Powered By Blogger
Saturday, May 28, 2016
ငြိမ်းချမ်းလွင်ပြင်...
ငြိမ်းချမ်းလွင်ပြင်...
-----
ဘ၀ အချိန် ပိုက်ဆံ နဲ့  အရွယ် သဘောက ရှည်လျားပေများတဲ့  ၀တ္ထုရှည်ကြီးတွေကို ဖတ်ဖြစ်ဖို့ တဲ့  စိတ်အတက်အကျများစွာ အတွေးအမြင်များစွာ  ခံစားမှု့  အနုအကြမ်း စာနာတရား ကရုဏာတရားတွေများစွာ အကြောင်းတစ်ခုကနေ စိတ်ကိုဆန့် ထုတ် အတွေးနယ်ချဲ့ စရာတွေများစွာ ပါနေတတ်တဲ့  စာသိပ်မရှည်လှတဲ့  ရသစာပေအမျိုးအစားဝင် အက်ဆေးတွေ ရသ၀တ္ထုတွေလေးတွေဖက်အာရုံပိုလာသွားခဲ့ တာ လေးငါးနှစ်ရှိခဲ့ ပြီပေါ့ လေ...။
 တစ်ချို့  စာတွေဆို ကိုယ်တိုင် တကူးတက ထရှာစရာမလိုပဲ ဗဟုသုတရလိုက်တာ
ရှေးစာကောင်းတွေကို မိတ်ဆက်သဘောဖတ်ခွင့်  သိခွင့် ရလိုက်တာမျိုးတွေလည်းပါတတ်တယ်
.ကိုယ် မမီလိုက်တဲ့  အတိတ်ဟောင်း ကိုယ်ဖြတ်သန်းခဲ့ တဲ့  အတိတ်ဟောင်း ကိုယ်ဖြတ်သန်းနေဆဲ ခေတ်ပြိုင် လူမှု့ ဘ၀တွေကိုလည်း အဲ့  အက်ဆေးတွေ ၀တ္ထုတိုလေးတွေထဲမှာ ပါလာတဲ့ အခါ နာစရာ ကြုံခဲ့ တဲ့ အဖြစ်အပျက် တစ်ချို့  တောင် လွမ်းစရာအဖြစ်...။
''တောင်သမန်ည
ပြန်လွမ်းရအောင် အချစ်ရယ်
ဒီမှာ
ဒဂုန်တာရာ
ကဗျာထဲက လရိပ်စိမ်းမြ
လှပပွင့် ဖူး ၊ စိတ်ကူးပုံသစ်
မူးယစ်ဝေကြမယ်။
ကောင်းကင်ပြင်ထက်
တစ်ခဲနက်လေ
စံပယ်ပွင့် တွေ ပက်ကြမယ်။
ဦးပိန်တံတား
ရှည်လျားလှပ
လေရိုင်းတွေ ပွေ့ ကြမယ်.။.......ဒီလို မန်းဌာနေက လွမ်းစရာ့ တောင်သမန်ညတွေအကြောင်း ညွှန်းဖွဲသီသစ်တဲ့  သိပ်လှပတဲ့  ကဗျာမျိုးတွေကို အရေးကောင်းတဲ့ ပတ္ထုတိုဆရာတစ်ယောက်ရဲ့  ရသစာပေထဲက ကျနော်တို့ မျှဝေခံစားခွင့် ရခဲ့ တာမျိုးပေါ့  ။
''သေခြာတာက လူတိုင်းသူရဲကောင်း မဖြစ်နိုင်ကြခြင်းပဲဖြစ်ပါသည် ''
''ကျမ သိပ်ကြောက်တာကို မသိဘဲ၊ သတ္တိရှိပါတယ်လို့  ဦးက ယုံယုံကြည်ကြည်ပြောလိုက်တာကိုး ၊
 ခုတော့  သတ္တိရှိကြောင်း ဟန်ကိုယ့် ဖို့ လုပ်နေရပြီလေ .တဲ့  ''
''ငါဘာကြောက်ရမလဲ
ငါဘာကြောက်ရမလဲ
မကြောက်နဲ့ ၊ မကြောက်နဲ့ .တို့ 
အားတင်းရင်းက နားရင်း နားထင်မှာ
ဆံပင်တွေ ထောင်ထောင်လာတယ်..''....ဆိုတဲ့  ကဗျာမျိုး စာမျိုးတွေ ပါတတ်တဲ့  အက်ဆေးမျိုးတွေကို ဖတ်လိုက်ရတိုင်း ဘ၀အမောတွေနဲ့  ပြည့် နှက်နေတဲ့ သောကတောထဲကနေ စိတ်ကူးလေးတွေနဲ့  လွင့် မျောနေတဲ့  ကိုယ်ပိုင် အာရုံထည် ဘ၀လေးရဲ့  လွတ်မြောက်နယ်မြေ  ငြိမ်းချမ်းလွင်ပြင်ကြီးထဲ တဒင်္ဂ ရောက်သွားသလိုလိုပါပဲ။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..