'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, March 22, 2016
ငါးဗြေမ ဂီတဆရာ နဲ့  စာတွေကပေးတဲ့  စိတ္တဇ
ငါးဗြေမ ဂီတဆရာ နဲ့  စာတွေကပေးတဲ့  စိတ္တဇ
----------
ကျော်ကြားတဲ့  ဂန္တ၀င်မြောက် စန္ဒရားဆရာ တစ်ယောက်ဟာ အရွယ်ကောင်းအချိန်မှာပဲ ရုတ်တရက် သွေးတိုးပြီး ကွယ်လွန် သွားရှာတယ်...ယူကျုံးမရပါပဲ
အဲ ပြဿနာက ဘာဖြစ်ကျန်ခဲ့ လဲဆိုတော့  အဲ့ လို သွေးရုတ်တရက် ဆောင့် တိုး မကွယ်လွန်ခင်လေးတင်က ကျော်ကြားတဲ့  ဓါတ်ရှင် မင်သမီးရဲ့  အလှုတစ်ခုမှာ
ငါးဗြေမ ဟင်းလျားနဲ့  ထမင်းစားခဲ့ တယ်လို့  သတင်းတွေက ပါလာတယ်.သဘောက ငါးဗြေမ ဟင်းလျားက သွေးတိုးအခြေခံရှိသူတွေနဲ့ မတည့် သလိုလို
ငါးဗြေမ စားရင် သွေးတိုးတတ်သလိုလို တွေ အသိစိတ်မှာ ဖြစ်ကျန်ခဲ့ တယ်.
အဲ့ စိတ္တဇက အိမ်မှာ ငါးဗြေမ ဟင်းချက်တိုင်း စားပြီး ဆေးသောက် ဖြစ်ခဲ့ တော့ တာပါပဲ....ငါးဗြေမဟာ သွေးတိုးမတိုး အသေအခြာ မသိပေမယ့် 
သတင်းတွေ စာတွေအလိုအရ ငါးဗြေမဟင်းကို စားခါနီးတိုင်း စားပြီးရင် သွေးတိုးတော့ မှာလားဆိုတဲ့  စိတ္တဇ တော့  ၀င်သွားခဲ့ ပြီ.......
ဟုတ်သောရှိ မဟုတ်သောရှိ ငါးဗြေမ ဟင်းစားပြီးတာနဲ့  သွေးကျဆေးကို ကြိုသောက်တဲ့  ဘ၀ဖြစ်လာတယ်....စာတွေရဲ့  စကားတွေရဲ့  လွှမ်းမိုးမှု့ ဆိုတာ အဲ့ လောက်တာသွားတယ်လေ........။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..