--------------------
ဗိုက်ထဲရောက်ရင် မစင်ဖြစ်သွားတာပါပဲဆိုတာလောက်နဲ့ တင် ကျေနပ်နေကြမယ်ဆိုရင် ကြက်ဥကြော်နည်း နိဿရည်းဆိုတဲ့ ကြက်ဥကြော်တဲ့ သဘောလေးမှာတောင် ကြက်ဥကြော်ပညာရပ်သဘောအဖြစ်နည်းပေါင်းစုံတွေ ဖြစ်လာမှာမဟုတ်တော့ ဘူး...
ကိုယ်လေ့ လာခဲ့ တဲ့ ပညာတစ်ခုခု (၀ါ) အကြောင်းအရာတစ်ခုခုကို ခြေခြေမြစ်မြစ်သိဖို့  ကိုယ်ဘယ်လောက်တောင် အားထုတ်ယူခဲ့ ရသလဲဆိုတာ
ကိုယ့် ဟာကိုယ်သိနေတော့ တစ်ခါတစ်လေ ကိုယ်လေ့ လာခဲ့ ရတဲ့ ပညာရပ်(၀ါ) အကြောင်းအရာတစ်ခုခုအပေါ် လေစိမ်းအတိုက်မခံ အထိမခံနိုင် အကဲဆတ်သလို စိတ်မျိုးဖြစ်လာတတ်တယ်
အဲ့ စိတ်ကနေဖြစ်လာတာက ကိုယ် လေ့ လာခဲ့ တဲ့ ပညာ (၀ါ) အကြောင်းအရာတစ်ရပ်အပေါ်သဘောကို အလွယ်တကူ ပြောပြချင်စိတ်တွေ မရှိတော့ ဘူး ဆိုတာ ဖွက်ခြင်း ဂုဏ်ခံခြင်းသဘာထက်
သရော်ခြင်း ပျက်ရယ်ပြုခြင်းကို သီးမခံနိုင်လို့ ဆိုတဲ့ စိတ်က ပိုများတယ်
အဲ့ ဒီစိတ်ကနေ ကိုယ့် လေ့ လာအာထုတ်ခဲ့ ရတဲ့ ပညာရပ်တွေ (၀ါ)အကြောင်းအရာတစ်ရပ်အပေါ် အလေးအနက်ထား ချဉ်းကပ်လာသူတွေကိုလည်း ကိုယ်ကပြန်ပြီး အလေးအနက်ပြန်ရှိပေးခြင်တဲ့ စိတ်တွေ ဖြစ်လာတတ်ပြန်တယ်
ဒီလို အထိမခံရွှေနားရေးကြွေပန်းကန်ဖြစ်လာတဲ့ စိတ်ကို ပြန်ချွန်းအုပ်ရပုံက ကိုယ့် ဘ၀ရဲ့ အချိန်တွေအများကြီးပေးပြီး ခြေခြေမြစ်မြစ်သိအောင် အားထုတ်ယူခဲ့ ရတဲ့  မူလစိတ်ထားဟာ ဘာအတွက်ပါလဲ ကိုယ့် အတွက်ကိုယ်လား အများသူငါအကျိုးကောင်း တစ်စုံတစ်ရာ ရသွားစေခြင်တဲ့ စေတနာစိတ်လား ဆိုတာကို ပြန်သုံးသပ်ပြီး စိတ်ဖြေလျှော့ မှု့ တွေလုပ်ချလိုက်ရတတ်တယ်
ဥပက္ခာသဘောစိတ် မွေးရတာကတော့  ကိုယ်လေ့ လာအားထုတ်ခဲ့ ရတဲ့ ပညာရပ်တွေအကြောင်း (၀ါ) အကြောင်းအရာတစ်ခုခုအကြောင်းကို အပေါ်ရံသိသဘော (၀ါ)ကြားဖူးနားဝသဘော (၀ါ)ခြေခြေမြစ်မြစ် မသိပါပဲ အသားလွတ် စောင်းမြောင်းဝေဖန်ပုပ်ခတ်နေသူတွေကိုတော့  ကိုယ့် ကိစ္စမဟုတ် သူတို့ ရဲ့ သူတို့ လေ့ လာဘူးသလောက် သူတို့ အသိနဲ့ သာ ပြောဆိုကြခြင်းသဘောလောက်ပါပဲလို့ သာ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..