Powered By Blogger

Saturday, May 28, 2016

ပန်းရိုင်းကပွဲ

ပန်းရိုင်းကပွဲ
--------
ဟိုအခန်း ဒီအခန်းက
သဲ့ သဲ့ လေး ကြားနေရတဲ့ စက်သံတစ်ချို့ ကလွဲရင်
နက်လှတဲ့  ညဟာ
လမ်းပျောက်နေတဲ့ တွေးခေါ်မှု့ တွေလိုပါပဲ
မှုံဝါးဝါးနိုင်လွန်းရဲ့ ..။

တစ်ခါတစ်ရံ
လမ်းမက ထသတ်ကြတဲ့ 
ကြောင်တိုက်ပွဲသံတွေကြားလိုက်တဲ့ အခါ
အလန့် တကြား သတိရလိုက်တာက

လွမ်းရစ်အောင်ထားခဲ့ ဖို့ 
လမ်းမခွဲခင် ..
မျှော်လင့် ခြင်းတွေ ပျိုးကျဲ
နှင်းသက်လေညှင်းစကားလေးတွေနဲ့ 
ချစ်ခြင်းတရားကို ထွေခင်းကစားပြခဲ့ တဲ့ 
မာယာချို ကဝေပျိုကိုပေါ့ ...။

ချစ်ခြင်းတရားဆိုတာ
စစ်ခင်းကစားရာ နယ်မြေတစ်ခုရယ်လေလား..
တွေးကြောက်နေဆဲ
ရက်စက်ခြင်းတရားမှာ
နင်နိုင်ပါတယ် မာယာနွယ်...။

ချစ်တတ်သူတွေဆိုတာ
ဝဋ်ဇာတ်က ကြီးကြတာရယ်များလား ..
အရိုင်းညတွေထဲ
လှိုင်းထသလို
ယိမ်းနွဲ့ အလွမ်းတွေက
ပန်းရိုင်းတို့ ကပွဲလို
ရင်ထဲမှာ ..။

ဘ၀က တိုလေ၏
ငိုခြင်းကား ရှည်လွန်းလှသည် လို့ 
ဆိုကြလေသည်.။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..