Powered By Blogger

Saturday, August 15, 2015

ငှက်ကလေးတွေရဲ့ အိမ်..




























ငှက်ကလေးတွေရဲ့ အိမ်..
-------
ဒီင်္ရက်ပိုင်းမှာ ငှက်ကလေးတွရဲ့  အိမ်ဆောက်တဲ့  ပုံ အစအဆုံး တစ်ကွက်ချင်း စောင့် ရိုက် မှတ်တမ်းတင်ထားပုံကို ရင်သတ်ရှု့ မော ကြည့် လိုက်ကြရတယ်ပေါ့ ..မြင်ရခဲတဲ့ အပြင် ငှက်တွေရဲ့ သဘာဝအသိကိုအထင်ကြိုစမောထားမိတဲ့  စိတ်အခံများကြောင့် လားတော့ မသိ ဟာ...တွေ ဘာတွေနဲ့  ချီးမွမ်းအံ့ သြသဘောကျသွားပါတယ်..

..ချီးမွမ်းတယ်ဆိုတာ ကိုယ်မလုပ်နိုင်တာကို လုပ်ပြရင်လည်းချီးမွမ်းတတ်သလို မလုပ်ပြနိုင်လောက်ဘူးထင်ထားတာကို လုပ်ပြသွားရင်လည်း ချီးမွမ်းတတ်တာပါပဲ

ဒစ္စကာဗာရီချယ်နယ်ကြည့် နေကျတွေက ဒီငှက်ကလေးတွေလိုပဲ သတ္တ၀ါတိုင်းမှာ သူ့ သဘာဝအသိအရ သီးခြားထူးခြားစွမ်းရည်ကိုယ်စီ နဲ့  သဘောကို အမြဲလိုလိုမြင်နေရလို့ အလွန်အကျွံတော့  အံ့ သြသွားမှ မဟုတ်လောက်သလို စာဗူးတောင်းသိုက် ဆောက်နေတဲ့ စာကလေးတွေကို ထိုင်ကြည့် ဘူးတဲ့ သူတွေကလည်း ဒီငှက်လေးတွေက ဘာစာကလေးတွေအမျိုးအစားလဲလို့ ထင်ကောင်း ထင်နေနိုင်ပါသေးတယ်...ငှက်သိုက်သမားက ဇီဝစိုးများလား ထင်သလို ရာသီဥတုသမားက ဒီနှစ် ရေကြီးမှာမို့  အမြင့် မှာ အသိုက်တက်ဆောက်နေတာလို့ ....ဘာညာပေါ့ လေ...ဒါနဲ့ ပြီးသွားပါတယ် ငှက်ကလေးတွေအိမ် တစ်ခန်းရပ်ပေါ့ 

နောက်ရက်ကြတော့  ဒီ အိမ်ဆောက်တဲ့ ငှက်ကလေးတွေရဲ့ ပုံက ထပ်တွေ့ လိုက်ရပြန်တော့  ထပ်ကြည့် မိပြန်တဲ့ အခါ ဒီအခါမှာတော့  အတွေးပြောင်းသွားတာက အိမ်ဆောက်တဲ့  စွမ်းရည်အစား ဒီ ပုံတွေကို ရအောင် စောင့် ရိုက် မှတ်တမ်းတင်တဲ့  ကင်မရဆရာရဲ စိတ်ဇွဲကို သတိထားမိပါတယ် တော်တော် စိတ်ရှည်တဲ့ လူပါလားပေါ့ ...( အဲ့ အတွေးက ခဏပဲခံပါတယ် နည်းပညာခေတ်မို့  ငှက်တွေ အသိုက်ဆောက်ဖို့  ဇာတ်ထုတ်လာရှုတ်နေတာမြင်လိုက်လို့  မျက်နှာချင်းဆိုင် အိမ်ခန်းတစ်ခုခုကနေ စီစီတီဗွီချိန်ထားလိုက်ပြီး မှတ်တမ်းတင်ထားတာများလားဘာလာညာတွေက တွေးမိသေးလို့ ပါပဲဗျာဟီးးး)

နောက်တစ်ခု သတိထားမိပြန်တာက ငှက်ကလေးတွေ အတော့် ကို အားထုတ်ပြီး အသိုက်ဆောက်နေတဲ့ နေရာဟာ သူတို့ နဲ့ မျိုးနွယ်မတူတဲ့  လူနေအိမ်တစ်ခုရဲ့ ပြူတင်းပေါက်ဘောင်မှာ အသိုက်ဆောက်နေတဲ့ သဘောပါပဲ...အဲ့ မှာ အတွေးဝင်လာတာက အဲ့ ပြူတင်းပေါက်ပိုင်ရှင်ဟာ ငှက်ကလေးတွေအိမ်ရှိနေတာကို မသိပဲ ပြူတင်းတံခါးကိုသာတွန်းဖွင့် လိုက်ရင်..?..ဒါမှမဟုတ် ပြူတင်းတံခါးပိုင်ရှင်က စိတ်ကြမ်းကိုယ်ကြမ်းသမားတွေ ဖြစ်ပြီး သူ့ ပြူတင်းဝ လာရှုတ်နေတယ်ဆိုပြီး ဖြိုဖျက်ပစ်လိုက်ရင် ဆိုတဲ့ အတွေးဝင်လာတဲ့ အခါ ရင်ထဲမှာ ငှက်ကလေးအတွက် အပူလေးတစ်ခုဖြစ်သွားပါတော့ တယ်....

အဲ့ လို ဖြစ်ပြီးနောက် ဆက်တွေးနေတာက ငှက်ကလေးတွေဟာ ဘာလို့ များ ဒိထက် လွတ်လပ်အန္တရာယ်ကင်းတဲ့ အရပ်မှာ အိမ်သွားမဆောက်ပါလိမ့်  ဒီနေရာကိုပဲ အန္တရာယ်ကင်းတယ် ထင်နေတာလား...ဒီနေရာဟာ အန္တရယ်မကင်းမှန်းသိနေပေမယ့်  တစ်ခြားနေရာတွေ ဒါမှမဟုတ် အရင်နေရာဟောင်းလေးက ဒီနေရာထက် ပိုအန္တရာယ်ကြီးလို့  မတတ်သာလို့  ဒီနေရာလေးကိုပဲ အန္တရယ်ရှိမှန်းသိသိနဲ့  ရွေးခြယ်နေလိုက်ရတာများလား....ဒါမှမဟုတ် ခရီးသွား တိုးရစ် ငှက်လေးတွေ ဂျစ်ပစီငှက်ကလေးတွေမို့  တစ်ခါသုံးသဘော ခဏတာသာ အခြေချလိုက်ပြီး ပြီးရင် ဒီအိမ်ကလေးကို စွန့် ခွာသွားမှာလား..စသဖြင့် တွေ အတွေးစဉ်ထဲမှာပေါ့ ....

သေခြာတာက ငှက်ကလေးတွေ အားထည့် ပြီး ကြိုစားတည်ဆောက်နေတဲ့  အိမ်ကလေး အခြေချ ရာ နေရာက နောက်ခံပြူတင်းပေါက်ဘောင်အဖြူရောင်က ဘယ်လောက်ပဲ ဇွဲတွေလုံ့ လ၀ီရိယတွေ နဲ့  သေသပ်လှပ ခိုင်မာလုံခြုံအောင် တည်ဆောက်ထားထား တစ်ချိန်ချိန်မှာတော့  ပြိုကျပျက်ဆီးသွားမှာပါပဲ ဒါမှမဟုတ် အဖျက်ခံရမှာပါပဲ...ဒါမှမဟုတ် အဲ့ နေရာလေးက ဖယ်ပေးလိုက်ရမှာပါပဲလား...ဆိုပြီး ဆက်တွေးရင် ကျနော်တို့ ကရော ကျနော်တို့  စိတ်ကူးဆန္ဒတွေကို ဘယ်နေရာပေါ်မှာ သွားတည်ဆောက်နေမိတာလဲ .လို့ ဆိုပြီး အတွေးဆက်လိုက်တဲ့ အခါ.....

ဒါပေမယ့်  အတွေးဇာတ်ထုတ်က မပြီးသေးပါဘူး...ဘယ်လောက်ပဲ သေသပ်လှပခိုင်ခံအောင် တည်ဆောက်ထားထား နောင်တစ်ချိန်မှာပြိုမှာ ပျက်တာ အဖျက်ခံရမှာတွေက နောက်ကိစ္စနောက်တစ်ပိုင်း အခုလောလောဆယ် ကိစ္စက ကိုယ့် အိမ်ယာလေးနဲ့ ယာယီပဲဖြစ်ဖြစ်နေခွင့် ရသွားလဲ နဂိုကကို အန္တရာယ်များ ဒုက္ခများလာတဲ့  လောကထဲ ကိုယ် ချစ်တဲ့ သူနဲ့ အတူတူ တဒင်္ဂသုခလေးခံစားသွားရရင်လဲ မဆိုးပါဘူးသဘောတွေ...နောက်......

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..