Powered By Blogger

Tuesday, May 24, 2016

သေချိန်မရောက်သေးလို့ သာ..


သေချိန်မရောက်သေးလို့ သာ..
--
ဘ၀တစ်လျှောက် မတော်တဆမှု့ နဲ့ သေပေါက်တွေ ပုံမှန် ကြုံသင့် တာထက် အများကြီး ကြုံခဲ့ ဘူးတဲ့ အထဲ သူများ ဆူပါကပ် အနင်းကောင်းလို့  သေမလို ဖြစ်ခဲ့ ဖူးတာလဲ ပါတယ်..အဲ့ တုန်းက ဘဲခေါင်းစိမ်း ဆူပါကပ်တွေ ခေတ်စားစပေါ့ လေ..ကျနော်တို့ က မ၀ယ်နိုင်ပါဘူး.. အိမ်နားနေတဲ့  အမျိုး အစ်ကို က ဘောစိဖြစ်နေပြီ သူက ၀ယ်စီးတာ ကျနော်ကသူငယ်ချင်းတွေနဲ့  ၀မ်းတူးဖိုက် ဆိုင်ကယ်တွေ တရုပ်တန်း စဉ့် အိုးတန်းထိပ် ကားစတင်းကနေ ည ည နာရီနဲ့ ငှားပြီး အမောင်းသင် ကညော့ နေတာ အဲ့ တော့  အမျိုး ဆူပါကပ်ကို လွယ်ပါတယ်ဆိုပြီး တက်ခွဖို့  အာရုံကလာနေတာ....

ဒါနဲ့  မိုးတွင်းတစ်နေ့  ညနေပိုင်း အမျိုး ဆူပါကပ်ကို  စီးကြည့် ချင်လို့ ငှားပါ ကိုကြီးရယ် ဘာညာဆိုတော့  ရရော...အဲ့ မှာ ပျော်ပျော်ပါးပါးကြီး အုပ်မြစ်ချကြတာပေါ့  အဲ..မွှားလို့  ပျော်ပြီး မြို့ နယ်တွေပတ်တော့ တာပါပဲ..

စစီးနေတုန်းက မိုးမရွာဘူး နောက်တော့  မိုးဖွဲဖွဲတွေ ရွာလာရော ဒါနဲ့  အိမ်ပြန်မယ်ဆိုပြီး ကမ်းနားလမ်း အတိုင်း အလယ်မျဉ်းဖြူနား ကပ်နင်းလာရင်း မိုးက ပိုရွာလာရော အဲ့ တော့ 
လီဘာတင်ပြီး ဗျင်းတော့  ကိုယ့် လမ်းထိပ်မရောက်ခင်  ၀ါးတန်းလမ်းကျော်တော့  ရှေ့ မှာ ဗိုက်ပူဘတ်စ်ကားကြီးက လမ်းလယ်ကနေ ဖြည်းဖြည်းလေး ပိတ်မောင်းနေတာ ဘွားကနဲ
ကြုံလိုက်ရရော...ဆိုင်ကယ်စပိက မြန်နေတာကို လျှော ချ ဘရိပ်နင်းလိုက်ပေမယ့်  မိုးရေတွေနဲ့  လျှောကနဲ စလစ်ဖြစ်ပြီး  ဗိုက်ပူကား ရဲ့  နောက်ပိုင်းထဲ ၀င်လုလု ဖြစ်သွားရော

ထိတ်ကနဲပြာကနဲပဲ ငါတော့ သေပြီပဲ ထင်လိုက်သေးတယ်..ကံကောင်းချင်တော့  ဗိုက်ပူကားရဲ့ နောက် လူရပ်တဲ့ ခြေနင်းပြားနဲ့  လွတ်ပြီး ဗိုက်ပူကားဘေးနား ကပ်သွားတဲ့ အချိန်မှာ ဘရိပ်က အချိန်မီ အရှိန်ကျသွားလို့  ဗိုက်ပူရဲ့  ဖင် ၀င်မအောင်းတော့ ပဲ တော်သေးဖြစ်သွားတယ်....ကိုယ့် လမ်းထိပ်ရောက်တော့ လမ်းထဲချိုးကွေ့ ပြီး ဆိုင်ကယ်ကို ပြန်အပ် ကိုယ့် အိမ်ကိုယ်ပြန်ခဲ့ ရတယ်...

အိမ်ထဲသာ မှင်သေသေနဲ့ ဝင်လာတာ မျက်နှာက သွေးဆုတ်လို့ ဖြူဖတ်ဖြူရော်တောင် ဖြစ်နေပြီ  ရင်တွေ တုံနေချက်က တော်တော်နဲ့  မပျောက်ဘူး  အဲ့ ဆူပါကပ်လဲ လက်ဖျားနဲ့ 
တောင် မတို့ ရဲတော့ ဘူးဖြစ်သွားရော...ဘယ်သူ့ မှလဲ ဖွင့် မပြောရဲပဲ ကွကိုယ်လန့် နေတာ အတော်ကြာတယ် ဆိုင်ကယ်က တကယ့် ကို ဘေး နီး လွန်း တယ်ပေါ့ လေ...:P   😁

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..