စွေလုလု ဆည်းဆာအရပ်ဆီသို့ ..
----------------
''ရိုးဂုဏ်'' ဆိုတဲ့  စကားလုံးကို
ရှေးဟောင်းပြတိုက်ထဲ ပို့ ခဲ့ ပြီလား..
အသက်ငင်နေတဲ့  စကားလုံးလား
သေအံ့ ဆဲဆဲလား ...
ပိုစ်မော်ဒန် စကားလုံးသစ်လေလား
နဂိုကတည်းက လှည့် စား စကားလုံးလား
စိတ်၏ဖြေရာ မာယာနွယ် စကားလုံးလေလား
မြေလွှာပန်းတွေ အတွက် နှစ်သိမ့် ဆုလေလား
အတ္တတစ်ချို့ နှင့် မသက်ဆိုင်ပါသော စကားလုံးလေလား..
ဝိုးတ၀ါး အနာဂတ်ခရီးသွား
ထွေတဲ့ အခါထွေ ပြားတဲ့ အခါပြား
ဘ၀ထွေထွေ ဘ၀ပြားပြား
မဖားတတ်တဲ့ ဖား
ကြယ်ပိခံဖား အနင်းခံဖား ဘ၀ပြားပြား
ပြားချင်သလောက်ပြားစေ....။
ဝိုးတ၀ါးမျှော်လင့် ချက် နဲ့  ရိုးဂုဏ်ကို ဂုတ်ပေါ်တင်
အသင် စေလိုရာစေပါလေ....။
ဝေဒနာ ဒဏ်ရာတွေကို အဖေါ်ပြု
ဆို့ နင့် နေတဲ ယုံကြည်မှု့ တွေကို
မျှော်လင့် ချက်တွေ နဲ့ 
မျှောချ မျှောချ
အံကိုတင်းတင်းကြိတ်ပြီးမျှောချ
ငါကချစ်တဲ့ 
ငါ့ ကိုချစ်တဲ့ သူရေ...
ငါလာပြီလေ.....
စွေလုလု ဆည်းဆာ အရပ်ဆီရောက်ရင်
ငါ့ တို့ ရဲ့ စင်ကြယ် ၀ိဥာဉ်လိပ်ပြာ ရောင်စုံလှလှတွေ
သူတို့ ဘ၀အမောတွေ ဖြုတ်ချ
အတိုးချ
လွတ်လပ်ကောင်းကင်မှာ ပျော်ကြပါစေရဲ့ ပေါ့ လေ...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..