Powered By Blogger

Saturday, August 15, 2015

သိပ်ရွံစရာ ကောင်းတဲ့ လူတွေ...

သိပ်ရွံစရာ ကောင်းတဲ့ လူတွေ...
------------------------------
အသိအမြင်တွေ အတွေးတွေကို မှိုင်းတိုက်တဲ့ နေရာမှာ ဖွတ်ခရိုတွေ စစ်ခရိုတွေလို စက်ဆုတ်စရာကောင်းတာ ရွံစရာကောင်းတာက .အာဏာရှင်ကို ဆန့် ကျင်သလိုလိုနဲ့  လွတ်ရာကျွတ်ရာနေ ဘေးလူလိုလို ဝေဖန်ရေးသမားတွေလိုလို နိုင်ငံရေးသုံးသပ်သူတွေလိုလို ကောင်းစေချင်လို့ အကြံပေးနေတာတွေလိုလို တရားမျှတစေချင်သူတွေလိုလို မတရားမှု့ တွေကို ဆန့် ကျင်သူတွေလိုလိုနဲ့  စုတုပြုအချက်အလက်တွေ ရှောက်စု စပ်ထဘီလို တောင်စပ်မြောက်စပ် ၁၂ မျိုး အတင်းသုတ်လုပ်ပြီး စိတ်ကူးယဉ်ခန့် မှန်းချက် စာတွေ အွန်လိုင်းတွေ ဖွဘုတ်တွေ မီဒီယာတွေကနေ တော်ကီထုလွှတ် စာတွေ ပိုစ်တွေ ရေးလွှတ်နေတဲ့  အချောင်သမားတွေပဲ..

တော်ယုံ စာဖတ်နဲသူ ဖတ်ယုံဖတ်ပြီး လိုက်မတွေးတတ်သူ ကိုယ့် အလုပ်ပဲကိုယ်လုပ်နေတာများလို့  အပြင်လောကကြီးနဲ့ သတင်း ကွန်တက်ပြတ်နေတတ်သူတွေမျိုးဆို နဂို ယုံကြည်ချက် မျှော်လင့် ချက်သေးသေးလေးတွေတောင် သူတို့  စာတွေ တော်ကီတွေကြောင့်  ကိုယ့်  ဘ၀အနာဂတ်တောင် ဘာကိုယုံလို့  ဘယ်ကိုပုံထားရမှန်းမသိတော့ လောက်အောင် အသိတွေ အတွေးတွေ ရှုတ်ယှက်ခတ်ကုန်ပြီး ၀ါးတားတားတွေဖြစ်သွားလောက်တယ်..

ဒါ့ ထက်ဆိုးတဲ့ ရေးသားနည်းတွေက စစ်ကျွန်ဘ၀က လွတ်အောင် ဘယ်လောက်ကြိုးစားစား ဘယ်တော့ မှ စစ်ကျွန်ဘ၀က မလွတ်နိုင်တော့ ဘူးလိုလို မြင်လာအောင် စစ်အာဏာရှင်သမားတွေကို မသိမသာ ပို အကြောက်စိတ်ဝင်သွားအောင် ကိုယ့် ကိုယ်ကို လူညံ့ တွေလို့ ထင်ပြီး တင်ထားတဲ့  စိတ်ဓါတ်တွေ ကျသွားအောင်တွေ ဒိုင်ကြောင်တွေထည့်  လွှတ်ရေးနေတဲ့ ဒီမို မျက်နှာဖုံးတပ်ထားတဲ့  ပညာတတ်ဆိုတဲ့  စပျစ်သီးဆိုတဲ့  တစ်ခုခုဖြစ်လာရင် အရင်ရှောင်သွားတတ်တဲ့ ကော်လံဖြူလို့ ဆိုကြတဲ့ ရေပေါ်ဆီ လူတွေပဲ.

..အဲ့ လို ရေပေါ်ဆီမျိုးတွေကို ရွံရှာလွန်းလို့  ကမ္ဘောဒီယားမှာ ရက်စက်တဲ့ ခမာနီပိုပေါ့ တို့ ပေါ်ထွက်လာပြီး သူတို့ အာဏာရသွားတဲ့ အခါကြတော့ အဲ့ လို ဆီဥ ထောပတ်စားပြီး လွတ်ရာကျွတ်ရာနေ ပန်ကာအောက်ထိုင်ပြီး လေလွှတ်နေတဲ့  ရေပေါ်ဆီတွေကို လယ်ထဲ အလုပ်ကြမ်းစခန်းထဲ ပို့ လိုက်တော့ တာမျိုးဖြစ်လာတော့ တာမျိုးပဲ..ရန်သူစစ်စစ်ပြောရခက် မိတ်ဆွေစစ်စစ် သတ်မှတ်ရခက်တဲ့ ဘာကောင်တွေမှန်းပြောရခက်တဲ့ .....

သိပ်ရွံစရာ ကောင်းတဲ့ လူတွေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..