Powered By Blogger
Saturday, August 15, 2015
တရေးနိုး အတွေး...
တရေးနိုး အတွေး...
----------------------
စိတ်ကလည်း ဖြစ်ပျက်လို့ ဆိုပြီး ဖြစ်လိုက်ပျက်လိုက်ရဲ့  စပိက မြန်လွန်းလို့ မွေးကတည်းက ဒီနေ့ အထိ စိတ်အစဉ်အတန်းကြီးက တစ်ဆက်တည်း လို ခံစားမိတဲ့ သဘောပေါ့  ...
ရုပ်ရင့် ကျက်တယ်ဆိုတာ အရေပြားတွေ အရိုးတွေက နုရာကနေ ရင့်  ရင့် ရာကအိုသဘော၊ စိတ်ရင့် ကျက်မှု့ က ခံစားမှု့ တွေကို အပြည့့်ခံစားလိုက်ပစ်တာကနေ အခြေအနေတစ်ခုကို သင့် ၏ မသင့် ၏တွေ စသဖြင့် တွေးခေါ်ဆင်ခြင်ပုံတွေပါလာတာမျိုး စတိုင်သဘော..ခံစားမှု့ ကို အတွေးအကပ်ခံလိုက်ရတာမျိုး..
ရုပ်ဖြစ်ပျက်က မြင်သာလို့  ရုပ်ရဲ့  ရင့် ကျက်မှု့ က မြင်သာပြီး စိတ်ရဲ့ ရင့် ကျက်မှု့ က မမြင်သာဘူး..မမြင်သာတာက ရုပ်ကို ရုပ်ချင်းပြန်ကြည့် လို့ ရပေမယ့်   စိတ်ကို ပြန်ကြည့် ဖို့ က စိတ်နဲ့ ပဲ ပြန်ကြည့် လို့ ရတာမျိုး...
စိတ်ရဲ့ ရင့် ကျက်မှု့ က အတွေးအခေါ်နဲ့ ဆင်ခြင်မှု့ ပေါ်မှာပဲ စကားပြောလိမ့် မယ်  စိတ်ခံစားမှု့ အပေါ်မှာတော့ သွားကြည့် လို့ မရဘူး
စိတ်ခံစားမှု့ သဘောက ဘ၀ရဲ့  အဖြစ်အပျက်တွေကို ပြန်တွေးလိုက်ရင် အနှစ် ၂၀ ၃၀ ၄၀ ၅၀ ရုပ်သက်တမ်း ဘယ်လောက်ပဲ ကြာကြာ စိတ်ထဲမှာ ၂ရက် ၃ရက် ၄ရက် ၅ရက်လောက်က အဖြစ်အပျက် ပူပူနွေးနွေးတွေလိုလို ခံစားလို့ ရနေတာမျိုး..
စိတ်ရဲ့ ရင့် ကျက်မှု့ ကတော့  လောကီစိတ်သဘောအရ ခွင့် မလွှတ်နိုင်လောက်တဲ့ ကိစ္စတွေကို ဓမ္မကို အာရုံပြုပြီး လောကုတ္တရာစိတ်နဲ့ ခွင့် လွှတ်ပေးလိုက်တယ် ဆိုတာမျိုးက စိတ်ရဲ့ ရင့် ကျက်မှု့ ...
တစ်ခါတစ်ခါလည်းအတွေးက ရင့် ကျက်တယ်ဆိုတာ ကိုယ့် အတွက် သူ့ အတွက် ဆက်ဆံရေးတွေမှာ အကျိုးအမြတ်တွေ အပေးအယူတွေ အလျော်အစားတွေကို တွက်ချက်ပြီး မူရင်း စိတ်ခံစားမှု့ ကို ဖုံးဖိပြီး စိတ်ခံစားမှု့ ကတစ်မျိုး အပြင်ကတစ်သွင်နဲ့ ဟန်ဆောင် လှုပ်ရှားသွားတာများလားလို့ 
ဘာဘဲဖြစ်ဖြစ် တစ်ခါတစ်ခါ ခံစားမှု့ ကို ခံစားမှု့ အတိုင်းသက်သက်နဲ့ နေရတာက စိတ်ကို ပျော်စေတယ် ဟန်ဆောင်လောက ကနေ လွတ်မြောက်နယ်မြေထဲ ခဏရောက်နေသလိုလို
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..