----
ဘေးအကွက်ထဲမှာ အနောက်တိုင်းယဉ်ကျေးမှု့ ကို လျှော့ ချရေး..ဆိုတဲ့  ပေ့ တစ်ခု၊ ပုံတင်ထားက ထဘီနဲ့ ရင်ဖုံးအင်းကျီ အ၀တ်အစားပြိုင်ပွဲပုံနဲ့ ...၊ အာ့ လေးတွေ့ ပြီး တွေးစရာ မေးစရာ စိတ်အပန်းဖြ အတွေးဖြန့် ကျက်မှု့ ဂိမ်းတစ်ခု ဖြစ်လာပုံက ...
'' ယဉ်ကျေးမှု ''့ ဆိုတာ ဘာကို ဆိုလိုတာလဲ ဘယ်လို နားလည်ထားသလဲ အရေပြား တစ်ထောက်စာပေါ်မှာ ဖုံးတဲ့ အ၀တ်အစားဝတ်တာကိုပဲ ယဉ်ကျေးမှု့ လို ဆိုလိုပါသလား စိတ်ပိုင်းဆိုင်သဘောထားတွေကရော ယဉ်ကျေးမှု့ ထဲမှာ ပါနိုင်သလား..အ၀တ်အစားဝတ်ပုံကို ယဉ်ကျေးမှု့ လို ဆိုရင် ဘယ်ခေတ်က အ၀တ်အစား နဲ့  ဘယ်သူတွေ ဘယ်အလွှာက လူတွေ ၀တ်တဲ့  အ၀တ်အစားကို ယဉ်ကျေးမှု လို့ သတ်မှတ်မှာလဲ ဘယ်သူတွေက သတ်မှတ်မှာလဲ ဘာကြောင့်  မိန်းမတွေရဲ့ အ၀တ်အစားကိုမှ အဓိက ပစ်မှတ်ထားပြီး နှိုးဆော်နေရတာလဲ ယောက်ျားတွေ ရဲ့ အ၀တ်အစားတွေကိုတော့ အနောက်တိုင်း ယဉ်ကျေးမှု့ လျှော့ ချရေးတွေဘာတွေ နဲ့  ဘာလို့ နှိုးဆော်လေ့ မရှိတာလဲ ....
ယောက်ျားတွေရဲ့  အ၀တ်အစားကရော ဘယ် ခေတ်က ဘယ်သူတွေ ၀တ်တဲ့ အ၀တ်အစား ဒီဇိုင်းကို ရိုးရာ အစဉ်အလာ ယဉ်ကျေးမှု့ ဒီဇိုင်းလို့ သတ်မှတ်မှာလဲ ဘယ်သူတွေကသတ်မှတ်မှာလဲ. ...သတ်မှတ်တယ်ဆိုရင်ရော အဲ အ၀တ်အစားဒီဇိုင်းက ကိုယ့် ကိုယ်ပိုင်လို ယဉ်ကျေးမှု့ လို့ ဘယ်သူက အာမခံမှာလဲ ကိုယ့် ကိုယ်ပိုင် ယဉ်ကျေးမှု့  ဒီဇိုင်းစစ်စစ်ပါ ဆိုတာရော သေခြာပါသလား. ..အနောက်တိုင်းယဉ်ကျေးမှု့ .ဆိုတာကရော ဘယ်ယဉ်ကျေးမှု့ ကိုဆိုလိုတာလဲ နိုင်ငံပေါင်းရာချီရှိတဲ့ အနောက်အရပ်မှာ ဘယ်အနောက်အရပ်က နိုင်ငံတွေက ယဉ်ကျေးမှု့ ဆိုတာတွေ ဒီ အရှေ့ ဘက် ဒီနိုင်ငံဘက်ကို လွှမ်းမိုးလာတယ်လို့ ပြောလိုတာလဲ.....စသဖြင့် ...စသဖြင့်  စသဖြင့် ....??????...တွေးစရာတွေ မေးစရာတွေ တစ်ပုံကြီးပေါ့ ....အဲဘာရယ် မဟုတ်ပါ.. အိပ်ငိုက်ပြေလေး တွေးကြည့် တာပါ..
.တစ်ခါတစ်လေ ကိုယ် ညံ့ တာကို ကိုယ်ညံ့ တာလို့ မမြင်ပဲ သူများတော်တာကို အပြစ်ရှာနေတာမျိုး ရှိတတ်သလား ကိုယ် ညံ့ တာကို သိပေမယ့်  ကိုယ့် ညံ့ ချက်ကို ဖုံးဖိချင်တာနဲ့  သူများတော်တာကို အပြစ်ဖွဲ့ ပြနေတာမျိုးတွေလည်း ရှိတတ်သလား.လို့ လည်း တွေးနေမိလေ၏. တွေးရသည့် အကြောင်းကား သတ္တ၀ါအနန္တတွင် လူသည် အလွန်မှ ဥာဏ်နီ ဥာဏ်နက်များတတ်သောကြောင့် ဖြစ်လေသည်......ငိငိ...😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..