Powered By Blogger

Saturday, July 11, 2015

တပွဲတိုး

တပွဲတိုး
----
အဲ့ ကိစ္စမှာ ဗေဒင်ဆရာက သူ့ ဆရာ ဆိုတဲ့ အာစက် နဲ့ ပညတ်ကို တွေးပြီး အလွယ်တကူ ယတြာပေးလေ့ ရှိပြီး မေးသူကလည်း နဂိုကကို ဆရာ့ အပေါ် အားကိုးရင်းစိတ်ရှိလို့  ယတြာယူသွားလေ့ ရှိတယ်  အများအားဖြင့်  အဲ့ လိုတပွဲတိုးယတြာတွေ ပေးလိုက်ရသူတွေဟာ အလုပ်မဖြစ်လို့  ဆိုပြီး ပြန်လာလေ့ သိပ်မရှိကြဘူး ဒီတော့ အလုပ်ဖြစ်မဖြစ်က ပြောရခက်တယ် ပြန်လာကြပြန်တော့ ပထမ လာတုန်းက အခက်အခဲမျိုး မဟုတ်တော့ ပဲ နောက်ကိစ္စတစ်ခုပြောင်းပြီးလာတာမျိုးများတယ်



မုန့် ဟင်းခါး အရောင်းကျသွားလို့ ဆိုလာတဲ့ သူကို ဂန္ဒမာ ရိုးနဲ့ မုန့် ဖတ်တွေကို ခဏခဏရိုက်ခိုင်းလိုက်တာ ကွမ်းရွက်တွေ ရောင်းမကောင်းလို့ ဆိုလာတော့  ခရေကိုင်းနဲ့ ရိုက်ခိုင်းလိုက်တာ ဥနီ တွေ များနေလို့ ဆိုတော့ ပိတောက်ရိုးနဲ့ ရိုက်ခိုင်းလိုက်တာ ရှောက်သီးအကျန်တွေများနေလို့ ဆိုတော့  ဇီးကိုင်းနဲ့ ရိုက်ခိုင်းလိုက်တာ စသဖြင့် ပေါ့  အခြေခံကုန်တွေ တမယ်ချင်းတွေကို သူတို့ ပြောတဲ့  အသံနာမ်ကို ကိုယ့် ဟာကိုယ် စိတ်ထဲက ကောက်ချင်သလိုကောက်ပြီး စိတ်ထဲက ပေါ်လာတဲ့  ပစ္စည်း ပြောပြီး ယတြာ အလွယ်တကူပေးလိုက်တာပါပဲ ခိုးကူးခွေရောင်းမကောင်းလို့ ဆိုတာတောင် တူ အဖျားထုံးတို့  ခေါက်ပါဆိုပြီး ကြံကြံဖန်ဖန်ယတြာမျိုးက ခေါင်းထဲက တွေးမိပြီးပေါ်လာတာမျိုးတွေ...အဲ့ လိုတွေပေးလိုက်ရင်လည်း စိတ်ထဲကလည်း အလုပ်ဖြစ်မယ်ပဲထင်နေတာပဲ

အဲ့ လူတွေ အကုန်နီးပါးကလည်း ခဏခဏ လာနေမြဲပဲဆိုတော့  စိတ်ကပေါ်လာတွေ ပေးလိုက်တာ အကျိုးတော့ မဲ့ ပုံမရဘူးလို့ တော့ မှန်းဆရတာပါပဲ သဘောက တကယ် အလုပ်ခွင်သဘောမှ ယတြာတောင်းသူကို ရဲသာရဲ ကြံဖန်ပြီးတော့ ကို ယတြာတစ်ခုခုက ခေါင်းထဲရောက်ရောက်လာပြီး ပေးလိုက်တာမျိုးဖြစ်လို့  တပွဲတိုးယတြာတွေက ပုံသေမရှိသလိုပဲလို့ ဆိုရမယ်ပေါ့  အဲ့ ဒီ့ တပွဲတိုးယတြာတွေရဲ့ တကယ့် တွန်းအားက သူ့ အခက်အခဲကို ပြေလည်စေချင်တဲ့ စေတနာက
သူ့ ဆီကရမယ့် ဗေဒင်ဟောခ အပေါ်ကနေကျော်သွားတဲ့ သဘော ။  ငွေရေးကြေးရေးကဏ္ဍ မပါသလောက် စေတနာဖြစ်နေတာက ပြန်သတိထားမိလို့ ရတယ်ပေါ့ 
သူ့ ပစ္စည်းတွေ ရောင်းထွက်သွားလို့ သူတို့ စိတ်ချမ်းသာသွားပြီးရောဆိုတဲ့  စိတ်နဲ့  တပွဲတိုးယတြာတွေ အများကြီးပေးနိုင်တာမျိုးပေါ့

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..