သင်းချိုင်းကုန်းမှာ
----
ပုခက်တွင်းကနေ မူကြိုအရွယ်ကြားခေးတွေ အနိစ္စရောက်တာ တွေ့ ရရင် ပုံမှန်ထက် ရင်ထဲမကောင်း ဖြစ်ဖြစ်သွားတယ်...
ကျနော့် အောက်မှာ နှစ်နှစ် မပြည့် ခင် ကွယ်လွန်သွားခဲ့  ညီလေး တစ်ယောက် ရှိခဲ့ တာကိုး
အဲ့ တုန်းက ဆေးပညာကလည်း အသိမကြွယ်သေး ရုန်းကန်နေရဆဲမိသားစုတွေ မို့  ညီလေးဟာ ဆေးပေါင်းခသလို
ဖြစ်ခဲ့ ရတယ် အတွင်းတက် တက်သွားရင် တော်တော်နဲ့ ပြန်မကျတတ်ဖူး...မောင်နှစ်မတွေထဲမှာ ရုပ်အဖြောင့် ဆုံး
အသားအဖြူဆုံးလေးမို့  ညီလေးဆုံးတော့  အားလုံး ယူကျုံးမရပါပဲ.......
မိသားစုလိုက် ဘ၀ဖြတ်သန်းမှု့ မှာ ( ကြုံရတတ်တဲ့  ) ကြုံခဲ့ ရတဲ့  ရင်နာစရာကောင်းတဲ့  အကြောင်းတွေမှာ ဆေးကု စားရိပ်တောင်
လိုက်ချေးငှားခဲ့ ရတဲ့ သဘောတွေလဲပါတယ် ဆင်းရဲတာ သိပ်ကြောက်စရာကောင်းတာပဲ ဆိုတာ အဲ့ ကတည်းက အသိဝင်ခဲ့ တယ်ပေါ့ လေ..
ညီလေးက မွေးကတည်းက ချူခြာလွယ်တဲ့ ခေးလေးဖြစ်ခဲ့ တယ် မိသားစုကနေ နှစ် နှစ်မပြည့် ခင် ခွဲခွာသွားတော့  တိုင်းရင်းဆရာတွေက
ရောဂါခေါင်းစဉ်တပ်တာက သူငယ်နာကျဗဟုံး ဆိုလားဘဲ....အဲ့ တုန်းက ညီလေးကို ကြံတော သင်းချိုင်းကုန်းပို့ တော့  ဆိုင်းနဲ့ ဝိုင်းနဲ့ ပို့ ကျတာ
ငိုလိုက်ကြတာ ငိုလိုက်ရတာလေ ဘာပြောကောင်းမလဲ
အမေဆိုတာ ပဋာမြေလူးပဲ...ညီလေးက ချောကလဲချော ဖြူကလဲဖြူနဲ့  ပိုးမွေးသလို မွေးခဲ့ ရ ( ပိုးမွေးသလို မွေးခဲ့ ရတယ်ဆိုတာ
အမေပြောခဲ့ တဲ့ စကားလေးပါ) .. ခလေး ဆေးစားရိပ် ပြတ်သွားလို့  အမျိုးအိမ်တွေ မျက်နှာအောက်ချပြီး လိုက်ချေးခဲ့ ရ ဒီညီလေးအတွက်
အတော်ကြီးကို အားစိုက်ခဲ့ ရတာ လွန်သွားချိန်မှာ ပကတိ အိပ်ပျော်နေသလိုပါပဲ ငယ်ဘ၀အကြောင်းတွေ အားလို့ ပြန်တွေးးရင်
အဲ့  လွန်သွားတဲ့ ညီလေးကို တစ်ခါတစ်ခါ သတိရမိတယ်...။
သင်ချိုင်းကုန်းမှာ ဆိုတဲ့  ငယ်စဉ်က ဖတ်ရတဲ့ စာ လို သုဿန်ဆိုတဲ့  လုပ်တိုင်းကုန်းဆိုတဲ့  သင်းချိုင်း ဆိုတဲ့ အကြောင်း
အက်ဆေးတွေ ရသစာလေးတွေ တွေ့ လိုက် ဖတ် လိုက်ရင် ကိုယ့် ရဲ့  ချစ်ခင်ရတဲ့ သူတွေ ခွဲခွာသွားတာတွေ သတိရမိပြီး
ခံစားမှု့ တွေ တစ်မျိုးဖြစ်ဖြစ်သွားတတ်တယ် သံယောဇဉ်ဆိုတာ ဒီလိုပါပဲ ထိထိရှရှ ကြေကြေကွဲကွဲ နဲ့ 
ရင်နဲ့ အမျှ အဖြစ်တွေလည်း ကြုံရတာပါပဲ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..