဆက်သူကောင်းတော့  ခေတ်ပြိုင်ဘ၀တွေရဲ့ အကြောင်း ရသစာတန်းတစ်ခုကို အရသာရှိရှိဖတ်လိုက်ရသလိုမျိုးလဲ ခံစားလိုက်ရတယ်..၊


ဘိုကလေးနဲ့  ကဒုံကြားက ဘ၀ လူနေမှု့ တွေ အကြောင်း ၊ ရှပ်ပြေးယာဉ် ရှိလာလို့ အရင်ထက်တော့ သွားရလာရတာ မြန်လာတာ ၊ ရှပ်ပြေးယာဉ်ဟာ ဧရာသားတွေ ဒေသခံတွေအတွက် အရေးပါကြောင်းတွေ သဘောတွေ၊ မိန်းမလှကျွန်းကြီး အကြောင်း မိန်းမလှကျွန်းကြီးနဲ့ ဆက်စပ်နေတဲ့  နတ်ဖြစ်တဲ့  ရေငံငယ်တရိုး ပိုင်းစံငယ်စိုးပါတဲ့  ဆိုတဲ့  ဦးရှင်ကြီးနတ်အပေါ် ဒေသခံတွေရဲ့ ဘယ်လောက်တောင် ယုံကြည်မှု့ ရှိသလဲ ဆိုတဲ့ အကြောင်း တော်တော်ကြီးမားတဲ့ မိကျောင်းတွေ ဒီရေတောအကြောင်းတွေ နဲ့  အတော်စုံအောင် ပြောပြရိုက်ပြသွားသလို ခနော်နီခနော်နဲ့  ဆိပ်ခံတံတားတွေရဲ့ အန္တရယ် များလှပုံတွေကို တင်ဆက်သူ ဖီလင်လေးဝင်လာပုံက တိုင်းပြည်ကြီးကို ဒိထက် တိုးတက်စေချင်နေတဲ့ စိတ်တွေဖြစ်သွားပုံပါ ပါလာတယ်..


ဒါလဲ ဟုတ်တုတ်တုတ်ပဲ အမြန်ရှပ်ပြေးယာဉ်တွေ ရှိလာ တိုးလာတာပဲ ရှိတယ် ပတ်ဝန်းကျင် နဲ့ ဘ၀ လူနေမှု့  မြင်ကွင်းတွေကတော့  ၁၀နှစ် အနှစ် ၂၀ကြာမှ ပြန်ရောက်လာပြီး ထ သွားလဲ ဒါပဲ လိုလိုဖြစ်နေတာ..၊ ဒါပေမယ့်  အဲ့ အပေါ် ကြီးကြီးကျယ်ကျယ် အလိုမကျ ဖြစ်မနေမိပဲ.. ''' ဒါ ငါတို့ ရဲ့ မြန်မာပြည်ကြီး ဒါ ငါတို့  မြန်မာပြည်သားတွေ ဒါ ငါတို့ ဧရာသားတွေ '' ဆိုတဲ့  ဖီးလ်က ရင်ထဲ လာဖြစ် နေပြီး အဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်မြင်ကွင်းကျယ်ကြီး ကိုကြည့် နေရတာကို လွှတ်သဘောတွေကျ နေပုံက မြန်မာပြည်ထဲ ထိုင်ကြည့်် နေရင်းနဲ့ ကို...

.'' မြန်မာပြည်ကို လွမ်း.'''' .ဖြစ်နေပါရောဗျာ...။

ဒါမျိုး မြန်မာပြည် ဒေသတွေက ကိုယ့် မြန်မာပြည်သားတွေရဲ့  ဘ၀လူနေမှု့ စတိုင်တွေကို ရိုက်ပြီး ခရီးသွားဒေါ်ကူလုပ်ပြီး တင်ဆက်ပြတတ်တာ ဂျာမဏီက DWကလည်း လာတတ်တယ် ။ အဲ့ လိုဒေါ်ကူတွေမှာ ပေါ်တစ်ကိစ္စတွေ ပေါ်တင်မပါတတ်ပဲ ကိုယ့် ဟာကိုယ်သာ တွေးကြည့် ကြသဘောတွေက မြှုတ်ကွက်ကလေးတွေ ရေးတတ်တဲ့  အက်ဆေးကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရသလိုမျိုးနဲ့ ခံစားလိုက်ရတာမျိုးနဲ့ လည်းဆင်တယ်.

.ခဏခဏကြည့် ရလဲ ရိုးမသွားဘူး ထပ်ထပ်ကြည့် ချင်မိနေတဲ့  ခရီးသွားတောလား ရိုက်ချက်မျိုးတွေပေါ့ ဗျာ... ဘိုကလေး မြင်းကကုန်းဖက် ကိုယ်သွားခဲ့ တဲ့ အတွေ့ အကြုံတွေ ခေတ်ပြိုင်လူနေမှု့ ဘ၀တွေ နာဂစ်အကြောင်းတွေနဲ့  ချဲ့ သာရေးလိုက်လို့ ကတော့ ..


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..