Powered By Blogger
Sunday, July 12, 2015
အထက်အကြီးအကဲနဲ့  အဆင်ပြေခြင်လို့ 
အထက်အကြီးအကဲနဲ့  အဆင်ပြေခြင်လို့ 
----------
အဆင်မပြေလို့ လာတဲ့ သူပေါ့ ဗျာ....ဘာကြောင့် အဆင်မပြေလဲကိုတော့ ဒီအီးပီအီးထိုင်မနေပါဘူး ဟီးးအရေးကြီးတာက ဒါမျိုးလာသူအများစုဟာ အတော်လေးညစ်နေလို့  ရှောင်ကလည်းရှောင်မရလို့ ဆိုတာ ကျနော်တို့ က နားလည်ပေးထားရတယ် ပြီးတော့ လတ်တလော အကြောညက်သွားအောင် တပွဲတိုးယတြာပါ ပေးကိုပေးရလိမ့် မယ်ဆိုတာပါ တွေးကိုတွေးထားပေးရတယ် နောက်မှ နဘမ်းထသတ်သတ်ပေါ့ 
အခုပေးတဲ့ ယတြာက အများကြီးကိုပေးခဲ့ တဲ့ စတိုင်ပါ လတ်တလောတော့  အကြီးအကဲရဲ့ ဖိအားဒဏ်တွေ အရစ်ဒဏ်တွေအောက်ကနေ အသက်ရှုချောင်သွားလေ့ ရှိပါတယ် ဒီစတိုင်ကို နည်းမှီလို့ ရအောင် ရေးပြလိုက်ပါတယ်...
၈၁ ဖွား ၆ကြွင်းစနေသားဖြစ်ပြီး အခုရာဟုထဲမှာပါ....၊  သူ့ ကို ရစ်နေတဲ့ အထက်လူကြီးအမည်က ဘယ်လိုခေါ်လဲလို့ မေးတော့  ဦးဌေးနိုင်လို့  ပြောပါတယ် ( ဒီဟာ ဒီယတြာမှာ %ပြည့် အရေးကြီးတဲ့ အချက်ပါ အရစ်ရဲ့ အမည်မသိရင် ပေရှည်တဲ့ ယတြာတွေနဲ့ သွားရမှာမို့ ပါ)
ဒီတော့  ယတြာပေးပါပြီ..
၁။ တနင်္လာ၊ အင်္ဂါ၊သောကြာ၊စနေ ၊ တစ်ရက်ရက် တစ်ပါတ်မှာတစ်ကြိမ် နီးစပ်ရာဘုရားဝင်သွားပါ  ကိုယ့် မွေးနံ( အရစ်ခံနေရတဲ့ စနေသားမွေးနံ)..ထောင့် ကနေစပြီး ကိုယ့် မွေးနံထောင့် ပြန်ဝင်အထိ ဂြိုလ်ထောင့် တိုင်းမှာ မာလကာ ၁ ရွက်စီ ဘုရားအိုးထိုးလှုသွားပါ  စနေထောင့် အစ စနေထောင့် အဆုံးဖြစ်လို့  အာလုံး မာလကာရွက် ၉ ရွက်ကုန်ပါမယ် ( အရစ်ခံနေရတဲ့ စနေသားကို ကာဗာစချလိုက်တာ)
၂။ အိမ်ဘုရားမှာလဲ အဲ့ ရက် ၄ ရက်ထဲက တစ်ရက်ရက်မှာ ဖန်ခွက်သပ်သပ်နဲ့ ရေထည့် ပြီးမာလကာ ၇ ရွက်ထည့် ဘုရားလှုထားပါ တစ်ပတ်လောက်မှာတစ်ခါအသစ်လဲလဲပေးပါ ( ဒါက အိမ်မှာပါ ကာဗာထပ်ချထားလိုက်တာ ကာဗာအားပိုကောင်းအောင်)
( ဒီ အပေါ်က ယတြာ၂ မျိုးကို ၃ပတ် (သို့ )၅ပတ်ဆက်တိုက် လုပ်ပါလို့ စမှာပါတယ် ( ယတြာအစွမ်းပိုကောင်းအောင်ပါ).....( ပြည်ပသားတွေထက် ဗမာပြည်သားတွေအတွက်တော့ အပြင်ဘုရားသွားရတာတော့ အဆင်ပြေမှာပါ)  ပြီးတော့  ဘာအကြွင်းနဲ့ မွေးတဲ့ စနေသားဖြစ်စေ မတွန် စေရ ပေးဖို့ လိုပြီဆိုတဲ့ အခါ အလွယ်ဆုံးရနိုင်တတ်တဲ့ မာလကာ ကို အရင်သုံးလေ့ ရှိပါတယ် ၂ကြွင်းမွေးမဟာဘုတ် စနေ ရာဇဖွားအတွက် ကြာသာပတေးနံ ဆိုတာ မရဏနံ ဘာညာဆိုတာမျိုး ဘာဆိုက်အဖက်မှ မရှိပါဘူး (မွေးနေ့ နံကိုသာ အဓိကထားသုံးတာပါ)
၃။ အပြင်နဲ့ အိမ် ကာဗာ ၂ ခုချပြီးတဲ့ အခါ...(က) မနက်တိုင်းရေချိုးရင် မာလကာ ၁ရွက်ရေစိမ်ပြီးချိုးသွားပါ (တစ်ပတ်ဆယ်ရက်လောက်ပေါ့ ) လို့ မှာပါတယ် ( ထပ်ပြီး ကာဗာချတာ)
၎။ လူမှာပါ မာလကာ ၁ ရွက် ဆောင်ထားပါ တစ်ပတ်တစ်ခါအသစ်လဲပေါ့  ၃ပတ်လောက်ပေါ့ လို့ မှာပါတယ်  ( လူမှာပါ ထပ်ကာဗာချတာ)
၅။ (အရေးအကြီးဆုံး ကဏ္ဍပါ)...သူ့ ကိုရစ်သူ အကြီးအကဲအမည်က ဦးဌေးနိုင်လို့ ပြောပါတယ် ဒီတော့  နို့ တစ်ခွက်ထဲကို ထန်းလျက်တစ်လုံးစိမ်လိုက်ပါ (ဌေးနိုင်ဆိုတာ စနေနံ ၂ လုံးထပ်နေလို့  နို့  နဲ့ ထန်းလျက် စနေနံအစားအစာကို စီရင်လိုက်တာပါ)...ဘေးနားက အာလူးကြော်နဲနဲက တစ်ပန်းကန်ပေါ့  ( ဒါက ''အလုပ်''ရဲ့ ပညတ်ကို အာလူးကြော် အဖြစ်ယူလိုက်တာပါ စနေရဲ့ ဓါတ်မိတ်အဖြစ်အဓိကမဟုတ်ပါဘူး ၇နေ့ သားသမီးစလုံးအတွက် တပွဲတိုးပညတ်အသုံးပါ)
   အဲ့ ဒီ့ ထန်းလျက်တစ်လုံးစိမ်ထားတဲ့  နို့ တစ်ခွက်နဲ့ အာလူးကြော် နဲနဲ တစ်ပန်းကန်ကို မနက်တိုင်း ဘုရားကပ်ပါ တစ်ပတ်ဆယ်ရက် ဆက်တိုက်ကပ်ပါ ( ဆုတောင်းကလည်း ၀မ်းတားဂက်ပါပဲ = '''အထက်အကြီးအကဲ ဦးဌေးနိုင်နဲ့ အဆင်ပြေပါစေ မရစ်ပါစေနဲ့ အလုပ်ခွင်မှာ အန္တရာယ်ကင်းပါစေ အလုပ်လည်းကောင်းပါစေ ''') လို့  သာ ဆုတောင်းပါလို့ မှာလိုက်ပါတယ် ( ထီပေါက်ပါစေ ရာထူးတိုးပါစေစသဖြင့် ပစ်မှတ် ဆုတောင်းတွေနဲ့ မဆိုင်ဘူး ဒါက ပစ်မှတ်တစ်ခုအတွက်သီးသန့် ယတြာသဘောပါ)
ပါ ဒီယတြာမျိုးတစ်ခုထဲကိုလုပ်လို့ ရတယ်ပေါ့ ) (ဒီယတြာဟာ ဓါတ်တူနံတူဆေးကိုယူကနေ ဖြစ်လာတဲ့ ယတြာပါပဲ..ပြီးတော့  ကက်ကင်းရိုက်ချင်ရိုက်မယ် ဒျဲာ့ ဖြစ်ချင်ဖြစ်ပါမယ် အမည်အနေအထားအလိုက် အလျင်းသင့် သလိုတွေးတောပြီးပေးချလိုက်တာပါ ပုံသေမရှိပါဘူး...ဆိုပါတော့  ခင်စိုး ဆိုရင် ကန်းစွန်းရွက်စတိကြော်ဖြစ်ချင်ဖြစ်မယ် ရယ်ဒီမိတ် ကြာဆန်ဆီချက် ဖြစ်ချင်ဖြစ်ပါလိမ့် မယ် ဒါက ဗေဒင်အကြံသဘော ဖြစ်ပါတယ်
၆။ စလုံးဆေးရုံက ဗမာပြည်သား ဆရာဝန်သူငယ်ချင်းကို ဆေးရုံ ဘဇ်နက်ရုံးခွဲက အကြီးအကဲ မစ္စက် တန် ဆိုတဲ့  စလုံးမနဲ့  ငြိနတုန်းက သူငယ်ချင်းကို အဲ့ စလုံးမအမည် ရွတ်ပြီး နို့ တစ်ခွက်သာမနက်တိုင်းကပ်သွားကြည် ပါဆိုပြီး ပေးတဲ့ ယတြာမျိုးပါပဲ
၇။ တစ်ရုံးလုံးနဲ့ အဆင်မပြေပါဘူးလို့ ဆိုလာရင်တော့  ဆိုလာသူမွေးနံရဲ့  ရှိသမျှ မတွန့် စေရ နံတွဲ အရွက်တွေ အာဟာရ အစားအစာနံတွဲတွေသာ ပေးချလိုက်ပါတော့ ဗျာ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..