-----------------
န၀င်းရိုက်တဲ့ ကစားကွက်တွမှာ အခေါ်အချုပ်က များများမရှိပါဘူး...ရှင်း၊ ကာ၊ ကာကု ၊ဖွင့်  ၊တြိစတု နင်းထွက်/ရောထိုင်၊ က အချုပ်ပါပဲ အဲ့ ဒါကိုပဲ စီနေရာတွေ အမျိုးမျိုးကို ရွှေ့  ရိုက်ပေးလိုက်တာပါ....
ဘယ်လိုစီနေရာရွှေ့ လဲကလဲ ပုံသေမှတ်ထားလို့ မရပါဘူး န၀င်းရိုက်ပေးနေကျ ဆြာအမည်ခံ (၀ါ) ဆြာလုပ်သူရဲ့ စိတ်လမိုင်းထဲမှာ ဘယ်လိုရိုက်ပေးလိုက်ရင် သင့် တော်မယ်ဆိုတာ အလိုလို သိလာပါတယ် ( ဆြာဘ၀ကို တကယ်ခံယူပြီး န၀င်းရိုက်ပေးရတဲ့ လူပေါင်းများလာရင် သိလာတာ)
ဒီမှာ ချရေးပြနိင်တာ က ဘေ့စစ်သဘောနဲ့ ယေဘူယျ သဘောလောက်ပါပဲ....
ရှင်း ဆိုတာ ဆောင်ပန်း နင်းကြမ်း ရိုက်တာကို ပြောတာပါ သောကြာသားကို နင်းကြမ်း ကြာသာပတေးနံ ပျဉ်းမနင်းစေပြီး ဆောင်ပန်း စနေနံ ထန်းလက်နက်ရိုက်တာပါ...ဆောင်ပန်းနင်းကြမ်းရိုက်တာက န၀င်းရိုက်တိုင်း မပါမပြီးဖြစ်ပါတယ်.. သူ့ အကျိုးက ညစ်ပတ်နေတဲ့ လိုကို ရေချိုးဆပ်ပြာတိုက်ပြီး ဖီးလိမ်းပြင်ဆင်ပေးလိုက်သလို ကံအညစ်တွေ သန့် ပြီး ကျော့ မော့ သွားစေတဲ့ သဘောပါ သက်ရောက် ၈ခွင်စလုံး ဒါနဲ့ အဓိကသွားရတာပါ..
ကာ ဆိုတာ အပေါ်က သောကြာသားကို ပျဉ်းမ နဲ့ ထန်း ဆိုတဲ့ ဆောင်ပန်း နင်းကြမ်း တစ်မျိုးထဲ န၀င်းရိုက်ပေးလိုက်တာကနေ မတွန့် စေရ အတွဲဖြစ်တဲ့  ပိတောက်ကို ထပ်ထည့် ရိုက်တာကိုပြောတာပါ ..အများအားဖြင့်  သက်ရောက်ဆိုး လစိတ်ဆိုးတွေမှာ ထည့် သုံးပေးတတ်ပါတယ်.......(န၀င်းရိုက်သူရဲ့ လမိုင်းစိတ်အရ မတွန့် စေရ ထည့် မှဖြစ်မယ်လို့ ဖတ်ကနဲ စိတ်ပေါ်လာရင်လည်း သက်ရောက် လစိတ်မရွေးထည့် သုံးပါတယ် ယေဘူယျအချုပ်ကတောါ အညံ့ သဘောယူဆရင်ထည့် သုံးတာပါ..ပြဿနာ မလာခင် ထည့် သုံးတာက ကာ တာဖြစ်ပြီး ပြဿနာဖြစ်ဆဲဆို ကု တယ် ဖြစ်သွားပါတယ်...ဒီမတွန့် စေရ အတွဲ ကိုပဲ ကာကု လို့ ပြောတာပါပဲဗျာ
ဖွင့်  ဆိုတာ တြင်းန၀င်းရိုက်တာပါ တြိစတု အတွဲ (သို့  ) အခွဲကို နင်းပြီး အညွန့် နဲ့ ရိုက်တာပါ သောကြာသားဆို သူ့ ရဲ့ တြိစတု ( တနင်္ဂနွေနံ+တနင်္လာနံ= အင်းကြင်း/အကျော်(အတွဲ)/ အုန်းလက်+ကံ့ ကော် (အခွဲ)ကိုနင်း အညွန့်  စနေနံထန်းလက်တွေနဲ့ ရိုက်တာပါ... တြိ+စတို+အညွန့် = ၃ခုပေါင်း န၀င်းဖြစ်ပါတယ်။ တြိစတု အတွဲက အင်အားပိုပြင်းပါတယ် အခွဲက အင်အားနဲနဲလျော့ ပါတယ်...ဒီတြင်းန၀င်းကိုတော့  လူ၁၀၀မှာ တစ်ယောက်တောင်ထည့် ရိုက်ပေးခဲပါတယ် အများအားဖြင့် တော့ တြိစတု အခွဲ နဲ့ ကံ ဖွင့် ယတြာအဖြစ် ထည့် ရိုက်ပေးလေ့ ရှိပြီး တြင်းန၀င်းကို တိုက်စစ် သဘောထိုးဖေါက်ထွက်တဲ့ သဘောတွေမှာသုံးတတ်ပါတယ် သက်ရောက်ဆိုးမှာတော့ သိပ်သုံးလေ့ မရှိပဲ သက်ရောက်ကောင်းမှ စသုံးတာမျိုးပါ....တြင်းန၀င်းအရိုက်ခံသူရဲ့ ပထမဆုံး ထင်ရှားချက်က စိတ်တအားမြန်လာတာကထင်ရှားလို့  တြင်းန၀င်း အရိုက်ခံသူကို စိတ်နဲနဲရှည်ဖို့  မှာရလေ့ ရှိပါတယ် တြင်းန၀င်းကို သူ့ ချည်း ရိုက်ပေး ပြူတင်းတံခါးကို ခြင်လုံဆန်ကာ မခံပဲ အကုန်လုံးဖွင့် ချလိုက်တာမျိုးနဲ့ တူပါတယ် ...ဒါကြောင့် ဂြိုလ်ဆိုးသမားကို တြင်းန၀င်းရိုက်ပေးလိုက်ရင် တံခါးအကုန်ဖွင့် ပေးလိုက်သလိုဖြစ်သွားပြီး ကားတိုက်ကံလေးနဲနဲ ရှိသူက ခပ်မြန်မြန်လေး ကားတိုက်ခံသွားရတတ်ပါတယ် အဆိုးသက်ရောက်မှာ အဆိုးကံတွေအရင်ပွင့် ကုန်တဲ့ သဘောပေါ့ 
ဒါတွေက သမားရိုးကျတွေပေါ့  သက်ရောက်ကောင်းကောင်ဆိုးဆိုး လစိတ်ကောင်းရင် ရှင်းရော ကာရော ကစားမယ် ဖွင့် ကလည်း ဖွင့် လိုက်ချင်သေး ဆိုရင်....ဘေးအကင်းဆုံးနဲ့  ကာဗာလုပ်ပြီး ကံဖွင့် ကစားကွက်က ...
၁။တြင်းန၀င်းကို အရင်ရိုက်တယ် ၊ ၂။ ပြီးရင် မတွန့် စေရကိုရိုက်တယ် ၊ ၃။ ဆောင်ပန်းနင်းကြမ်း ကိုရိုက်ပြီး ၊ ၄။ တြိစတုကို ဘယ်ညာ နင်းထွက်စေတာက တစ်နည်း...( ဖွင့် ကာရှင်း)
နောက်တစ်နည်းက ၁။ မတွန့် စေရ အရင်၊ ၂။ တြင်းန၀င်း ။ ၃။ ဆောင်ပန်းနင်းကြမ်း။၎ တြိစတု နင်းထွက်ပေါ့ .( ကာဖွင့် ရှင်း)
-------------
မတွန့် စေရကို နောက်ဆုံးမှ ထည့် ရိုက်တာကို တော်ယုံနဲ့  မသုံးပါဘူး သူက အချုပ်ဓါတ်သဘော အကာဓါတ်သဘာဖြစ်လို့ မတွန့် စေရကို နောက်ဆုံးကနေပိတ်ရိုက်တဲ့ အခါ လေဆိုးတွေဝင်မှာဆိုးလို့ ပြူတင်းတံခါးကို အကုန်ပိတ်လိုက်သလိုဖြစ်သွားပြီး လေဆိုးရောလေသန့် ပါ မ၀င် အလုံလွန်သွားတတ်လို့  လူရဲ့ စိတ်က အီလယ်လယ်ကြီးဖြစ်လာတတ်ပါတယ်
----------
သက်ရောက်ဆိုးဆိုး ကောင်းကောင်း ဘေးကင်းပြီး အပြီး အပိတ်ကာတာမျိုးလည်းမဟုတ် အကာလည်းပါနေပြီး လှုပ်ရှားလို့ လည်းရ ပုံမှနါလည်ပတ်နေတဲ့ ဇယားတွေကို အဆင်ပြေနေစေတဲ့ ကစားကွက်က
မတွန့် စေရ အရင် ပြီးမှ ဆောင်ပန်းနင်းကြမ်းရှင်းပေးလိုက်ပြီး တ်ြစတု နင်းထွက်စေတာ အများဆုံး သူံတဲ့ ကစားကွက်ပါ ...ကာရှင်းပေါ့ ...
အမှန်တော့  န၀င်းထိုင်ကတည်းက တြိ + စတု အခွဲံကို ဖင်အောက်မှာ ထည့် ထားပေးပြီူး န၀င်းထိုင်နေတုန်းက ကိုင်ထားတဲ့ ဘယ်ညာ လက်ကိုင် အညွန့် နဲ့ ရိုက်တာကို ကံအဖွင့်  သတ္တိလေးပါနေပြီးသားပါပဲဗျာ
----------
တြွင်းန၀င်း အဖွင့် ယတြာကို ထည့် သင့် မသင့် တို့  မတွန့် စေရကို ရှေ့ လား နောက်လားတို့  စသဖြင့်  စီနေရာချတဲ့ အခါ သက်ရာက်င်္တေလစိတ်တွေချိန်တာတင်မဟုတ်ပဲ န၀င်းထိုင်သူရဲ့ စီးပွားဟာ အလှုပ်လား အငြိမ်လားတွေ ဆေးသမားလားအရက်သမားလားသဘောတွေ သင်္ဘောတက်မှာပြည်ပလစ်လားသဘောတွေ ရောဂါသည်လား ဆေးရုံမှာလား သဘောတွေကို ချိန်ပြီး ကိုယ့် စိတ်က ဘယ်လိုစီနေရာချ ရိုက်ပေးရမလဲကို အလိုလို ဆုံးဖြတ်တတ်ပါတယ် အဲ့ ဆုံးဖြတ်ချက်က အများအားဖြင့် မှန်နေလေ့ ရှိပါတယ်ဗျား...
(အလိုလိုသိတွေကလဲ များလိုက်ထှာ...ငိငိ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..