Powered By Blogger

Saturday, July 11, 2015

ဒါလေးများပါးပါးလေးလို့ မဆိုရက် ဆိုရက်

ဒါလေးများပါးပါးလေးလို့ မဆိုရက် ဆိုရက်
-------------
ဘ၀ထိုထိုလူထိုထို သဘောတွေကို ဗေဒင်ဆရာဘွမှာ အများကြီးကြုံခဲ့ ရ ကြုံနေရတော့  စာတွေထဲကလောက် ချွေးသိပ်ဆေးသဘော စကားပြောရတာ မလွယ်ပါဘူး စာတွေကတော့ ဖတ်ကောင်းတာ များပါတယ်...အထူးသဖြင့် ယုံကြည်ရာ အယူဝါဒတွေက ထုတ်နှုတ်ထားတဲ့  စာကောင်းတွေကို ကိုးကားပြောရတာဟာ တစ်ခါတစ်လေ လူတွေအတွက် သူတို့ ရင်ဆိုင်နေရတဲ့  လက်တွေ့ ဘ၀မှာ အခက်အခဲရှိပါတယ်  ကိုယ်က သူတို့ လို ဘ၀တွေမကြုံဘူးတော့  မျှေ၀၀င်ခံစားပေးရတဲ့ နေရာမှာ ကိုယ့် ဘ၀ကိုယ့် အနေအထားကနေ ၀င်ပြောပေးသလိုဖြစ်တဲ့ အခါ အခြေအနေတွေက ဖြေဆည်ရာမရောက်ပဲ ဝေဒနာတွေကို ပိုးတိုးသွားစေသလိုမျိုးဖြစ်တတ်လို့  တစ်ချို့ ကိစ္စတွေမှာ ဘာမှ ၀င်မပြောတော့ ပဲ နားထောင်ပေးသူ သက်သက်သဘောသာ နေလိုက်ရတာမျိုးတွေလည်းရှိပါတယ်



မိဘကို ပြန်ကစ်တဲ့  သားဆိုးသမီးဆိုးတွေ အကြောင်း မိဘတွေကိုယ်တိုင်က လာရင်ဖွင့် သမျှထဲမှာ ထူးခြားအဖြစ် ၂ ခုက ကလပ်သွားဖို့ မုန့် ဖိုးမပေးလို့ ဆိုပြီး ဖအေ့ ညှို့ သဂျီးကို တုတ်နဲ့ ရိုက်ပစ်လိုက်တဲ့ သား အကြောင်း ဖအေကိုယ်တိုင် မျက်ရည်လည်ရွှဲနဲ့ လာပြောတာ ရယ် နောက်တစ်ယောက်က အေဒီလမ်းဘက်မှာနေတဲ့  ဘောစိ တက္ကသိုလ် အငြိမ်းစားဆရာမကြီးတစ်ယောက်ပါ

အဲ့ ဆရာမကြီး ရဲ့  အဖြစ်ကတော့ ကျနော့် အလုပ်သက်တမ်းမှာ အတုန်လှုပ်မိဆုံး အဖြစ်ပါပဲ မအေတစ်ခု သားတစ်ခုဖြစ်ပြီး သားက ၄၀ ၀န်းကျင်ရှိခဲ့ ပြီး သင်္ဘောသားဖြစ်ပါတယ် ကလေး မကျန်ခဲ့ တဲ့  အိမ်ထောင်ပျက်လည်းဖြစ်ပါတယ်..  သူ့ သားဆိုးသမျှကို အဲ့ ဆရာမကြီး ဖွင့် ချသွားတဲ့ အထဲမှာ ကြက်သီးထမတတ် ဖြစ်ရတဲ့  အကြောင်းက  သူ့ သားဟာ သူ့ ဘ၀ဟာ အရာရာ အဆင်မပြေဖြစ်နေရတာဟာ သူ့ အမေ ဘုရားရှိခိုးလို့ ဆိုတဲ့ စွတ်စွဲချက်နဲ့  အိမ်က ဘုရားစင်တွေရော ဘုရားရုပ်ပွားတော်တွေပါ ဖျက်ဆီး ယူချသွားပြီး အမှိုက်ပုံ သွားလွှင့် ပစ်လိုက်တဲ့  အထိ ဆိုးတဲ့ အကြောင်း အဲ့ ဒါကြောင့် အိမ်မှာ ဘုရားဝတ်တက်စရာ ဘုရားစင်လည်း မရှိတော့ သလို ဘုရားကိစ္စလုပ်ချင်ရင် သူ့ သား မရှိချိန်ခိုးလုပ်ရတဲ့ အထိပါပဲဆိုတဲ့ အကြောင်း အပြင်ဘုရားသွားမယ်ဆိုတော့ လည်း သူ့ သားက ခွင့် မပြုကြောင်းတွေ မျက်ရည်လည်ရွှဲတွေဖြစ်ရင်းက ပါလာချိန်မှာတော့  ဘာမှ ဧည့် ထောက်ခံပြန်ပြောပေးဖို့ စကားလုံးတွေ မရှိတော့ ပါဘူး ဘာယတြာမှလည်း မပေးတတ်တော့ အောင်ဖြစ်သွားခဲ့ ပါတော့ တယ်...အဲ့ ဆရာမကြီင်္းကလည်း ယတြာထက် သူ့ ဘ၀ကို လာရင်ဖွင့် ယုံလေးဖြစ်လို့ ယတြာကိစ္စအရေးတကြီးမဖြစ်တာပဲ တော်သေးလို့ ဆိုရမှာပါ

လောကထဲမှာ ကိုယ် တွေးတောင် မတွေးဝံ့ တဲ ဒါမျိုးလူတွေ ရှိလိမ့် မယ်လို့ မတွေးဘူးတဲ့ လူ့ ဇာတ်ထုတ်အမျိုးမျိုးတွေကို ဗေဒင်အလုပ်မှာ အများဆုံးကြားနာရတဲ့ သဘောရှိတတ်လို့ တစ်ခါတစ်လေ ကိုယ့် ဆီလာတဲ့ သူတစ်ချို့ ရဲ့  သူတို့ အတွက်တော့ ဆိုးလှပြီထင်တဲ့  အဖြစ်ဆိုးတွေဟာ သူတို့ ထက် အဆပေါင်းများစွာဆိုးတဲ့ အဆိုးတရားတွေကို ကြားနာခဲ့ ရတဲ့ ကျနော်တို့ အတွက်တော့  ဒါလေးများပါးပါးလေးလို့ တောင် ထင်မိသွားတတ်လို့  ပေါ့ ပေါ့ ဆဆလို အမူအယာမျိုး ဖြစ်သွားတတ်တာကို တစ်ခါတစ်ခါ မေးသူ မရိပ်မိအောင် ဘရိပ်ပြန်အုပ်ထားလိုက်ရတတ်ပါတယ်ဒါကြောင့် တစ်ခါတစ်ခါ အဆိုးတရားတွေအကြောင်းကြားလိုက်ရင် ပါးပါးလေးပါ သူ့ ထက် ကမ်းကုန်ဆိုးတဲ့ သူတွေတစ်ပုံကြီးပါ လို့ တွေးပြီ စိတ်ဖြေလျှော့ လိုက်နိုင်တာမျိုးပုံစံနဲ့ လည်း နေတတ်လာပါတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..