Powered By Blogger

Tuesday, May 24, 2016

'' စည်တော်ကြီး...'''

'' စည်တော်ကြီး...'''
--------------------

သိန်းပေါင်း များစွာသော ငွေစက္ကူ အတု အကြောင်းတွေ ဖတ်လိုက်ရချိန်မှာ ဖြတ်ကနဲ သတိရမိတာက လှိုင်သာယာ လို ရွှေပြည်သာလို  ပိုက်ဆံတွင်းနက်နေတဲ့   ဆင်ခြေဖုံး အရပ်နေတွေရဲ့  ဘ၀တွေအကြောင်း  ဂျာနယ်ထဲက သတင်းဆောင်ါးးကို သတိရလိုက်တယ်

 အဲ့ လူတွေ တစ်နေ့ လုပ်စာ တစ်နေ့ စား ကိုယ့်  ကိုယ်ပိုင်  ကာယအားကိုသာ ရိုးသားကြိုးစား  အရင်းလုပ်  ဘ၀ အသက်မွေးကြတာများပုံက ...  အသားဟင်းလျားဆိုတာ အလုပ်အဆင်ပြေတဲ့ နေ့ တွေသာ ရံဖန်ရံခါပါတဲ့ ....အများအားဖြင့်  စည်တော်ကြီး လို့  တံဆိပ်ပါတဲ့  လဘက်ထုပ် ၅၀ကျပ်တန် တျောက်စာတွေနဲ့  ညနေစာတွေ မိသားစုထမင်းဝိုင်းကို ပြီးကြသတဲ့ 

ဆိုင်ကရောင်းတဲ့  အဆာ လဘက်သုပ် တစ်ပွဲ သုံးလေးငါးရာ တန်တွေထက်တောင်  အဲ့  တျောက်စာ ထမင်းနဲ့ စားဖို့   ၅၀ကျပ်တန်  လဘက်ထုပ်လေးတွေက မိသားစု  ငါးယောက် ထမင်းဝိုင်းအတွက်  ပိုတွက်ခြေကိုက်သတဲ့ လေ... ရံဖန်ရံခါ  ဈေးပေါတဲ့  ၅၀တန်  ငါးခြောက်ထောင်းကြော်  ၅၀တန် အာဗြဲခြောက်ကြော်တွေနဲ့ လည်း ပြီးပါတယ်တဲ့   အရပ်လမ်းဘေး ထမင်းဆိုင်လေးတွေက ကျွတ်ကျွတ်အိပ်လေးတွေနဲ့   အရံသင့် ထည့်  ရောင်းပေးတဲ့   ၁၀၀တန်  ၂၀၀တန် ထမင်းဖြူထုပ်လေးတွေ နဲ့  တွဲပြီးတော့ ပေါ့ လေ  

ဗျူးထဲက  သူတို့  အဆိုအရ  ဗိုက်ဝပြီးတာပဲ လိုလို သဘောထားပြီး တျောက်စာ လဘက်ထုပ်  ၅၀တန် ကို ဟင်းလျာလုပ် လွှေးရတဲ့ ထမင်းတနပ်စာ ကို ရေးကြီးခွင်ကျယ်  လုပ်နေပုံတော့  မရပါဘူး..အသားဟင်းပါမှ ထမင်းစားဝင်တာ  မဟုတ်ဘူး  လဘက်သုတ်လေးနဲ့ လဲ ထမင်းစား  ၀င်တာပါပဲလို့  ပြောလာ
တာမျိုးတွေလဲ......။  

ဒီလို ပူပြင်းတဲ့ နွေတွေ မှာဆို တစ်ချို့ တွေ အလုပ် မကောင်းပုံက   မိသားစုငါးယောက်စာ ထမင်းတစ်အိုးသာ  တည်ထားလိုက်ရင်း      မနက်စာ ညစာပေါင်းပြီး   စည်တော်ကြီး ၅၀တန် တျောက်တစ်ထုပ်စီနဲ့  မိသားစ၀င်ုတွေ  တစ်လမှာ တစ်နပ်သာ စားရတဲ့  နေ ဆိုးတွေလည်း.....လေးငါးရက်လောက် ရှိလာတယ်လို့ ဆိုတဲ့ အခါ...။   ....

 ဘ၀အခြေအနေ ဂိတ်ဆုံး  မဆိုးသေးတဲ့   ... စာဖတ်သူ  ကျနော်တို့ ကတော့   ရိုးသားစီးပွားသဘောတွေ   မသမာစီးပွားသဘောတွေ  နဲ့  ဘ၀ကို ရိုးသားစီးပွား သဘောနဲ့ သာ  ရုန်းကန်နေရတဲ့  သူတို့ တွေရဲ့  ဘ၀တွေကို စာနာမိရင်း ...ရင်ထဲမှာ............။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..