Powered By Blogger

Tuesday, May 24, 2016

ထူးခြားမေးခွန်း


ထူးခြားမေးခွန်း
--
ဒီနေ့ လဲ ဟိုနေ့ ကတျောက်ပဲ မွေးသက္ကရာဇ်တွေ တစ်ပုံကြီးနဲ့  အတော် အမျိုးပေါ်ပုံရတယ်ဗျ..ဟီး..အဲ့  ဒီနေ့ ထူးခြားမေးခွန်းတစ်ခုပါလာတယ် ကောင်မလေးတစ်ယောက်ကို တွက်ပေးပြီးတော့  အဲ့ကောင်မလေးရဲ့  အဖေ  အိမ်ကထွက်သွားလို့ တဲ့ အသက်ရှင်ရက် ရှိသေးလားမရှိတော့ဘူးလားတဲ့ ....ဒါနဲ့ ထွက်သွားတာဘယ်လောက်ကြာပြီလဲလို့ မေးလိုက်တော့  ၁၅ နှစ်လောက်ရှိပြီတဲ့ .

.ဒါနဲ့  နေ့ တိုင် ဟူး တိုင်နဲ့  မေးနေတဲ့  အခါတိုင် တနင်္ဂနွေတိုင် ၂ ခု ကောက်ရေးလိုက်ပြီး ဘာနေ့ သားလဲ ဆိုတော့  တနင်္ဂနွေသားတဲ့  ဒီတော့  နေ့ တိုင် ဆိုတဲ့  အတိတ်တိုင် ဟူးတိုင်မှာ တနင်္ဂနွေဟာ န၀င်းတိုင်ထိပ် အခုမေးနေတဲ့ ပစ္စုတ်ပန်တိုင် တနင်္ဂနွေတိုင် မှာ မူလအလယ်အခြာမှာ
ဒီတော့ လောကထဲ ရှိသေးတယ်လို့ ဖြေလိုက်ရတယ်



အဲ့ မှာ အဲ့ တနင်္ဂနွေသားရဲ့ မွေးသက္ကရာဇ်ကို အခြေအနေလေးတွက်ပေးပါဆိုပြီး ချပေးလာပြန်တော့ လောလောဆယ် အသက် ၅၈ ထဲမှာ ၄ကြွင်း တနင်္ဂနွေ အဓိပတိဖွား သက်ရောက်အရ တနင်္လာသက်ရောက်ဆိုတော့  ကွယ်ရာအရပ်မှာ အခြေအနေမဆိုးပါဘူးပေါ့  အဲ့ မှာ ဆက်မေးတယ် ဘာလို့ ထွက်သွားတာလဲ သူများကြောင့် လားတဲ့  အဲ့ တော့  ၄ တနင်္ဂနွေ ဆိုတာရယ် ဒီနေ့ နေ့ တိုင် ဟူး တိုင် စိတ်ခိုက်ပေါက်ကွဲ သဘောရယ် ဆက်စပ်လိုက်တော့  ဘယ်သူ့ ပယောဂကြောင့် မှ မဟုတ်ဖူး သူ့ ရင်ထဲက ယောက်ျားမာနကို   အရမ်းထိခိုက်ခံရလိုက်လို့  တစ်သက်မကြေ အကြီးအကျယ်စိတ်နာထွက်သွားတာမျိုးဆိုတော့  ခေါင်းလေးတစ်ငြှိမ့် ငြှိမ်နဲ့ 

ဒါနဲ့ နောက်တစ်ယောက်ပါတဲ့  အမျိုးသမီး ၃ကြွင်း တနင်္ဂနွေ  အခု အသက် ၆၀ ၀င်ပြီ  ဟူးသက်ရောက်ထဲမှာ ဘာညာဘာညာနဲနဲပြောပြီးတော့ ပြောလာတာက စောစော အိမ်ကထွက်သွားတဲ့ တနင်္ဂနွေ သားက  အဲ့  ၃ တနင်္ဂနွေသမီးရဲ့  ယောက်ျားတဲ့  ...အဲ့ မှာ သဘောပေါက်လိုက်ပြီးဒီတော့  ချပြောလိုက်တယ် ဘယ်ပြင်ပ ပယောဂမှ မဟုတ်ဖူး..

ဒီ ၃ ကြွင်းတနင်္ဂနွေသမီးရဲ့  ပါးစပ်ပေါက်ပေါက်ဖေါက်တဲ့ ဒဏ်ကို ဟိုတနင်္ဂနွေ က စိတ်နာပြီး ထွက်သွားတာ.လို့ ဆိုတော့ မှ  အဲ့ မေးနေတဲ့ သူက အဲ့ တနင်္ဂနွေသမီးက သူ့ ယောက်ျား အိမ်ကထွက်သွားတာ သူများတွေကို  လိုက်စွတ်စွဲနေတာတဲ့  (အဲ ဒါကိုက ကျနော်တို့ ယူဆချက်ကို ထောက်ခံနေသလိုပဲ ဘယ်လောက်တောင် ပစိပစပ် များမယ့်  ၃ တနင်္ဂနွေသမီးလဲ ဆိုတာ အိမ်လိုက်ကြည့် စရာမလိုပေဘူးပေါ့ )

အကြောင်းအကျိုးတွေ ထင်မြင်ချက်တွေသာ တွက်သွားတာ ပြန်လာဦးလာမှာလားတွေ ပြန်ခေါ်လို့ ရလားဆိုတာတွေ ဘယ်အရပ်မှာ နေနေလဲဆိုတာ နောက်အိမ်ထောင်ရှိလား ဘာလားတွေ တစ်ခုမှ မေးမသွားဘူး သူသိလိုတာက ဘယ်သူ့ ကြောင့်  မိသားစုကို ခွဲသွားတာလဲ အချက်ပဲသိချင်တာမျိုး
တော်တော့် တော်သေးတယ် သေပြီးသား လူကို ဘယ်ဘုံရောက်နေလဲ တွက်ပေးပါလို့  လာမခိုင်းလို့ ...ငိငိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..