
ရွှေတော မိသားစုတစ်စုရဲ့ ဘ၀ အိပ်မက် ဒေါ်ကူမန်ထရီ
----------
တီဗွီကလာတဲ့  သပိတ်ကျင်းမြို့ နယ်မှာ အိမ် လို့ မြည်ကာမတ္တ ပြောလို့ ရလောက်တဲ့  တဲလေး ထိုးနေတဲ့  လင်မယား ၂ ယောက် ဆိုးတူကောင်းဖက် ရွှေတူး ၀မ်းစာရှာရင် ကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်အောင် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးကျောင်းမှာ လူစဉ်မှီအောင် ကျောင်းထားခဲ့ ပုံတွေ သူတို့ မိသားစုဟာ ၀မ်းစာကို ဘယ်လောက်တောင် ပင်ပင်ပမ်းပမ်းနဲ့  ရိုးရိုးသား ရှာဖွေရင်း ဘ၀ရပ်တည်ကြပုံတွေ မိသားစု အတွက် လင်မယား ၂ ယောက် တစ်နိုင်တစ်ပိုင် တက်ညီလက်ညီ တစ်နေ့ စာ ၀မ်းစာရေးအတွက် မျောတိုက် ရွှေတူးကြပုံတွေ စသဖြင့်  ကြည့် လိုက်ရတဲ့ အခါ...
.ပြန်ပြန်လာတိုင်းလဲ ပြန်ပြန် ကြည့် ဖြစ်ခဲ့ နေတယ်....ကရုဏာပေါင်းများစွာနဲ့ ရော လူ့ ရဲ့  ဘ၀လောကဓံကို ကြံ့ ကြံ့ ခံရင်း ရိုးသားစီးပွား ရှာင်္ပြီး ဘ၀ကိုရပ်တည်ကြပုံတွေ ကလေးတွေရဲ့  မွဲလှတဲ့  ဓနမိသားစုကြားထဲ မအေ ဖအေက တည်ရှိနေဆဲ ခေတ်က ပေးလာတဲ့ ပညာရေးကို မရှိတဲ့ ကြားက ကျောင်းထားပေးပြီး ဘ၀ကို ရုန်းကန် ရင်း အားသွန်ခွန်စိုက် ကြိုးစားနေကြပုံတွေကို အားရရင်း ပီတိဖြစ်ရင်းပေါ့ ..( ဘ၀တစ်ခုကို ရိုးသားကြိုးစား စီးပွားရှာနေတဲ့  မိသားစုတွေကို သိပ် သဘောကျတာပါပဲ)
ဇာတ်စ အဖွင့် မှာ မိုးလင်းလို့ နေရောင်ခြည် အလင်းအစမှာ မအေက ရေနွေးအိုးလေးတည် ထမင်းတစ်အိုးချက် ပဲကြီးဟင်းလေးတစ်ခွက် ပြင်ဆင်ပေးရင်း ဘုရား ၀တ်တက်လိုက်တယ် ( သူ့ စိတ်ထဲ ဒီနေ့  တပည့် တော်မတို့  မိသားစု ၀မ်းစာအတွက် ရွှေစလေးတွေ များများတွေ့ ပါစေရယ်လို့  ကိုယ်တော်ရှင်မြတ်ဆီမှာ ဆုတောင်းနေလေမလားလေ.လို မျှဝေ ခံစား မိလိုက်တယ်လေ)
.နောက်တော့  တစ်အိမ်သားလုံးကို လိုက်နှိုး သားသမီးတွေ ပုံချသွားတဲ့ စောင်တွေကို လိုက်သိမ်းပေးနေတဲ့  မအေ တစ်ယောက်ရဲ့  ရဲ့  မိသားစုအပေါ် အရာခပ်သိမ်းစောင့် လျှောက်တတ်မှု့ စိတ်အပေါ် အလေးအမြတ်ပြုလိုက်မိတယ်လေ)
အလင်းအစပျိုးချိန်မှာ အဆာပြေ ထမင်းနဲ့  ပဲကြီးဝါ၀ါကြော်လေးကို ဟင်းလုပ်စားကြရင်း သားသမီးတွေက ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးဆီသို့  လင်မယားနှစ်ယောက်ကတော့  ရွှေကျင်တိုက်ရာအရပ်ဆီသို့  အသီးသီး ကိုယ့့်တာဝန် ကိုယ်စီနဲ့ ပေါ့ ...
ဒီ ဒေါ်ကူမန်ထရီထဲမှာ ကလေးတွေက ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးမှာ စိတ်အားထက်သန်စွာ ပညာတွေသင်လို့  မုန့် စားဆင်းချိန်မှာ မအေထည့် ပေးလိုက်တဲ့  ထမင်းနဲ့  ဆီ မပါသလောက်ဖြစ်နေတဲ့  ပဲကြီးဝါ၀ါကြော် ကို ဘ၀ပေး အသိအရ ချေးများမနေပဲ လွေးနေကြပုံတွေ...ရွှေကျင်ရာ မြေတွင်းလေးမှာ လင်က ရွှေမြေတွေကို ပေါက်တူးလေးနဲ့ ဖဲ့ ကာ ဖဲ့ ကာကယူလို့  မယားက အဲ့ ရွှေမြေတွေကို မျောတိုက်လို ရေတွေ လောင်းချလိုက် ဇကာကျင်လိုက်နဲ့ တစ်နေ ကုန်အထိ လင်မယား ၂ ယောက် တက်ညီလက်လုပ်နေကြပုံတွေ ညနေစောင်းတော့  မြေညက်တွေကို မယားက ပြဒါးနဲနဲလေးနဲ့  ရွှေဖမ်းပုံတွေ. ရွှံ့ နစ်ရေတွေထဲမှာ ခြေတစ်ပိုင်းမြုတ်လို့  လက်ဖ၀ါးတွေဆိုတာ ကြမ်းတမ်းမှု့  တွေကြားထဲ ပဲကြီးရေခွံလေးများတောင်တွန့် လို့ ကလေးတွေ ပျော်ပျော်ပါးပါးကျောင်းဆင်းလို့  အမေ့ အိမ် အဖေ့ တဲကို ပြန်ရောက်ခဲ့ ကြပြီ ။
သမီးအကြီးက ရွှေတောကပြန်လာမယ့်  မိဘ ၂ပါးကို မျှော်ရင်း မီးမွှေး ရေနွေးအိုကြိုပေးနှင့် ခဲ့ ပြီ။ အဲ့ နေ့ က လင်မယား ၂ယောက် တစ်နေကုန် ကျင်ရသမျှ ပြဒါးနဲ့ ဖမ်းထားတဲ့  ရွှေမှုံလေးတွေကို ရွှေတောဈေးမှာ ၀င်ရောင်းတော့  ( ၇ထောင့်နဲ့ မှ ငါးရာ ရခဲ့ ကြတယ် ( ဒီလောက် လုပ်ခဲ့ ကြတာတောင် တစ်သောင်းတောင်မပြည့် ခဲ့ ပါလားလို့  စိတ်က မကောင်းမိလိုက်သေး )
အဲ့  ငွေလေးနဲ့  မိသားစု ညစာအတွက် ငါးလေး ခရမ်းချဉ်သီးလေး ဆီလေး ဆန်လေး ၀ယ်ပြန်လာ အိမ်ဝကနေစောင့် နေတဲ့ သမီးကြီးက ဆီးယူ မအေနဲ့ အတူတူချက်ပြုတ်လို့  ဖအေက သူ့ အိမ်လေးဘေးနားက စိုက်ထားတဲ့  ခရမ်းကျွတ်သီးလေးတွေ ဘူးသီးနုလေးတွေ တို့ စရာ အဖြစ် ခူးလို့  ...ဖယောင်းတိုင်မီးရဲ့  အောက်မှာ မိသားစုတေ လက်ဆုံစားကြပေါ့  ဓနမဲ့ သည်ဖြစ်စေ ဓနရှိသည်ဖြစ်စေ မိသားစုတွေ စုံစုံညီညီ ထမင်းဝိုင်းဖွဲ့ စားသောက်ကြတဲ့ မြင်ကွင်းဟာ ဖယောင်းတိုင်မီးလေး အောက်မှာကို မိသားစုရဲ့  ချစ်ခြင်းမေတ္တာ သင်္ကေတသဘော သိင်္ဂါရ ရသမြောက်လှသလို...ကိုယ့်  ငယ်စဉ်ဘ၀ကိုလဲ လွမ်းဆွတ်မိလိုက်တယ်လေ..
ညဦးပိုင်း မိသားစုတွေ နားနေခိုက်မှာတော့  ကလေးတွေက ကျောင်းကစာတွေကို ပြန်လေ့လာလို့ ( ကလေးတေရဲ့  စာတော်ချက်ကလဲ ပညာရည်ချွန် ဂုဏ်ပြုမှတ်တမ်းလွှာတွေက နှစ်စဉ်လိုလို ပါပဲ လောကဓံကို အရှုံးအမပေးနဲ့  ဆက်လက်ပြီး ပညာရည် ချွန်ကြပစေ ကလေးတွေရေလို့ သာ )
အဲ့  လို နဲ့  အဖေနဲ့  အမေက အဖန်ရည်လေး ဘ၀ အမောပြေ ထိုင်သောက်နေရင်း ဖအေက သူ့  အိမ်ကျူထရံ ကြားမှာ ညှပ် ထားတဲ့  ကြေးရတတ်တွေရဲ့  သားရှင်ပြု သမီးနားသ အလှုတော် မင်္ဂလာတစ်ခုက ကမ်းတဲ့  အလှုတော် မင်္ဂလာ ယပ်တောင်လေးကို လှမ်းယူလိုက်ရင်း..
. သြော်....ငါ့ သား ငါ့ သမီးတွေကိုလဲ ဒီလို သားရှင်ပြု သမီးနားသ အလှုတော်မင်္ဂလာလေး
ဘယ်တော့ များမှလို့ .. .........။.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..