၀၀၀၀၀၀
ကျနော်က ကိုယ့် စိတ်ကူးအတိုင်းသာ အများအားဖြင့် ယတြာလုပ်လေ့ ရှိပါတယ် ဆိုလိုတာက ဆရာဒါဆိုဒါနဲ့ ရပ်မနေတတ်တာ စာအုပ်ကြီးအတိုင်းသာ လုပ်နေတာမျိုးမဟုတ်ဖူးလို့  ဆိုလိုတာပါ
လူတစ်ယောက် အတွက် မတွန့် စေရ အညွန့် ထိုးသင့် တယ်လို့  ယူဆဆိုရင် ပုံမှန်မှာ သူ့ မဟာဘုတ်နဲ့  မွေးနံနဲ့ တွဲပြီး အသန့် ဆုံး မတွန့် စေရ တစ်တွဲကို လှုပါလို့  ယတြာပေးတာမျိုးက စာအုပ်ကြီးအတိုင်းပေးနည်းပေါ့ ဥပမာ ၁ကြွင်းသောကြာသား ရာဇဖွား ဆို အလယ်တွဲ လို့ ခေါ်တဲ့ အမြစ်အညွန့် မတွန့် စေရ ပိတောက် ၁၂ညွန့်  က အသန့် ဆုံး အတွဲအဖြစ်လှုစေတာမျိုးပေါ့ 
တစ်ခါတစ်လေမှာ စိတ်ကနေ ဒီတစ်တွဲလောက်နဲ့  သူ့ ပုံစံက မလုံလောက်ဘူး ထင်ရင် မတွန့် စေရ ၂ တွဲ ကနေ သုံးတွဲစလုံး လှုထားစေတာမျိုးပေးချလိုက်တတ်ပါတယ်... သောကြာသား ရာဇဖွားကို ပိတောက် ၁၂ ညွန့်  + ဇော်ကြား ၅ ညွန့်  လှုပါ ဆိုတာမျိုးက မတွန့် စေရ ၂ တွဲကို တစ်ပြိုင်နက်ထဲ လှုခိုင်းတဲ့ သဘောပေါ့  ပိုချုပ်အား ကာအား ပြင်းအောင်ပေါ့ 
သောကြာသား ရဲ့ တတိယမြောက် မတွန့် စေရ အတွဲက ဟူးနံ+ တနင်္ဂနွေနံ= ၀င်အူ ပါ အဲ့ ဝင်အူ ဆိုတာကို အများစုက ကြားတောင်မကြားဖူးတတ်ပါဘူး ဒီတော့  ၀င်အူ ကို အကြံအဖန်လုပ်ပုံက...
အတာအိုးအရွယ်ခန့် မြေအိုး အနေတော်လေးမှာ ရေ ၁၇ခွက်ထည့် ပါ ဒါဆို ၀င်အူ=ရေအိုး စဖြစ်ပါပြီ.( သဲ ၂၁ ဆုပ်ထည့် ရင် သဲအိုး= သင်အူ ပေါ့ )..ပြီးရင် ရေအိုးထဲမှာ ရွက်လှ ၁၇ ရွက်ထည့် စေပါတယ် (ဟူးနံ ဆောင်ပန်း( ပြီးရင် အိုးဖင်အောက်မှာ အုံး ၆ ညွန့် ခံလိုက်ပါလို့ မှာလိုက်ပါတယ် ဒါဆို သစ်ရွက်အစစ်တွေပါတဲ့  ၀င်အူသဘော အိုးဖင်အောက်မှာ အုံး ၆ ညွန့် ခံ ထားပြီး အိုးထဲမှာ ရေ၁၇ ခွက်နဲ့ ရွက်လှ ၁၇ ရွက် ထည့် ထားတဲ့  တတိယမြောက် မတွန့် စေရ ကာဗာအတွဲရပါပြီ..
အဲ့ အိုးထဲမှာမှ ပိတောက် ၁၂ညွန့်  + ဇော်ကြား ၅ ညွန့် ကို ရွက်လှ ဘေးကနေ ထပ်ထည့် လိုက်ရင် သောကြာသားသမီးတွေ အတွက် မတွန့် စေရ အတွဲ သုံးတွဲ ယတြာကာဗာတစ်ခု ရသွားပါတော့တယ်..
တော်ယုံနဲ့ တော့ မပေးပါဘူး ချုပ်အားပြင်းလို ပါ အသည်းအသန်ဖြစ်ပြီး အသက်လုနေရတဲ့ လူနာမျိုးတွေ အိမ်ကို အလွန်အကျွံ ဒုက္ခပေးနေတဲ့  ဆေးသမား အရက်သမားတွေကို ချုပ်တဲ့ အခါမျိုးတွေမှာ တစ်ခါတစ်လေသုံးလေ့ ရှိပြီး အများအားဖြင့်  မတွန့် စေရ ကို ၂တွဲလောက်သာ သုံးလေ့ ရှိပါတယ်..
ယတြာနဲ့  အိမ်သားတွေ အပေါ် သိပ်ဆိုးနေတဲ့ လူတစ်ယောက်ကို ချုပ်တဲ့ နေရာမှာ သူ့ မိသားစုက ငြိမ်သွားအောင် ချုပ်ပေးပါလို့ တောင်းဆိုလာတိုင်းလည်း လုပ်ပေးလို့ မဖြစ်ပါဘူး သက်ရောက်တွေဘာတွေ ချိန်ဆရပါတယ်...ဓါတ်တွေရဲ့ ချုပ်ခြင်းသဘောရဲ့ ပထမဆုံးတာဝန်အဖြစ် ဓါတ်သက်ရောက်ပုံက အဲ့ သောင်းကြမ်းလွန်းနေတဲ့ ဆေးသမား အရက်သမား အသက်မသေအောင်ပါ.....ဒီတော့ မတွန့် စေရ သုံးတွဲစလုံးကို ချသုံးလိုက်တဲ့  အခါ ဓါတ်က အဲ့ သောကြာသားကို သွားချုပ်ပါတယ် ဒါပေမယ့်  အဲ့ သောကြာသားက မငြိမ်ပဲ ဆက်သောင်းကြမ်းနေရင်တော့  အမှု့ သေးတစ်ခုခု ဖြစ်စေလိုက်ပြီး အချုပ်ခဲ ယာယီထည့် ထားလိုက်တာ ဒဏ်ရာ အသေးစားတစ်ခုခု ဖြစ်စေလိုက်ပြီး အိပ်ယာထဲ တစ်လလောက် လဲနေတာ မျိုးတွေဖြစ်သွားတတ်ပါတယ်
ဓါတ်သဘောက စိတ်ကိုထက် ဘော်ဒီကို ပိုချုပ်နိုင်တဲ့ သဘောပေါ့ .. အဲ့ ဒီလို မနိုင် နိုင်တဲ့ ဘော်ဒီကို ချုပ်ချလိုက်လို့  ဂျေးခဏအောင်း သွားရင် အဲ့ သောကြာသားရဲ့ မိသားစုတွေက ယတြာခြေမှ အချုပ်ကျရတော့ တယ်လို့  အထင်မှားသွားနိင်လို့  သုံးတွဲစလုံး သုံးရင် သက်ရောက်တွေချိန်သင့် ရင်ချိန်ရတယ်ပေါ့ ဗျာ...ဥပမာ စနေသက်ရောက် စနေလစိတ်မှာ လုပ်လို့ သိပ်မကောင်းဘူးဆိုတဲ့ သဘောပေါ့ 
လစိတ်ကောင်းရင်လုပ်ပေးလို့ လွယ်တယ်ပေါ့ 
အဲ့ လို ယတြာထွေလီကာလီတွေ မျိုးစုံ စွန့် စား ကစားခဲ့ တာတွေ များလို့ ဓါတ်ယတြာတွေဟာ ရုပ်ဘော်ဒီကို အရင် ဓါတ်သက်တိုးတယ်လို့  ရိပ်မိလာတာပါပဲဗျာ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..